နှစ် ၅၀ လုံးလိုင်စင်မရှိဘဲကားမောင်းပြီး၊ ယာဉ်တိုက်မှုဖြစ်မှ အဖမ်းခံလိုက်ရတဲ့ ၇၆ နှစ်အရွယ်အမျိုးသား

Yokohama မြို့မှာ ခန့်မှန်းချေနှစ် ၅၀ လုံးလုံးလိုင်စင်မရှိဘဲ ကားမောင်းနေတယ်လို့ထင်ရတဲ့ အသက် ၇၆ နှစ်အရွယ်အမျိုးသားတစ်ဦး ယာဉ်တိုက်မှုဖြစ်ပြီးအဖမ်းခံလိုက်ရပါတယ်။

https://news.tbs.co.jp/newseye/

ကျန်ခဲ့တဲ့ ၂၈ ရက်နေ့က၊ Yokohama မြို့ရဲ့ လမ်းဆုံတစ်ခုမှာ ယာဉ်ငယ်တစ်စီးနဲ့စက်ဘီးတို့တိုက်မိတဲ့ မတော်တဆမှုဖြစ်သွားခဲ့ပြီး၊ စက်ဘီးစီးလာသူမိန်းကလေး သိပ်ပြီးမပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့ပါတယ်။

ရဲတွေဟာ ယာဉ်မောင်းနှင်လာတဲ့ အသက် ၇၆ နှစ်အရွယ် သံသယရှိသူ Katsuji Abe ကိုလိုင်စင်တောင်းတဲ့အခါ မပြနိုင်တဲ့အတွက်၊ ယခင်ကတည်းကလိုင်စင်မရှိဘဲယာဉ်မောင်းတယ်ဆိုတဲ့သံသယနဲ့ ဖမ်းဆီးသွားပါတယ်။
ရဲတွေရဲ့ပြောဆိုချက်အရ၊ သံသယရှိသူ Abe ဟာ “ လိုင်စင်က ကျွန်တော်အသက် ၂၀ အရွယ်တုန်းကအသိမ်းခံလိုက်ရတယ်” လို့ပြောလာပေမဲ့၊ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ မတိုင်ခင်ကမှတ်တမ်းကိုပြန်ရှာကြည့်တဲ့အခါ ဘာအထောက်အထားမှမရှိတာကိုသိလိုက်ရပါတယ်။

ရဲဌာနဟာ သံသယရှိသူ Abe ကဒီတစ်ခေါက် အလုပ်ကနေပြန်လာရင်းနဲ့ယာဉ်တိုက်မှုဖြစ်ပြီးမှပဲ နှစ် ၅၀ လုံးလုံးလိုင်စင်မရှိဘဲကားမောင်းနေတာဖြစ်နိုင်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

 

Japo Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: