ငှက်ကလေးတွေကို အနွေးထည်ချုပ်ပြီးဝတ်ပေးထားတဲ့ အမည်မသိသူတစ်ဦး

Enoshima မြို့တွင်နေထိုင်သူ ဂျပန်လူမျိုး twitter အကောင့်ပိုင်ရှင်တစ်ဦးUni (@unikoooo_1105) ဟာ သူ့ရဲ့ချစ်စဖွယ်ဓါတ်ပုံလေးတွေကို twitter စာမျက်နှာပေါ်တင်လာခဲ့ပါတယ်။
ပုံလေးတွေကတော့..

ချစ်စရာအနွေးထည်လေးကိုယ်စီနဲ့ ငှက်ကလေး ၄ ကောင်..

https://grapee.jp/en/

ဒီငှက်ကလေးတွေကို Enoshima မြို့ထဲတစ်နေရာရှိ ကားကိုပါကင်ထိုးဖို့လုပ်ထားတဲ့တန်းလေးတစ်ခုရဲ့အပေါ်မှာ အလှဆင်ထားတာဖြစ်ပါတယ်။
အဲ့ဒီငှက်ကလေးတွေရဲ့နာမည်ကိုတော့ “Pikori-no” လို့ခေါ်ပါတယ်။

တစ်နေ့ Uni ဟာသွားလာရင်းငှက်ကလေးတွေကို သတိထားကြည့်မိလိုက်တဲ့အခါမှာတော့၊ တစ်စုံတစ်ယောက်ဟာငှက်ကလေးတွေအတွက် အင်္ကျီချုပ်ထားပေးတာကိုတွေ့လိုက်ရတယ်။
လာမယ့်အလွန်အေးတဲ့ဆောင်းရာသီကာလအတွင်း ဒီငှက်ကလေးတွေကိုကာကွယ်ဖို့၊ တစ်စုံတစ်ယောက်ဟာကြင်နာစွာနဲ့ ငှက်ကလေးတွေအတွက် ဆောင်းရာသီအနွေးထည်နဲ့ဦးထုတ်သေးသေးလေးတွေ သိုးမွေးထိုးထားပေးပုံရပါတယ်။

အသက်မဲ့အရုပ်လေးတွေဖြစ်ပေမဲ့ သူတို့လည်းအသက်သာရှိရင်ချမ်းတတ်မှာပဲတွေးမိပြီးလုပ်ပေးတာများလားမသိဘူးနော်..စိတ်ကူးလေးကလည်းချစ်စရာကောင်းပါတယ်..
ဒီငှက်ကလေးတွေက Kanagawa စီရင်စုရဲ့ Enoshima ကျွန်းမှာရှိပါတယ်။
Enoshima ဆိုတာကတော့ Kanagawa စီရင်စုရဲ့ Shōnanကမ်းခြေရှိကျွန်းငယ်တစ်ခုပါ….
အရင်ကလည်းငှက်ကလေးတွေအတွက် ဒီလိုချုပ်ပေးတာမျိုးရှိခဲ့တယ်လို့ ဆိုပါတယ်။

 

Japo Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: