ကောင်းတယ်၊ဆိုးတယ်ရယ်လို့မဟုတ်ဘဲ၊ ဂျပန်ယဉ်ကျေးမှုထဲကတစ်ခုလိုဖြစ်နေတဲ့ ယာကူဇာဆိုတာကို လောကကြီးမှာမသိတဲ့သူခပ်ရှားရှားပါပဲ။
ဒါရိုက်တာ Takeshi Kitano ရေးဆွဲထားတဲ့ကမ္ဘာမှာလည်း ယာကူဇာရဲ့လောကဟာကျယ်ပြန့်ပြီး၊ အဲ့ဒါရဲ့လွှမ်းမိုးများရှိနေမလား?
ဂျပန်ယာကူဇာရဲ့ကြောက်စရာကောင်းတဲ့ပုံရိပ်ဟာ ပိုမိုအားကောင်းလာပါတယ်။
ယခင်ရာကူဇာတွေဟာ မကောင်းတဲ့ဘက်အခြမ်းရော၊ ကောင်းတဲ့အခြမ်းမှာပါ ၂ ဖက်လုံးမှာအညီအမျှနဲ့ လူ့အဖွဲ့အစည်းထဲမှာ ရောနှောနေခဲ့ပါတယ်။
ဥပဒေနဲ့ညှိစွန်းတဲ့အပြုအမူကိုလုပ်တာကတော့ မကောင်းဘူးပေါ့။
ဒါပေမဲ့၊ ရဲတွေတောင်တော်ရုံတန်ရုံကိုင်တွယ်မဖြေရှင်းနိုင်တဲ့မကောင်းမှုကို သူတို့လောကသားအချင်းအချင်းဖြေရှင်းကြတဲ့ ကောင်းတဲ့အချက်တော့ရှိပါတယ်။
အရမ်းကောင်းတယ်လို့တော့မဆိုနိုင်ပေမဲ့၊ ဒုစရိုက်အဖွဲ့အစည်းဆိုပြီးပစ်ပယ်လို့မရတဲ့တည်ရှိမှုလည်းဖြစ်ပါတယ်။
必要悪 လိုအပ်တဲ့မကောင်းမှု
ဂျပန်မှာ ဒီလိုစကားလုံးတစ်ခုရှိတယ်။
“ မရှိရင်လည်းမဖြစ်တဲ့မကောင်းမှု” ဆိုတဲ့အတွေးအခေါ်က ဂျပန်မှာရှေးကတည်းကရှိနေခဲ့ပါတယ်။
ဒါပေမဲ့၊ ဒီနောက်ပိုင်းရဲတွေက ယာကူဇာတွေကိုအလေးအနက်နှိမ်နင်းဖို့ကြိုးစားလာကြောင့် ယာကူဇာတွေလည်းမချောင်တော့ပါဘူး။
“ အများပြည်သူပိုင်နေရာတွေမှာ သေနတ်မသုံးရ”
ဒီလိုအမိန့်မျိုး ဂျပန်နိုင်ငံရဲ့အကြီးဆုံး yakuza အဖွဲ့အစည်းဖြစ်တဲ့ Yamaguchi အဖွဲ့တွင်းမှာထွက်ပေါ်လာခဲ့ပါတယ်။
မကြာသေးခင်နေ့က Kyushu ဘက်က ယာကူဇာဘော့စ်တစ်ယောက် သေဒဏ်ချမှတ်ခံလိုက်ရပါတယ်။
အမှုက သူကိုယ်တိုင်လူသတ်တာမဟုတ်ဘဲ၊ လူသတ်မှုကိုညွှန်ကြားခဲ့လို့ သေဒဏ်ချမှတ်ခံလိုက်ရတာတဲ့…
အများပြည်သူပိုင်နေရာလို့ပြောရမှာထက်၊ သေနတ်ကိုတားမြစ်ထားတဲ့ဂျပန်မှာ သေနတ်ကိုင်ဆောင်ထားတယ်ဆိုတာက မထူးဆန်းတော့ဘူးလို့ပြောရမှာတောင် အံ့သြစရာကောင်းပေမဲ့၊
ဒါဖြင့်ယာကူဇာဟာ ရန်သူကိုဘယ်လိုတိုက်ခိုက်တာများလဲ?
သေနတ်ထက်တောင် ပြိုင်ဘက်ကိုပိုပြီးယုံကြည်စိတ်ချစွာသတ်နိုင်ဖို့က မီးဖိုချောင်ဓါးကပိုကောင်းတယ်လို့ ယူဆကြပါတယ်.
“ ဒိုဆု” လို့ခေါ်တဲ့ အရှည် ၃၀ စီတီမီတာလောက်ရှိတဲ့ ဓါးမြောင်ဟာ ယာကူဇာရဲ့အဓိကလက်နက်ထဲကတစ်ခုအဖြစ် နာမည်ကြီးပါတယ်။
https://wowma.jp/item/124237803
လူသတ်နိုင်စွမ်းအလွန်မြင့်မားပြီး၊ ပစ္စတိုသေနတ်ထက်တောင် ပိုစွမ်းတယ်ဆိုတာက ယာကူဇာလောကရဲ့အခြေခံဖြစ်ပါတယ်။
ပစ္စတိုနဲ့ပစ်မှတ်ကိုထိမှန်ဖို့အတွက်၊ တစ်ဖက်လူကရှောင်ထွက်သွားရင် အခွင့်အရေးဆုံးရှုံးသွားမယ်။
နောက်ပြီး အစိတ်အပိုင်းတစ်ခုလောက်သာဒဏ်ရာရသွားတာကြောင့် အသက်ရှင်ကျန်ဖို့ရာခိုင်နှုန်းအလွန်များပါတယ်။
ဒါပေမဲ့ ဓါးမြောင်ဆိုရင်တော့၊ ထိုးလိုက်တဲ့နောက်ဓါးကို “ ဂွိ” ဆိုပြီးလှည့်လိုက်ရင်၊ ဓါးထိုးခံလိုက်ရတဲ့နေရာက ပစ္စတိုရဲ့သေနတ်ဒဏ်ရာထက်တောင် သေနိုင်ချေပိုများပါတယ်။
အဲ့ဒါနဲ့နှိုင်းယှဉ်ရင် ပစ္စတိုကထိမှန်မှုနှုန်းနိမ့်တယ်လို့ ဆိုလိုပါတယ်။
အထူးသဖြင့်လူသစ်လေးဆို၊ အကွာအဝေးချိန်ပြီးပစ်ရလွယ်ကူတယ် ဒါပေမဲ့ထိမှန်ဖို့ကလည်းခက်တယ်။
သေနတ်သံလည်းထွက်တာမို့ ပတ်ဝန်ကျင်က အလွယ်တကူသတိပြုမိသွားမယ်ဆိုရင်လည်း ဒုက္ခရောက်နိုင်ပါတယ်။
ဆာမူရိုင်းလိုဓါးရှည်တွေကတော့ ဖွက်ပြီးကိုင်သွားလို့မရပေမဲ့၊ ဒီလိုအရွယ်ဓါးမြောင်လေးဆိုရင်တော့ ဝတ်စုံရဲ့ရင်ဘတ်အိတ်ကပ်ထဲမှာဖွက်ထားရုံလိုက်ပါ…။
မဟုတ်မှလွဲရော နေ့တိုင်းများတိုက်ခိုက်နေရမလားမသေချာတဲ့ယာကူဇာအတွက်တော့ အမြဲတမ်းကိုယ်နဲ့မကွာဆောင်ထားတတ်ကြက ဟောဒီ “ ဒိုဆု” ပါပဲ
သေချာတာပေါ့ ဒါကလည်းသေနတ်နဲ့ဓါးဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပါတယ်..
ရုပ်ရှင်တွေထဲမှာတော့ ခပ်မိုက်မိုက်ပုံစံနဲ့ပစ္စတိုကိုထုတ်ပြီးပစ်ကြပေမဲ့၊ လက်တွေ့မှာတော့ တိတ်တဆိတ်ရန်သူကိုတိုက်ခိုက်လို့ရတဲ့လက်နက်ကသာ အကောင်းဆုံးပါ…။
Kengo Abe
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: