မွေးနေ့ကနေ သိနိုင်မယ့် သင့်ကိုယ်ပိုင်ပန်းအကြောင်း

ဂျပန်နိုင်ငံမှာ ရာသီဥတုလေးခုအလိုက် လှပတဲ့ပန်းလေးတွေ ပွင့်ပါတယ်။ရက်ထပ်နှစ်အပါ ရက်ပေါင်း ၃၆၆ ရက်လုံးအတွက် လှပတဲ့ပန်းဒီဇိုင်းကို ပုံဖော်ပေးတာကတော့ Hanakomon ဖြစ်ပါတယ်။ရိုးရှင်းတဲ့ဒီဇိုင်းလည်းရှိတဲ့အတွက် အဲ့ဒီပုံကို ကိုယ့်ရဲ့ပရိုဖိုင်ပုံထောင့်နေရာမှာတောင် ထားလို့ရနိုင်ပါတယ်။

ကျွန်တော့ရဲ့ Hanakomon ကတော့ အောက်ကလိုဖြစ်ပါတယ်။

White gaura ပန်းဖြစ်ပြီး ဒီလိုချစ်စရာကောင်းတဲ့ပန်းလေးဖြစ်ပါတယ်။

ဇစ်မြစ်က မြောက်အမေရိကဖြစ်ပြီး လိပ်ပြာလေးတစ်ကောင်ကခုန်နေတဲ့ပုံသဏ္ဍာန်နဲ့ တူပါတယ်။

Hanakomon တစ်ခုချင်းစီမှာ အဓိပ္ပာယ်ကိုယ်စီရှိပါတယ်။ကျွန်တော်ပန်းရဲ့အဓိပ္ပာယ်ကတော့ အောက်ကလိုဖြစ်ပါတယ်။

ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်နိုင်တဲ့၊ လျှို့ဝှက်ဆန်းကြယ်ပြီး ဆွဲဆောင်မှုရှိတဲ့လူတစ်ယောက်။

ရုပ်ရှင်ထဲက အဓိကဇာတ်ကောင်လိုမျိုး တည်ရှိမှုပိုင်ရှင်

တစ်ခါတစ်လေမှာ အထိအခိုက်မခံတဲ့ပုံနဲ့ တစ်ခါတစ်လေမှာတော့ ကလေးတစ်ယောက်လို အပြစ်ကင်းပြီး ဆန့်ကျင်ဘက်လိင်ကို လိုသလိုဆော့ကစားပြန်တယ်။

ဖြူစင်ရိုးသားပြီး ကိုယ့်ကိုကိုယ်အမြဲမှန်ကန်အောင်နေတဲ့လူဖြစ်တယ်။

နာမည်ကျော်တစ်ယောက်ဖြစ်မယ့်ပုံပဲနော်။အခုထိတော့ နာမည်မကြီးသေးပေမယ့် နောက်ပိုင်းမှာ နာမည်ကျော်လာတော့မှာလားမသိဘူး။

ကိုယ့်ရဲ့ Hanakomon ကို ရှာကြည့်ချင်ရင် အောက်ကတစ်ဆင့် ရှာကြည့်နိုင်ပါတယ်။

https://www.rakuten.ne.jp/gold/hankos/366_hanazukan/komon.html

 

အပေါ်ပိုင်းမှာ Pulldown ၂ ခုရှိပါတယ်။

ဘယ်ဘက်က မွေးတဲ့လ၊ ညာဘက်က မွေးတဲ့နေ့ဖြစ်ပါတယ်။

အဲ့မှာရွေးချယ်ပြီး အနီရောင်ခလုတ်ကို နှိပ်လိုက်ရင် ကိုယ့်ရဲ့ Hanakomon ထွက်လာမှာဖြစ်ပါတယ်။

ဒီအောက်ကဝက်ဘ်ဆိုက်မှာလည်း ရှာကြည့်လို့ရပါတယ်။

အောက်ကပုံကတော့ ကိုယ်ရွေးထားတဲ့ Hanakomon နဲ့ ပစ္စည်းလုပ်ထားတာဖြစ်ပါတယ်။

https://www.hanakomon.jp

Hanakomon တံဆိပ်ကို လုပ်ပြီး စာအိတ်မှာ နာမည်ကိုရေးပြီး တံဆိပ်တုံးထုလိုက်မယ်ဆို အရမ်းမိုက်သွားမယ်လို့ထင်ပါတယ်။

ကိုယ်မွေးဖွားခဲ့တဲ့နေ့ရက်မှာ အဓိပ္ပာယ်တစ်ခုခု ရှိတယ်လို့ ထင်တယ်မဟုတ်လားနော်။ မွေးနေ့ကတော့ အရေးကြီးတာမှန်ပေမယ့် အဲ့ဒီရက်က အရာအားလုံးကို ဆုံးဖြတ်တာမဟုတ်ပါဘူး။ ဒါပေမယ့် သင့်ကိုယ်ရည်ကိုယ်သွေးနဲ့ လူ့ဘဝကို ဆုံးဖြတ်ပေးတဲ့ အရေးကြီးတဲ့အချက်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ဒါတွေနဲ့ ဆန့်ကျင်ဖက်ဖြစ်တာမျိုးလည်းရှိပေမယ့် စိတ်ညစ်နေတဲ့အချိန်မှာ ဒီလိုမျိုးကံဇာတာဖတ်တာမျိုးကနေ စိတ်ပင်ပန်းမှုဖြေဖျောက်နိုင်တယ်မဟုတ်လား။

ကံဇာတာဟောခြင်းက အလုံးစုံမှန်ကန်တယ်လို့မဆိုနိုင်ပေမယ့် ယုံကြည်မှုလေးနဲ့သာ ကြိုးစားမယ်ဆို ဘာမဆို ဖြစ်နိုင်တယ်လို့ထင်ပါတယ်။

ကျွန်တော်ကတော့ Hanakomon ကပြောတဲ့ နာမည်ကြီးဆိုတဲ့အချိန် ရောက်လာမယ်လို့ ယုံကြည်ကာ ကြိုးစားနေပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: