နိုင်ငံရေးပြဿနာလည်းဖြစ်လာတဲ့ Yasukuni နတ်ကွန်းမှာ ဘာတွေရှိနေလို့လဲ?

ဝန်ကြီးချုပ် Suga နောက်မှာဘယ်သူက လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဌဖြစ်ပြီး၊ ဂျပန်ရဲ့ဝန်ကြီးချုပ်အသစ်ဖြစ်လာမလဲ?
ဒီပြင်းထန်တဲ့နိုင်ငံရေးတိုက်ပွဲလက်တလောဖြစ်နေတဲ့ဂျပန်မှာ၊ နိုင်ငံခြားသားဆီကနေ ထူးဆန်းစွာနဲ့မေးလာတဲ့မေးခွန်းတစ်ခုရှိပါတယ်။

“ ဝန်ကြီးချုပ်ဖြစ်လာခဲ့ရင်၊ Yasukuni နတ်ကွန်းကိုသွားလည်ပတ်မှာလား?” တဲ့..

ဒါဟာဒီတစ်ခေါက် ဝန်ကြီးချုပ်ရွေးကောက်ပွဲမှမဟုတ်ဘဲ၊ အကြိမ်တိုင်းကြားနေရတဲ့မေးခွန်းတစ်ခုဖြစ်ပါတယ်။
ဂျပန်မှာတော့ နတ်ကွန်းပေါင်း ၈ သောင်းခွဲခန့်ရှိပါတယ်။
ဒီအပြင်နတ်ကွန်းငယ်လေးတွေပါထည့်ပေါင်းရင် နတ်ကွန်းပေါင်း ၁ သိန်းကျော်ရှိပါတယ်။
အဲ့ဒီအထဲကမှ ဟောဒီ Yasukuni နတ်ကွန်းတစ်ခုတည်းကသာလျှင် ဝန်ကြီးချုပ်အသစ်ပြောင်းတဲ့အကြိမ်တိုင်း လူအများအာရုံစိုက်ခြင်းခံရပါတယ်။


ဘာကြောင့် ဒီနတ်ကွန်းကသာလျှင် ထူးခြားနေသလဲဆိုတာ စာဖတ်သူတို့သိထားကြလား?

တိုကျို၊ Chiyoda ရပ်ကွက်မှာရှိတဲ့ Yasukuni နတ်ကွန်း…..
တကယ်တော့ဒါဟာ ရှေးဟောင်းနတ်ကွန်းတစ်ခုတော့မဟုတ်ပါဘူး။
၁၈၆၉ ခုနှစ်မှာဆောက်လုပ်ခဲ့ပြီး နွေဦးမှာအလွန်လှပတဲ့ဆာကူရာပန်းတို့ကိုမြင်တွေ့ရတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

ဆာမူရိုင်းခေတ်ဖြစ်ခဲ့တဲ့ဂျပန်ကနေ မျက်မှောက်ခေတ်ကိုတစ်ပြိုင်တည်းပြောင်းလဲလာတဲ့ဂျပန်….
အဲ့ဒီခေတ်မှာသေဆုံးသွားတဲ့လူတွေ၊ တိုင်းပြည်အတွက်အသက်စွန့်ပြီးတိုက်ပွဲဝင်ခဲ့ကြတဲ့လူတွေကို ကိုးကွယ်ဖို့နတ်ကွန်လိုအပ်တယ်လို့အဆိုတင်သွင်းရာကနေ အဲ့ဒီအချိန်ရဲ့ ဧကရာဇ်ဘုရင်မင်းမြတ်ဖြစ်တဲ့ Meiji ဧကရာဇ်ဟာ ဟောဒီ Yasukuni နတ်ကွန်းကိုဆောက်လုပ်ဖို့ ခွင့်ပြုလိုက်ပါတယ်။

အပေါ်ကဓါတ်ပုံထဲက အဖြူရောင်ပိတ်စပေါ်မှာရေးဆွဲထားတဲ့ ဂန္ဓမာအမှတ်အသားဟာ ဧကရာဇ်အမှတ်အသားဖြစ်ပါတယ်။
ဒီ Yasukuni နတ်ကွန်းမှာတော့ တိုင်းပြည်နဲ့လူမျိုးအတွက် အသေခံတိုက်ပွဲဝင်သွားသူတို့ရဲ့ဝိညာဉ်ကိုတည်ထားကိုးကွယ်ထားပြီး၊
၎င်းဟာယခုအချိန်ထိဆိုရင်ဝိညာဉ်ပေါင်း ၂,၄၆၆,၀၀၀ ရှိပြီဖြစ်ပါတယ်။

ဝန်ကြီးချုပ်ကဒီနေရာကို လာရောက်လည်ပတ်ခြင်းဟာ ဘာကြောင့်ပြဿနာကြီးဖြစ်ရသလဲ?
အကြောင်းကတော့ ကိုးကွယ်ခံရသူတွေထဲမှာ စစ်ရာဇဝတ်သားတွေလည်းပါဝင်နေလို့ဖြစ်ပါတယ်။

ဒီနေရာမှာစစ်ပွဲကိုဖြစ်ပေါ်စေခဲ့တဲ့ တာဝန်ရှိအရေးကြီးပုဂ္ဂိုလ်တွေအဖြစ် လူ ၁၄ ယောက်ရဲ့နာမည်ကိုမှတ်တမ်းတင်ထားပါတယ်။
ဥပမာ အဲ့ဒီအထဲကလူတစ်ယောက်က ဝန်ကြီးချုပ် Hideki Tojo ဖြစ်ပါတယ်။

https://www.bbc.com/japanese/57479306

သူတို့တွေလည်း အတူကိုးကွယ်နေတဲ့နတ်ကွန်းမှာ ဂျပန်ရဲ့အကြီးအကဲဖြစ်သူဝန်ကြီးချုပ်ဟာ နတ်ကွန်းသွားရောက်လည်ပတ်မယ်ဆိုတာက “ စစ်အာဏာရှင်စနစ်” သို့ဂျပန်ဟာ နောက်ကြောင်းပြန်ခေါက်သွားခဲ့ရင် အထူးသဖြင့် တရုတ်၊ကိုရီးယားဟာ အပြင်းအထန်ကန့်ကွက်ကြမှာပါ..။
ဒီ ၂ နိုင်ငံကြားဆက်ဆံရေးကိုများစွာထိခိုက်စေတဲ့ပြဿနာဖြစ်တာကြောင့်၊ ဝန်ကြီးချုပ်ရဲ့ Yasukuni နတ်ကွန်းသို့သွားရောက်ကိုးကွယ်ခြင်းဟာ သတင်းကြီးတစ်ခုဖြစ်လာပါလိမ့်မယ်။

စစ်ပွဲအတွင်းကရာဇဝတ်သားနဲ့ သူရဲကောင်းတို့ရဲ့ခြားနားချက်က အရမ်းရှုပ်ထွေးပါတယ်။
နှစ်ဖက်စလုံးက လူပေါင်းများစွာကိုသတ်တာချင်းတော့အတူတူပါပဲ။
နိုင်သွားမယ်ဆို သူရဲကောင်းဖြစ်မယ်၊ ရှုံးသွားရင်စစ်ရာဇဝတ်သားဖြစ်မယ်။

နောက်ပြီး ဒီဒုတိယကမ္ဘာစစ်ရဲ့ စစ်ရာဇဝတ်သားကိုဆုံးဖြတ်ပေးခဲ့တာကတော့၊ အရှေ့ဖျားအတွက်နိုင်ငံတကာစစ်ခုံရုံး (တိုကျိုခုံရုံးလို့လူအများသိကြ) ရဲ့ ဆုံးဖြတ်တဲ့ရလဒ်ဖြစ်ပါတယ်။
တစ်စုံတစ်ရာအကြောင်းပြချက်မပေးဘဲ စစ်ရာဇဝတ်သားတွေဖြစ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။
“ တရားခွင်လို့ခေါ်နိုင်တဲ့အရာတောင်မဟုတ်ခဲ့ဘူး” လို့ပြောကြပါတယ်။

ဂျပန်ကတိုက်ခိုက်လို့ ထိခိုက်ပျက်ဆီးသွားရတဲ့တိုင်းပြည်ဘက်ကနေပြောရရင် ရာဇဝတ်သားတွေလို့လာထောက်ပြတာကို နားလည်ပါတယ်။
ဒါပေမဲ့၊ မတိုက်ခိုက်ဘူးဆိုရင် ဂျပန်ဟာကိုလိုနီလက်အောက်ကိုကျရောက်သွားမှာပဲ ဆိုတဲ့အကြောင်းနဲ့၊
ဒီစစ်ပွဲရဲ့ရလဒ်ဖြစ်တဲ့ အနောက်နိုင်ငံအားဖြင့်ကမ္ဘာတစ်ဝှမ်းလုံးရဲ့ ကိုလိုနီနယ်ချဲ့ခြင်းရပ်တန့်သွားတာကိုစဥ◌်းစားကြည့်ရင်၊ အရမ်းအဆိုးစားကြီးတော့မဟုတ်ဘူးလို့ ရိုးရိုးလေးတွေးမိပါတယ်။

လူသတ်တာရော တခြားနိုင်ငံကိုဒုက္ခသွားပေးတာကရော သေချာပေါက်မလုပ်သင့်တဲ့အရာပါ…
မုန်းချင်မုန်း စစ်ပွဲဆိုတဲ့အရာကိုပဲမုန်းတီးသင့်ပြီး၊ ပုဂ္ဂိုလ်ရေးရာနဲ့မဆိုင်ဘူးလို့ထင်ပါတယ်။

တစ်ဦးချင်းစီကဘယ်လောက်ပဲတော်နေပါစေ တစ်ယောက်တည်းနဲ့တော့ စစ်ပွဲကိုမဖြစ်စေနိုင်ပါဘူး။
စစ်ပွဲဖြစ်ပွားရတဲ့နောက်ခံအကြောင်းအရင်းကိုမစဥ◌်းစားဘဲ၊ တစ်ယောက်ချင်းစီကြောင့်လို့အပြစ်ပုံချရင် အနာဂတ်ဖြစ်လာမယ့်စစ်ပွဲကိုလည်း တားဆီးနိုင်မှာမဟုတ်ဘူးလို့ထင်ပါတယ်။

Yasukuni နတ်ကွန်းသို့သွားရောက်ဝတ်ပြုခြင်ဟာ စစ်အာဏာရှင်စနစ်ကိုပြန်သွားခြင်းမဟုတ်ဘဲ၊ ဂျပန်အတွက်တိုက်ပွဲဝင်ပေးသွားတဲ့ပုဂ္ဂိုလ်တွေကို နှုတ်ဆက်ဂါရဝပြုခြင်းပဲလို့ ထင်ပါတယ်။
ဟုတ်ပါတယ် လွတ်လပ်စွာကိုးကွယ်ခွင့်နှင့်၊ လွတ်လပ်စွာတွေးခေါ်နိုင်ခွင့်ရှိတာကြောင့် အဲ့ဒီလိုတွေးသူတွေအပြစ်မဆိုချင်ပေမဲ့၊ ဒါကြောင့်လို့ပြောပြီး သူတစ်ပါးရဲ့ကိုးကွယ်မှုကိုတော့ မဝေဖန်သင့်ဘူးလို့ထင်တယ်နော်..

စကားမစပ် Yasukuni နတ်ကွန်းမှာ Yushukan လို့ခေါ်တဲ့ပြတိုက်ကို ဖွင့်လှစ်ထားပါတယ်။

ဓါတ်ပုံထဲကအတိုင်း တကယ်အသုံးပြုခဲ့တဲ့လက်နက်တွေကိုပြဿထားပေမဲ့၊ ကျွန်တော်ကြည့်စေချင်တာက အဲ့ဒါမဟုတ်ပါဘူး။

kamikaze အဖွဲ့ဝင်များရဲ့စာကိုဖတ်စေချင်တာပါ…
“ မနက်ဖြန် တိုက်လေယာဉ်နဲ့ ရန်သူ့စစ်သင်္ဘောကိုအသေခံဗုံးခွဲတိုက်ခိုက်တော့မယ်”
ဆိုပြီး လူငယ်တွေဟာမိဘတွေဆီပို့ခဲ့တဲ့ စာလေးတစ်စောင်သာဖြစ်ပါတယ်။
သားရဲ့ခန္ဓာကိုယ်အပိုင်းအစတွေကိုတောင် ပြန်မရတဲ့ မိဘရဲ့ဖြေမဆယ်နိုင်တဲ့ခံစားချက်တွေပြည့်နက်နေတဲ့ ဟောဒီပြတိုက်ကို Yasukuni နတ်ကွန်းမှာပြသထားပါတယ်။

ကျွန်တော့အတွက်တော့ Yasukuni နတ်ကွန်းဟာ စစ်ဝါဒကိုပြန်လည်ရှင်သန်စေဖို့မဟုတ်ဘဲ မျိုးချစ်စိတ်နဲ့စစ်ဆန့်ကျင်ရေးကို တိတ်တဆိတ်ထုတ်ဖော်ပြသနေသလိုခံစားရပါတယ်။

စိတ်ဝင်စားတဲ့လူကတော့ တိုကျိုကိုရောက်ဖြစ်ခဲ့ရင် Yasukuni နတ်ကွန်းကိုသွားရောက်လည်ပတ်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: