သင်မသိသေးတဲ့ Disneyland ရဲ့ လျှို့ဝှက်ချက် (၉) ခု ?

စာဖတ်သူတို့အထဲမှာ တိုကျို Disneyland၊ DisneySea ကိုသွားဖူးတဲ့လူရှိလား?
ကစားကွင်းထဲကစီးစရာများစွာနဲ့ Disney ကိုအရမ်းသဘောကျတဲ့လူတွေတော့ သေချာပေါက်သွားဖူးကြမှာပဲလို့ထင်ပေမဲ့၊
အဲ့ဒီလိုမဟုတ်တဲ့လူအတွက်လည်း၊ အတိုင်းထက်အလွန်ပျော်နိုင်တဲ့ Disneyland ဟာ အရမ်းအံ့သြစရာကောင်းတဲ့နေရာဖြစ်ပါတယ်။

ဝန်ဆောင်မှုတွေကို အသေးစိပ်ကျကျအစီအစဉ်ချထားတဲ့ ပန်းခြံထဲမှာအေးအေးလူလူ လက်ဖက်ရည်သောက်ရုံနဲ့တင်စိတ်ကျေနပ်နေရပါပြီ။
(ဝင်ကြေးကို မစဉ်းစားမိရင်ပေါ့..)
ဒီအပြင် DisneySea မှာတော့ ဒီဓါတ်ပုံထဲကနေရာလိုမျိုး နေရာများစွာရှိပါတယ်။

အိပ်မက်နဲ့မှော်နိုင်ငံလို့ သူ့ကိုယ်သူနာမည်ပေးထားတဲ့ Disneyland နဲ့ DisneySea မှာတော့ လက်တွေ့ကိုမေ့ပျောက်ပြီး ပျော်ရွှင်နိုင်ဖို့အတွက် အသေးစိတ်ကအစ စီစဉ်ထားကြပါတယ်။
ဒီလောက်အထိလုပ်ထားတယ်ဆိုတာ သိကြပါသလား?

 

၁။ နာရီမရှိဘူး

ပန်းခြံအတွင်းမှာ နာရီကမရှိသလောက်ပါပဲ..
ဒါကိုအားလုံးလည်းခန့်မှန်းမိကြမယ်လို့ထင်တယ်နော်..
နာရီကိုမြင်လိုက်မယ်ဆိုရင် လက်တွေ့ဘဝကိုအသိစိတ်ပြန်ဝင်သွားနိုင်လို့ဖြစ်ပါတယ်။
သေချာတာပေါ့၊ ဝန်ထမ်းတွေကတော့ နာရီပတ်ထားတဲ့အတွက် အချိန်ကိုမေးကြည့်ရင်ပြောပြပေးမှာပါ။
နောက်ပြီး အားလုံးလည်း စမတ်ဖုန်းတွေယူသွားမယ်ဆို ဘယ်အချိန်ရှိပြီးလဲသိနိုင်မှာပါ။

 

၂။ လက်ဆေးဘေစင်တွင် မှန်မရှိခြင်း

toilet သွားပြီးနောက် လက်ဆေးရတဲ့ဘေစင်။
အဲ့ဒီမှာပုံမှန်အားဖြင့် မှန်ကိုထားပေးတတ်ကြပေမဲ့၊ ပန်းခြံအတွင်းက toilet တော်တော်များများရဲ့ လက်ဆေးဘေစင်မှာတော့ မှန်မရှိကြပါဘူး။
ဒါဟာလည်း နာရီနဲ့အတူတူပါပဲ။
အမှတ်မထင်မှန်ကိုကြည့်လိုက်ပြီး၊ တကယ့်လက်တွေ့ဘဝကိုပြန်သတိမရသွားဖို့ရန်အတွက်ဖြစ်ပါတယ်။
သို့သော် မှန်ကြည့်ချင်တဲ့လူအတွက်တော့၊ နည်းနည်းဝေးတဲ့နေရာမှာ မှန်ကိုထားပေးထားတာကြောင့်၊ မိတ်ကပ်လိမ်းချင်တဲ့လူဟာ အဲ့ဒီနေရာကိုသွားရမှာဖြစ်ပါတယ်။

 

၃။ ၂၄ နာရီပတ်လုံး သန့်ရှင်းရေးလုပ်နေခြင်း

ဒီပန်းခြံကို ကလေးငယ်များစွာကလည်းလာရောက်လည်ပတ်ကြပါတယ်။
ကလေးဟာ အမှိုက်ကိုစွန့်ပစ်တာတို့ ကောက်စားမိတာတို့ဆိုရင် ဒုက္ခရောက်နိုင်ပါတယ်။

သွားဖူးတဲ့လူတွေတော့သတိထားမိနိုင်ပါတယ်…
ဒီပန်းခြံမှာဘယ်နေရာကိုပဲသွားသွား သန့်ရှင်းနေတယ်….။
ပန်းခြံထဲမှာ ဝန်ထမ်းပေါင်း ၆၀၀ နီးပါးဟာအမြဲတမ်း လှည့်ပတ်ရင်း သန့်ရှင်းရေးကိုလုပ်နေကြပါတယ်။
ဒီအပြင် ဒါဟာအသစ်မွေးဖွားခြင်းကိုလည်းဖြစ်စေတယ်။
၂၄ နာရီပတ်လုံး၊ အမြဲတမ်းသန့်ရှင်းရေးလုပ်နေကြတာကြောင့်လည်း ဒီလိုလှပနေခြင်းဖြစ်ပါတယ်။

 

၄။ တစ်ကြိမ်မျှသန့်ရှင်းရေးမလုပ်ထားတဲ့နေရာလည်းရှိတယ်။

Disneyland ကိုဖွင့်လှစ်ပြီး နှစ်ပေါင်း ၃၀ ကျော်သက်တမ်းရှိလာခဲ့ပေမဲ့၊ တစ်ကြိမ်မျှသန့်ရှင်းရေးမလုပ်ကြတဲ့နေရာလည်းရှိနေပြန်ပါတယ်။
မေ့သွားတယ်လို့ထင်ပါသလား။
အဲ့ဒါကတော့ သရဲခြောက်တဲ့အိမ်ကြီး
သရဲတစ္ဆေပေါင်း ၉၉၉ ကောင်နေထိုင်တဲ့ ယိုယွင်းနေတဲ့အိမ်အိုကြီးဖြစ်ပေမဲ့၊ အဲ့ဒီဟောင်းနွမ်းယိုယွင်းနေပုံက တကယ့်အစစ်လိုပဲခံစားရစေပါတယ်။

 

၅။ ပန်းခြံအတွင်းမှာ ကျီးကန်းမရှိခြင်း။

ကျီးကန်းဆိုတာ တိုကျိုမှာအများဆုံးတွေ့ရတဲ့ငှက်ပါ…။
နိမိတ်မကောင်းတဲ့ငှက်အဖြစ်သတ်မှတ်ကြပြီး၊ အရွယ်အစားကလည်းအတော်အသင့်ကြီးတာကြောင့် နည်းနည်းကြောက်စရာကောင်းပါတယ်။
ကျီးကန်းဟာ အခြားငှက်တွေထက်လည်ပြီး လူကိုရံဖန်ရံခါတိုက်ခိုက်တာမျိုးရှိတဲ့အတွက်၊ ပန်းခြံဘက်ကဒါကို အထူးသတိထားကြပါတယ်။
ကျီးကန်းတွေမကြိုက်တဲ့ ရေဒီယိုလှိုင်းကိုထုတ်လွှင့်ပြီး သူတို့တွေလာမချဉ်းကပ်အောင် လုပ်ဆောင်ထားကြပါတယ်။
အဲ့ဒီရေဒီယိုလှိုင်းကို လူကြီးတွေတော့လုံးဝမကြားရပေမဲ့၊ ကလေးငယ်လေးတွေကတော့ အနည်းငယ်ကြားရပါတယ်။
ပန်းခြံထဲဝင်သွားလိုက်တာနဲ့ ခုန်ပေါက်ပြေးလွှားနေတဲ့ကလေးငယ်ရဲ့လှုပ်ရှားမှုဟာ ပျော်ရွှင်လို့မဟုတ်ဘဲ၊ ထိုရေဒီယိုလှိုင်းရဲ့ ပရောဂတစ်ခုကြောင့်ဖြစ်မလား? ဆိုပြီး အများကသုံးသပ်ထားကြပါတယ်။

 

၆။ ခြင်မရှိခြင်း

ခြင်ကိုတော့ဘယ်သူမှသဘောမကျဘူးနော်..
ပန်းခြံထဲမှာ ခြင်ပေါက်ပွားနိုင်တဲ့ရေဝပ်တဲ့နေရာများစွာရှိပေမဲ့၊ ခြင်နဲ့ပတ်သက်ပြီး အသေးစိပ်လေ့လာခြင်းနဲ့ကာကွယ်ခြင်းကိုလုပ်ဆောင်ထားတဲ့အတွက်၊ ခြင်ဟာမရှိသလောက်ကိုရှားပါတယ်။
ခြင်အတွက်ဘာဆေးမှမသုံးဘဲ ကာကွယ်နိုင်တာက အံ့သြစရာအချက်ဖြစ်ပါတယ်။

 

၇။ လေလွင့်ကြောင်အကောင် ၂၀၀ ရှိ

ပန်းခြံထဲမှာ ကျီးကန်းနဲ့ခြင်ကို အသေအချာမောင်းထုတ်နှိမ်နင်းထားပေမဲ့၊ လေလွင့်ကြောင်ကတော့ အကောင်ပေါင်း ၂၀၀ တောင်ရှိသတဲ့..
ကြွက်ရန်ကိုကာကွယ်ဖို့အတွက် ထား,ထားခြင်းဖြစ်မယ် ဆိုတဲ့ကောလဟလမျိုးလည်းရှိပါတယ်။
အဲ?
ဒီပန်းခြံရဲ့အဓိကဇာတ်ကောင်လေး Mickey Mouse ကကြွက်ပဲမဟုတ်ဘူးလား?

 

၈။ သာမန်လူတွေဝင်ခွင့်မရှိတဲ့ Club33

Disneyland ထဲမှာတော့ သီးသန့်လူတွေကလွဲရင်ဝင်ခွင့်မရှိတဲ့ Club33 ဆိုတဲ့နေရာတစ်ခုရှိနေတယ်။
ဝင်ပေါက်ကိုတောင်ဝှက်ထားတဲ့ လျှို့ဝှက်နေရာဖြစ်ပေမဲ့၊ ဝန်ထမ်းတွေအသုံးပြုဖို့မဟုတ်ဘဲ၊ သီးသန့်ဧည့်သည်တွေသာ အသုံးပြုဖို့ထားပေးထားတဲ့နေရာဖြစ်ပါတယ်။
Disney ရဲ့ရှယ်ယာရှင်တွေ၊ စပွန်ဆာဖြစ်တဲ့ JCB ကဒ်ကိုင်ထားတဲ့ လူတစ်စုအတွက်သာလုပ်ထားတဲ့နေရာဖြစ်ပြီး၊ ဘားဖြစ်တဲ့အတွက် အရက်သောက်နိုင်ပါတယ်။
ဒီလိုပြောလို့ ပန်းခြံထဲမှာအရက်သောက်နိုင်တယ်လို့မထင်ပါနဲ့.. ပန်းခြံထဲမှာအရက်မရပါဘူး….
ဒီအပြင် Club33 ထဲမှာအထူးအမှတ်တရလက်ဆောင်ကိုလည်းရောင်းချပါတယ်။
ဒါကြောင့် သူ့ရဲ့တည်ရှိမှုကထူးဆန်းနေတာဖြစ်ပါတယ်.

 

၉။ ကလေးတွေအတွက် ကြင်နာတဲ့စဉ်းစားပေးမှု

လှုပ်ရှားမှုပြင်းထန်တဲ့ ကစားကွင်းမှာဆို အရပ်ကန့်သတ်မှုရှိတာကြောင့် ကလေးတွေစီးလို့မရပါဘူး။
အချိန်အကြာကြီးတန်းစီပြီးမှ မစီးရဘူးဆိုရင် သနားစရာကောင်းတယ်နော်
အဲ့ဒီလိုအချိန်မှာ ဝန်ထမ်းကအထူးလက်မှတ်တစ်ခုကို လက်ဆောင်အဖြစ်ပေးပါတယ်။
“ အရပ်ရှည်လာရင် ထပ်ပြီးလာခဲ့ပါအုံးနော်” ဆိုတဲ့အရာလေးဖြစ်ပြီး၊ အဲ့ဒီအချိန်မှာတန်းစီစရာမလိုတော့တဲ့ အထူးလက်မှတ်ကိုပေးခြင်းဖြစ်ပါတယ်။

လာရောက်လည်ပတ်တဲ့ဧည့်သည်တွေရဲ့ စိတ်ကျေနပ်မှုအတွက် အသေးစိပ်ကျကျစီစဉ်ထားတဲ့ဝန်ဆောင်မှု….
ဘယ်လောက်အထိလုပ်ထားသလဲဆိုတာကို ကိုယ်တိုင်မြင်ရရင်ကောင်းသလို၊ သတိမထားဘဲ လျှော်လည်မယ်ဆိုလည်း OK ပါတယ်။
ကိုရိုနာလည်းပြီး၊ မြန်မာပြည်လည်း ငြိမ်းချမ်းသွားမယ်ဆိုရင် ဆက်ဆက်လာခဲ့ပါနော်..

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: