ခေါင်းဖြတ်ခံရရုံနဲ့ အသေမခံနဲ့ !!! Bushido ရဲ့သွန်သင်ချက်က ပြင်းထန်လွန်းတယ်!!

ဒီနောက်ပိုင်းဂျပန်မှာ သမိုင်းပြဇာတ်လို့ခေါ်တဲ့ ဒရမ်မာအမျိုးအစားကို သိပ်ပြီးမတွေ့ရတော့သလောက်ရှိလာပါတယ်။
ရှေးယခင်ခေတ်ကာလကို ပြဇာတ်သရုပ်ဖော်ထားတဲ့ဒရမ်မာဖြစ်ပြီး၊ အများစုက ဆာမူရိုင်းခေတ်ကာလအကြောင်းအရာဖြစ်ပါတယ်။
ရန်သူတွေဝိုင်းတာခံရပြီး၊ ဒါကိုတစ်ယောက်တည်းနဲ့ဖော်ထွက်ခဲ့တဲ့ဆာမူရိုင်း!!
ရေလည်မိုက်တယ်နော် …

ဓါးနဲ့ခုတ်ခံရတဲ့သူက “ ဝါး..” ဆိုပြီးလဲကျသွားပေမဲ့၊ လူဟာအဲ့ဒီလောက်အထိလွယ်လွယ်ကူကူနဲ့ မသေပါဘူး။
ကျွန်တော်တော့ မသေမချင်းခုတ်သတ်ခံရတာမျိုးမကြုံဖူးလို့ ကောင်းကောင်းနားမလည်ပေမဲ့၊ သေချာတာကတော့ အဲ့ဒီလိုပါပဲ.

ဥပမာသေလောက်တဲ့ဒဏ်ရာရသွားတယ်ဆိုပေမဲ့ အသိစိတ်မပျောက်သွားခင်အထိကတော့ ရသလောက်အနည်းငယ်ပြန်တိုက်ခိုက်ကြတာဟာ ဆာမူရိုင်းတွေပဲဖြစ်ပါတယ်။

အဲ့ဒီလိုအံ့သြစရာကောင်းတဲ့လူ့ဘဝကိုဖြတ်သန်းကြတဲ့ ဆာမူရိုင်းတွေဟာ လူ့ဘဝရဲ့ကျမ်းဂန်အဖြစ်ကြည့်ရှုခဲ့ကြတာကတော့ 葉隠Hagakure လို့ခေါ်တဲ့ စာအုပ်ဖြစ်ပါတယ်။
ထိုစာအုပ်ထဲက ရေးထားတဲ့အကြောင်းအရာတစ်ခုမှာ-

အကယ်၍ခေါင်းအဖြတ်ခံလိုက်ရပြီဆိုရင်တောင်မှ
နောက်ဆုံးအသက်မထွက်ခင်အထိ တိုက်ခိုက်ပါ။

ခေါင်းအဖြတ်ခံလိုက်ရရုံနဲ့ အလွယ်တကူအသေခံမှာမဟုတ်ဘူးလို့ ဆိုလိုချင်တာမဟုတ်ပါသလား?
ယုတ္တိမရှိမှုမှာလည်း အကန့်အသတ်ရှိပေမဲ့…


ဒီအတိုင်းအသေမခံဘူး!ဆိုတဲ့ယုံကြည်ချက်လို့ပြောရမလား၊ စွဲလမ်းမှုတစ်ခုရှိမယ်ဆိုရင်၊ ခေါင်းကိုဖြတ်လိုက်ရုံနဲ့မသေသွားဘူးလို့ပြောခြင်းဖြစ်ပါတယ်..
ပုံမှန်ဆိုရင်တော့ သေနေပါပြီ။

အဲ့ဒီလိုကြီးကျယ်ခမ်းနားတဲ့နောက်ဆုံးအချိန်လေးကိုကျော်ဖြတ်ခဲ့တဲ့ပုဂ္ဂိုလ်တစ်ယောက်ကို မှတ်တမ်းတင်ထားခဲ့ပါတယ်။
Nitta Yoshisada ဆိုတဲ့ပုဂ္ဂိုလ်…


စစ်ပွဲအတွင်းတိုက်ခိုက်နေရင်းနဲ့ မျက်ခုံးနှစ်ခုကြားကို မြားတစ်စင်းစိုက်ဝင်သွားခဲ့ပါတယ်။
ချက်ချင်းသေနိုင်လောက်တဲ့နေရာဖြစ်ပေမဲ့၊ သူဟာချက်ချင်းမသေဘဲ၊ မိမိရဲ့ဦးခေါင်းကိုဓါးနဲ့ကိုယ်တိုင်ဖြတ်ပြီး သတ်သေသွားခဲ့ပါတယ်။
ရန်သူဆီကနေ ဖြိုလဲခံရတာမဟုတ်ဘူး၊ ရန်သူဟာခွန်အားမရှိဘူး
ကျန်နေခဲ့တဲ့မင်းဟာအနိုင်ပဲ !

ဆိုပြီးဥပမာပေးသွားခဲ့ပါတယ်…

နောက်တစ်ယောက်ကတော့ 大野道賢” အိုးနို ဒိုးခန်း” ဆိုတဲ့ပုဂ္ဂိုလ်
ဆာမူရိုင်းခေတ်ရဲ့ အထွဋ်အထိပ်ဖြစ်တဲ့ Sengoku ကာလရဲ့ အဆုံးမှာတက်ကြွစွာပါဝင်လှုပ်ရှားခဲ့သူတစ်ဦးဖြစ်ပေမဲ့၊ တိုက်ပွဲတစ်ခုမှာ သူဟာအမှတ်မထင်ရှုံးနိမ့်သွားခဲ့ပြီး၊ မြင်တွေ့တဲ့လူတွေဟာ “ ဟန်သာရှိပြီးအဖြစ်မရှိတဲ့ဆာမူရိုင်း” ဆိုပြီးလှောင်ပြောင်ခဲ့ကြပါတယ်။

ထိုအမည်းစက်ကိုပြန်ချေပဖို့အတွက်၊ တိုက်ပွဲပြီးခါနီးမှာ အိုဆာကာရဲ့ Sakai မြို့ကိုမီးလောင်တိုက်သွင်းပစ်ခဲ့ပါတယ်။

သို့သော်လည်း နောက်ဆုံးမှာတိုက်ပွဲရှုံးနိမ့်ပြီး မီးလောင်သွားတဲ့ Sakai မြို့ရှိ မြို့သူမြို့သားတွေကပဲ သူ့ကိုဖမ်းပြီးမီးရှို့သတ်ပစ်ခဲ့ကြပါတယ်။

အလွန်ပူပြင်းတဲ့မီးတောက်မီးလျှံတွေနဲ့လောင်ကျွမ်းပြီး၊ ခန္ဓာကိုယ်တစ်ခုလုံးမီးသွေးတုံးလိုဖြစ်သွားတဲ့အချိန်မှာ မတ်တပ်ထရပ်ပြီး၊ အနီးအနားမှာရှိနေတဲ့အရာတွေကို ဓါးနဲ့လိုက်ခုတ်ဖို့လုပ်ခဲ့ပါတယ်။
ပြင်းထန်တဲ့မီးလောင်ကျွမ်းမှုကြောင့် ချက်ချင်းလဲကျပြီးသေဆုံးသွားပေမဲ့၊ ထိုအစွဲအလန်းကြီးမှုကိုကြောက်သွားတဲ့ မြို့သူမြို့သားတွေဟာ “ ဒိုးခန်း” ရဲ့ဝိညာဥ◌်ကို သရဏဂုံတင်ပေးကြပါတော့တယ်။

ဒီလိုနဲ့ပဲ.. သေဆုံးခြင်းကိုတော့ရှောင်လွဲလို့မရပေမဲ့၊ စွဲလမ်းစိတ်ဟာ ပတ်ဝန်းကျင်ကိုခြောက်ခြားသွားစေခဲ့တယ်။
ဒါဟာလည်း ဆာမူရိုင်းရဲ့စံနမူနာတစ်ခုဖြစ်ပါတယ်။

ခန္ဓာကိုယ်တစ်ခုလုံးမီးလောင်ကျွမ်းသွားတာတောင် မတ်တပ်ထရပ်နိုင်တဲ့အတွက်၊ ဒီနေ့ခေတ်ဖျားနာမှုတွေဆို စိတ်နဲ့တောင်ကုသနိုင်မလားမသိဘူးနော်..
သေလုမတတ်ဝေဒနာခံစားရတာတောင် ဒီလောက်လုပ်နိုင်တယ်ဆိုရင်၊ အကယ်၍သင်စိတ်ဓါတ်ကျနေချိန်ဒီဆောင်းပါးကိုတွေ့ခဲ့ရင် မိမိကိုယ်ကိုအရှုံးပေးတာမျိုးမလုပ်ဘဲ နောက်တစ်ကြိမ်ပြန်ကြိုးစားကြည့်ပါ၊
လဲကျတဲ့နေရာကနေပြန်ထပါလို့ ပြောချင်ပါတယ်။

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: