ဂျပန်ဟာ ဒီလောက်တောင်လှုပ်ခတ်နေတယ်? (ဂျပန်မှာဖြစ်ပေါ်တဲ့ မူမမှန်တဲ့ငလျင်အရေအတွက်)

ငလျင်အင်မတန်လှုပ်တဲ့တိုင်းပြည်အဖြစ် နာမည်ကြီးတဲ့ဂျပန်
အကြိမ်အရေအတွက် ဘယ်လောက်လှုပ်ခတ်နေသလဲဆိုတာကို သိကြပါသလား?
လူတွေခံစားနိုင်လောက်မယ့်အဆင့်လောက်ကိုသာ ငလျင်လို့သတ်မှတ်ထားပေမဲ့၊ တကယ်က တစ်နှစ်ပတ်လုံးအကြိမ်ပေါင်း ၁၀၀၀ ကနေ ၂၀၀၀ အထိလှုပ်ခတ်နေပါတယ်။

အဲ့လိုပြောမယ်ဆို ကျွန်တော်စာရေးနေတဲ့မနက်ကလည်း ငလျင်လှုပ်သွားခဲ့ပါတယ်။
အဲ့ဒီလောက်အထိ အနည်းငယ်လေးတွေလှုပ်ခတ်နေတာက မပြောပလောက်တဲ့နေ့တဓူဝဖြစ်စဥ◌်တစ်ခုဖြစ်ပါတယ်။
အဲ့ဒီအတွက် အားပြင်းတဲ့ငလျင်လာပေမဲ့ အဆောက်အဦးတွေ တော်ရုံတန်ရုံသိပ်မပြိုကျတာကြောင့် အားလုံးဟာစိတ်အေးလက်အေးနေကြပါတယ်။
၂၀၁၁ ခုနှစ်ရဲ့ ဂျပန်အရှေ့ပိုင်းငလျင်ကြီးမှာတော့ ပျက်စီးဆုံးရှုံးမှုများစွာရှိခဲ့ပေမဲ့၊ ဒါဟာငလျင်ရဲ့လှုပ်ခတ်မှုကြောင့်မဟုတ်ဘဲ အဲ့ဒီနောက်မှာလိုက်လာတဲ့ ဆူနာမီလှိုင်းလုံးကြီးတွေကြောင့် ဒီလောက်အထိပျက်ဆီးဆုံးရှုံးသွားခဲ့ရတာပဲဖြစ်ပါတယ်။
ဆူနာမီအတွက် ကြိုတင်ပြင်ဆင်မှုတွေကိုလုပ်ဆောင်ထားပေမဲ့၊ စိတ်မကောင်းစွာဘဲ တိကျတဲ့ကြိုတင်ပြင်ဆင်မှုတွေကို မလုပ်ထားနိုင်ခဲ့ပါဘူး။

ဒါဆိုဘာကြောင့် ဂျပန်မှာငလျင်ကမကြာခဏဆိုသလို ဖြစ်ရသလဲသိပါသလား?
ဒါဟာ Plate tectonics and mantle သီအိုရီအကြောင်းကိုနားလည်မယ်လို့ မြင်လာရပါတယ်။
ပင်လယ်ကြမ်းပြင်အပါအဝင်ကမ္ဘာမြေမျက်နှာပြင်ဟာ plate လို့ခေါ်တဲ့ ပန်းကန်ပြားပုံစံကျောက်လွှာပေါ်မှာတည်ရှိပါတယ်။
ဒီ plate က mantle လို့ခေါ်တဲ့မြေဆီလွှာရဲ့ရွေ့လျားမှုနဲ့လိုက်ပြီးလှုပ်ရှားနေပေမဲ့၊ ရွေ့လျားနေတဲ့မြေဆီလွှာအချင်းချင်းတိုက်မိတဲ့နေရာက ငလျင်ဖြစ်ပေါ်ရလွယ်ကူတဲ့ ဆုံမှတ်ဖြစ်လာပါတယ်။

https://www.data.jma.go.jp/svd/eqev/data/jishin/

အဲ့ဒီအချိန် plate တစ်ခုဟာအောက်ကိုနစ်ဝင်သွားလေ့ရှိပေမဲ့၊ ပွတ်တိုက်နေရင်း နစ်မြုပ်သွားတာကြောင့် ဆုံမိသွားတဲ့နေရာမှာအားတွေစုစည်းလာပါတယ်။
အဲ့ဒါကပေါက်ကွဲသွားတဲ့အချိန်မှာ ငလျင်ဖြစ်ပေါ်ပါတော့တယ်။

နောက်ပြီးဘာကြောင့်ဂျပန်ဟာ ငလျင်ဖြစ်ပေါ်ရသလဲဆိုရင်၊ ဒီလိုပုံစံ plate ၄ ခုတိုက်မိတဲ့နေရာပေါ်မှာ ဂျပန်မြေဟာရှိနေလို့ပဲဖြစ်ပါတယ်။

https://tigakutasu.com/

ဒါကြောင့် ဂျပန်ဟာငလျင်ဖြစ်နေတာမဆန်းတော့ဘူးပေါ့..
ဒီ plate ရဲ့ရွေ့လျားမှုဟာ ငလျင်ပဲမဟုတ် မီးတောင်နဲ့လည်းအများကြီးသက်ရောက်မှုရှိနေပါတယ်။
မီးတောင်အောက်မှာ ချော်ရည်တွေကိုစုစည်းသွားစေတာလည်း ငလျင်နဲ့အတူတူပဲ ၎င်းရဲ့နောက်ဆက်တွဲသက်ရောက်မှုကြောင့်ဖြစ်ပါတယ်။

အဲ့ဒီအစား၊ ရေပူစမ်းတွေများစွာဖြစ်ပေါ်လာတဲ့ အကျိုးလည်းရှိသလို၊ အဲ့ဒီကြီးမားတဲ့စွမ်းအင်ကိုအသုံးချပြီး၊ ဘူမိအပူစွမ်းအင်ထုတ်လုပ်မှုအတွက်လည်း လက်တွေ့စမ်းသပ်ချက်တွေလုပ်ဆောင်လာပါတယ်။

စကားမစပ် ငလျင်ဟာနှစ်တိုင်းမှာဖြစ်ပေါ်တဲ့အကြိမ်ရေ ကြီးမားစွာကွဲပြားပါတယ်။
နည်းတဲ့မြို့ဆိုရင် အကြိမ်ပေါင်း ၅၀၀ နှင့်အောက်ရှိပြီး၊ ပုံမှန်ရဲ့ ၄ ပုံ ၁ ပုံစာလောက်သာဖြစ်ပေမဲ့၊ ဒါဟာတကယ်တော့ ကြောက်စရာကောင်းတဲ့လက္ခဏာဖြစ်ပါတယ်။
plate ရဲ့ရွေ့လျားမှုက တသမတ်တည်းပါပဲ။
တစ်နည်းအားဖြင့် စုစည်းလာတဲ့ငလျင်စွမ်းအင်ကလည်း တသမတ်အရှိန်ဖြင့်စုဝေးလာတယ်။
ငလျင်မရှိဘူး၊ တစ်နည်းအားဖြင့်စွမ်းအင်ထုတ်လွှတ်ခြင်းမရှိဘူးဆိုတာက ၎င်းတို့စုဆောင်းနေခြင်းဖြစ်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
တစ်ပြိုင်နက်တည်းအင်အားကြီးတဲ့ငလျင်အဖြစ် ပေါက်ကွဲသွားနိုင်ချေမြင့်မားစွာရှိနေတယ်လို့ ခန့်မှန်းရပါတယ်။

မီးတောင်ပေါက်ကွဲမှုလည်း ထိုနည်း၎င်းပါပဲ။
ချော်ရည်တွေစုလာပြီး ပေါက်ကွဲထွက်ခြင်းဟာ မီးတောင်ပေါက်ကွဲခြင်းဖြစ်ပေမဲ့၊ ဖူဂျီတောင်ကတော့ နှစ် ၁၀၀ သက်တမ်းကျော်လာသည့်တိုင်း ပေါက်ကွဲမှုမရှိသေးပါဘူး။
ဒီတစ်ခါပေါက်ကွဲမှုသာဖြစ်ရင် တော်တော်လေးပြင်းအားများမှာပဲမဟုတ်လား? လို့ပြောနေကြပါတယ်။

ဒါကြောင့် အတန်အသင့်လှုပ်ခတ်ပြီး၊ အတန်အသင့်မီးတောင်ပေါက်ကွဲမှုဖြစ်နေတာကတောင် ဂျပန်အတွက်ငြိမ်းချမ်းတယ်လို့ဆိုရပါမယ်။

ငလျင်ရော၊ မီးတောင်ရောကြောက်စရာကောင်းတယ်လို့ထင်တယ်နော်…
ဒါပေမဲ့ဂျပန်ကတစ်လျှောက်လုံးဒီလိုသဘာဝတရားထဲမှာရှိနေတာကြောင့်၊ ကြိုတင်စီမံမှုတွေကလည်းကောင်းမွန်စွာနဲ့တိုးတက်နေတာကြောင့်၊ စိတ်ချလက်ချနဲ့ရေပူစမ်းကိုသွားကြပါနော် …

ငလျင်နဲ့မီးတောင်ပေါက်ကွဲခြင်းထက် ပိုပြီးကြောက်စရာကောင်းတာက “ လျစ်လျူရှုခြင်း” ပါပဲ။
မီးတောင်ပေါက်ကွဲတော့မယ်ဆိုတဲ့အကြောင်း သတိပေးချက်များကိုစောစောထုတ်ပေးပါတယ်။

ငလျင်လှုပ်ပြီးနောက် ဆူနာမီလိုက်လာမှာကိုလည်းကြောက်ရတဲ့အတွက် ဝေဖန်တဲ့သတိပေးချက်ကိုချက်ချင်းထုတ်ပြန်ပါတယ်။
ဒါကိုလျစ်လျူမရှုဘဲ၊ နာလိုက်ရမယ့်အရာတွေကိုချက်ချင်းလုပ်မယ်ဆိုရင် အဆင်ပြေပါတယ်….

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: