ဘာမဆို လုပ်နိုင်တဲ့ယောက်ျားတွေက မိတ်ကပ်လည်းလိမ်းနိုင်တယ်၊ ဆာမူရိုင်း တွေလည်း မိတ်ကပ်လိမ်းခဲ့တယ်!?

စာဖတ်သူ ယောကျ်ားလေးတွေ‌ရော မိတ်ကပ်လိမ်းကြလား?
တော်တော်များများကတော့ “လိမ်းစရာလား”လို့ပြန်ဖြေမယ်ထင်တယ်နော်။

ဒါပေမယ့် အခုတလော ဂျပန်မှာလည်း ပြောင်းလဲမှုလေးတွေဖြစ်နေပါတယ်။
ကိုရိုနာကြောင့် အိမ်ကနေပဲ အစည်းအဝေးထိုင်ရတာတွေ များလာတယ်လေ။
မျက်နှာချင်းဆိုင်တွေ့ပြီး စကားပြောကြရင်တော့၊ ဟန်ပန်အမူအယာနဲ့ စိတ်အခြေအနေလေး သိရပေမယ့်၊ ကင်မရာသေးသေးလေးကတစ်ဆင့် မြင်ရတာကျတော့ ပြောဖို့တော်တော်လေး ခက်တယ်နော်။

အဲ့ဒီလိုဆိုတော့ ကင်မရာထဲက ကိုယ့်ပုံကလည်း အရေးကြီးလာပါတော့တယ်။
အဲ့ဒါကြောင့် မိတ်ကပ်ပါးပါးလေးလိမ်းပြီး ပုံထဲမှာကြည့်ကောင်းအောင် လုပ်ကြတဲ့ ယောကျ်ားတွေများလာပါတော့တယ်။

စိတ်ပျက်စရာကောင်းလိုက်တာ!လို့မပြောပါနဲ့။ နောက်ပိုင်းကိုလည်း ဆက်ကြည့်ပေးပါဦး။
ယောကျ်ားတွေထဲက ယောကျ်ားဖြစ်တဲ့ ဆာမူရိုင်းတွေလည်း မိတ်ကပ် လိမ်းခဲ့ကြလို့ပါပဲ။

ဒီစာအုပ်က ဆူမူရိုင်းတစ်ယောက်မှာ ရှိသင့်တဲ့ အင်္ဂါရပ် ဆိုတဲ့လမ်းညွှန်စာအုပ်တစ်ခုအဖြစ် နာမည်ကြီးတဲ့ ဟဂခုရဲ့ ဖြစ်ပါတယ်။ ဒီမှာလည်း ရေးထားလို့ပါပဲ။


https://mag.japaaan.com/archives/138749

ဒီစာအုပ်ကို မဖတ်ဖူးရင်တောင်မှ ဒီစကားလုံးကိုတော့ ကြားဖူးကြမလားပဲ။

武士道と云ふは、死ぬ事と見つけたり
(ဆာမူရိုင်းတွေ လျှောက်သင့်တဲ့လမ်း၊ စစ်သည်ရဲ့လမ်းဆိုတာ သေဖို့ကို ရည်ရွယ်ထားရမယ်)

ဆိုတဲ့စကားဟာ နာမည်ကြီးပါတယ်။

သတ္တိတွေပေါ်လာစေတဲ့ ပြည့်စုံလှတဲ့ စကားဖြစ်ပေမယ့်၊ ဒီယောကျ်ားကောင်းဆန်လှတဲ့ စာအုပ်မှာ မိတ်ကပ်အကြောင်း ရေးထားလို့ပါပဲ။
ဒါတင်မကဘူး မိတ်ကပ်ကိုလိမ်းပါ!လို့ရေးထားလို့ပါ။

ယောကျ်ားတွေလည်း မှန်ကို သေချာလေးကြည့်ရမယ်။
ပြီးတော့ မျက်နှာအရောင်အသွေး မကောင်းရင် မိတ်ကပ်လိမ်းရမယ်။
မိတ်ကပ်လိမ်းကိရိယာတွေကို အမြဲဆောင်ထားရမယ်။

ဘာလို့လဲဆိုတော့ မျက်နှာအရောင်အသွေး မကောင်းတာကို ရန်သူကမြင်သွားရင် အားနည်းနေတာကို မြင်သွားမှာမို့လို့ပါပဲ။

ဆာမူရိုင်းဆိုတာက ရန်သူကိုကိုယ်အားနည်းနေတာကို မပြဘဲ၊ အမြဲတမ်း ကျန်းကျန်းမာမာ တက်တက်ကြွကြွနဲ့ ခွန်အားရှိကြောင်း ပြရမှာဖြစ်ပြီး၊ အသုံးမလိုတဲ့ တိုက်ခိုက်မှုတွေကို ရှောင်ထွက်သင့်တယ် ဆိုတာပါပဲ။

ဗိုလ်ချုပ် Sengoku ပန်းချီထဲမှာ ဒီလိုမျိုးမြင်ရပါတယ်။

https://mag.japaaan.com/

မျက်နှာအရောင်ကို ချဲ့ကားပြီး ထည့်ဆွဲထားတာ မဟုတ်ဘဲ၊ မိတ်ကပ်လိမ်းထားပုံပါပဲ။

စကားမစပ် ဆာမူရိုင်းတွေ တိုက်ခိုက်ကြရင် ရန်သူကိုသတ်ပြီး ခေါင်းကိုယ်ဖြတ်ပြီး ပြန်သယ်ကြတယ်။ အဲ့ဒီအတွက် ဆုလာဘ်တွေလည်းရကြတယ်။
မိတ်ကပ်လိမ်းထားတဲ့ ဆာမူရိုင်းက ရာထူးမြင့်တဲ့ ဆာမူရိုင်းပဲလို့ မှတ်ယူကြတာ‌ကြောင့် ဖြတ်ယူလာတဲ့ခေါင်းကို မိတ်ကပ်လိမ်းတာမျိုးလည်း တော်တော်လေး လုပ်ခဲ့ကြပါတယ်။

ဒီအထိရောက်လာတော့ သရဲကားအကြောင်း ပြောနေသလိုတောင် ဖြစ်လာပြီ…

အခုခေတ်မှာ နေထိုင်နေကြတဲ့ အားလုံးမှာတော့ ရန်သူ့ခေါင်းကို ဖြတ်ယူလာစရာ မလိုပေမယ့်၊ ကိုယ်နဲ့ဆက်ဆံနေတဲ့ တစ်ဖက်လူက မျက်နှာအရောင်အသွေး မကောင်းဘဲ မကျန်းမာတဲ့သူဆို ဘယ်လိုနေမလဲ?
သွက်လက်တက်ကြွပြီး ကျန်းမာနေတဲ့သူကို ပိုပြီးလူကြိုက်များကြတယ်မဟုတ်လား?
အဲ့ဒီလိုအချိန်တွေမှာ မိတ်ကပ်လေး နည်းနည်းလိမ်းကြည့်လိုက်မယ်၊ ဆိုပြီးတွေးမိသွားကြလို့ ထင်ပါတယ်။

ဒါပေမယ့် မိတ်ကပ်လိမ်းရတာ အရမ်းကြိုက်သွားပြီး၊ အဲ့ဒီလိုင်းကို ကူးသွားရင်တော့ တာဝန်မယူဘူးနော်။ အဲ့ဒါကတော့ ကိုယ့်တာဝန်ပဲနော်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: