အများကမသိခဲ့သော အထူးတိုက်ခိုက်ရေးတပ်ဖွဲ့မှာ အနစ်နာခံသွားတဲ့အမျိုးသမီးများ

အမေရိကန်ရဲ့ စစ်သင်္ဘောကိုလေယာဥ◌်နဲ့ဝင်တိုက်ပြီးအသေခံဗုံးခွဲခဲ့တဲ့ Kamikaze အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ရှိခဲ့ပါတယ်။ အများကတော့ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့လို့ပဲ သိထားကြပါတယ်။
အမေရိကန်တွေကြောက်ရွံ့ခဲ့ရတဲ့ KAMIKAZE၊ BANZAI ATTACK စတဲ့တိုက်ခိုက်ရေးနည်းလမ်းတွေဟာ ကမ္ဘာမှာတောင်သိပ်ပြီးဥပမာပေးစရာမရှိလောက်အောင်၊ ရူးသွပ်တဲ့လုပ်ရပ်အဖြစ် မှတ်တမ်းတင်ထားပါတယ်။

https://mag.japaaan.com/

ဒါနဲ့မတူဘဲ အခြားသောတိုက်ခိုက်ရေးတပ်ဖွဲ့ရှိခဲ့တာကိုတော့ ဂျပန်လူမျိုးများတောင် သိပ်ပြီးမသိထားကြပါဘူး။
နေရာမှာ တရုတ်ပြည်မကြီးဖြစ်ပြီး၊ ရန်သူကတော့ ရုရှားစစ်သားဖြစ်ပါတယ်။

ဂျပန်ဟာတရုတ်ပြည်ရဲ့တစ်စိတ်တစ်ပိုင်းကိုသိမ်းပိုက်ပြီး မိမိတို့ရဲ့ ကိုယ်ပိုင်ရုပ်သေးအစိုးရကိုဖွဲ့စည်းကာ တိုင်းပြည်တစ်ခုကိုတည်ထောင်ခဲ့ပါတယ်။
အဲ့ဒီအချိန်၊ အတော်လေးများတဲ့ဂျပန်လူမျိုးတွေထိုနေရာမှာနေထိုင်ခဲ့ကြတယ်လို့ဆိုပေမဲ့၊ စစ်သားတွေမဟုတ်ဘဲ၊ မြို့မှာနေထိုင်ကြတဲ့သာမန်အရပ်သားများဖြစ်ပါတယ်။

စစ်ရှုံးပြီးပြန်လည်ဆုတ်ခွာခဲ့ရပေမဲ့၊ ရန်သူတပ်ကတိုက်ခိုက်ချေမှုန်းလာတယ်။
ဒီနေရာမှာတိုက်ခိုက်လာတဲ့ရုရှားစစ်သားတွေဟာ အကျဉ်းသားတွေကိုစစ်သားတွေအဖြစ်အသုံးချခံထားရတဲ့လူတွေသာဖြစ်နေပြီး၊ ဂျပန်ပြည်သူတွေအတွက်တော့ ငရဲအဖြစ်ပြောင်းလဲသွားပါတယ်.

“ မိန်းကလေးတွေထုတ်ပေး”

ရုရှားစစ်သားတွေဟာ အကြိမ်ပေါင်းများစွာ ထိုစကားလုံးကိုအသုံးပြုခဲ့ကြတယ်။
အမျိုးသမီးတွေဟာ ယောက်ျားလေးနဲ့တူဖို့အတွက် ဆံပင်ကိုတိုတိုညှပ်ခြင်း၊ ဂတုံးရိတ်ခြင်းတို့ဖြင့် ထွက်ပြေးခဲ့ကြရပါတယ်။

သို့သော်လည်း အမျိုးသမီးပေါင်းများစွာဟာ ရုရှားစစ်သားတွေထံ ပျော်တော်ဆက်(လိင်ကျွန်)အဖြစ်ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။
ထိုကဲ့သို့ထိုအမျိုးသမီးတွေကို အထူးတိုက်ခိုက်ရေးတပ်ဖွဲ့လို့ ထိုဒေသမှာခေါ်ခဲ့ကြပါတယ်။

အဲ့ဒီလိုမိန်းကလေးတွေနဲ့မတူဘဲ ထိုဒေသမှာပဲ တူညီတဲ့အထူးတိုက်ခိုက်ရေးတပ်ဖွဲ့လို့ ခေါ်ခြင်းခံခဲ့ရတဲ့အမျိုးသားတွေလည်းရှိခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အဆုံးပိုင်း၊ ရုရှားတင့်ကားတွေဟာ ဒုံးကျည်နှင့်ဗုံးကိုခံနိုင်ရည်ရှိတဲ့အစွမ်းထက်လက်နက်ဖြစ်ခဲ့ပါတယ်.
၎င်းတင့်ကားကို တိုက်လေယာဉ်နဲ့ဝင်တိုက်ပြီး အသေခံဗုံးခွဲတဲ့စစ်ဆင်ရေးကိုပြုလုပ်ခဲ့တာကတော့ ဟောဒီတရုတ်ပြည်မှာရှိတဲ့အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ပဲဖြစ်ပါတယ်။

အဲ့ဒီလိုအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ထဲမှာ ထူးဆန်းတဲ့မှတ်တမ်းတစ်ခုကျန်ခဲ့ပါတယ်။
စစ်ပွဲပြီးနောက် ၂ နှစ်အကြာ၊ အမျိုးသမီးကိုတင်ဆောင်ပြီး အထူးတန်ပြန်တိုက်ခိုက်ခြင်းကိုပြုလုပ်ခဲ့တယ် ဆိုတဲ့အချက်ဖြစ်ပါတယ်။
၂ နှစ်တောင်ကြာသွားခဲ့ပြီးနောက်မှ ဘာကြောင့်လဲ?
နောက်ပြီး ဘာကြောင့်မိန်းကလေးဖြစ်နေရတာလဲ?

အကြောင်းမှာတော့ ဂျပန်လူမျိုးတွေလွတ်မြောက်စေဖို့အတွက်လုပ်ခဲ့တဲ့အရာပဲဖြစ်နေပါတယ်။
တစ်ဖြည်းဖြည်းတောင်ဘက်ကိုဆင်းလာတဲ့ ရုရှားစစ်သားတွေ !!
ထွက်ပြေးကြတဲ့ဂျပန်လူမျိုးတွေဟာ၊ ကိုရီးယားနိုင်ငံထိကိုပြေးကြပြီး အဲ့ဒီကနေသင်္ဘောနဲ့ဂျပန်ကိုပြန်ကူးခဲ့ကြပေမဲ့၊ ရုရှားစစ်တပ်ရဲ့ လျင်မြန်စွာတောင်ဘက်ကိုဆင်းလာမှုကြောင့်၊ လူပေါင်းများစွာဖမ်းမိသွားကြပါတယ်။
အဖမ်းခံရမယ်ဆိုရင်တော့ အလွန်အေးတဲ့ဆိုက်ဘေးရီးယားမှာ စစ်သုံ့ပန်းဘဝကိုရောက်ရှိသွားမှာပါ။
ဘယ်လိုပဲဖြစ်ဖြစ် မိတ်ဆွေတွေကိုလွတ်မြောက်စေချင်တယ်။
အဲ့ဒါရဲ့ရလဒ်ကတော့ ဒီလိုတန်ပြန်တိုက်ခိုက်ခြင်းကိုဖြစ်ပေါ်လာစေခဲ့တာပါပဲ..

Kamikaze Special Attack Unit

လို့သူတို့ကိုခေါ်ပါတယ်။
Kamikaze ဆိုတာကတော့ ဂျပန်ကိုအဓိပ္ပါယ်ဆောင်တဲ့စကားလုံးဖြစ်ပါတယ်။
အခုတော့အသုံးပြုခြင်းမရှိတော့ပေမဲ့၊ “ နတ်ဘုရားရှိနေတဲ့နေရာ” ဆိုတဲ့အဓိပ္ပါယ်ရပါတယ်။
“ ဂျပန်နိုင်ငံတော်ကြီးတည်တံ့ဖို့ရန်အတွက်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့” လို့ဆိုတဲ့အဓိပ္ပါယ်ပဲဖြစ်ပါတယ်။

အဲ့ဒီအထဲမှာ အထူးတိုက်ခိုက်ရေးထဲပါဝင်ခဲ့တဲ့ဇနီးမောင်နှံ ၂ ဦးရှိခဲ့တယ်။
Tanifuji Tetsuo ဆိုတဲ့သူလည်းအဲ့ဒီလိုအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့တယ်။
စစ်ဆင်ရေးမစခင်တစ်ရက်မှာ ဇနီးဖြစ်သူ Asako ကိုဆုံးဖြတ်ချက်မမိုက်မဲဖို့စကားပြောခဲ့တယ်။
အဲ့ဒီအချိန်အမျိုးသမီးက ဒီလိုပြန်ပြောခဲ့ပါတယ်။

“ အကယ်၍မသေခဲ့လို့၊ ရုရှားလူတွေဆီကနေ ချစ်ကြိုက်ခံရမယ်ဆိုရင်တောင်
အချစ်ဆုံးယောက်ျားဖြစ်တဲ့ရှင်နဲ့အတူ ရန်သူတပ်ကိုတိုက်ခိုက်ပြီး သေပွဲကိုလိုက်ချင်တယ်။
ခေါ်သွားပါ”

အဲ့ဒီနောက်မှာပဲသူတို့ ၂ ဦးအပါအဝင် တပ်သား ၁၁ ဦးဟာ နောက်တစ်နေ့တိုက်ပွဲမှာကျဆုံးသွားခဲ့ပါတယ်။

အဲ့ဒီနောက်၊ ဂျပန်စစ်တပ်ဟာ Tanifuji တို့ဇနီးမောင်နှံရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ဒီလိုအမိန့်ချမှတ်လိုက်ပါတော့တယ်။
– အထူးတန်ပြန်တိုက်ခိုက်ခြင်းသည် လက်နက်ချအမိန့်ကိုဆန့်ကျင်သည်။
– ဒီအပြင်လူ ၂ ဦး၊ အမျိုးသမီးကိုလိုက်ပါစေတာက စစ်သမိုင်းကိုချိုးဖောက်ခြင်းဖြစ်သည်။

လို့ဆိုတာ အခြားသူတွေရဲ့မိသားစုကိုတော့ အာဇာနည်စစ်သည်တို့ရဲ့ကျန်ရစ်မိသားစုဝင်အဖြစ်အသိအမှတ်ပြုခဲ့သော်လည်း၊ Tanifuji ရဲ့ဆွေမျိုးသားချင်းတွေကိုတော့ အသိအမှတ်မပြုခဲ့ကြပါဘူး။
အသိအမှတ်ပြုခြင်းမခံရဘူးဆိုတာက ကျန်ရစ်သူမိသားစုရထိုက်တဲ့ ပင်စင်လည်းမရရှိခြင်းပါပဲ။
ဂျပန်လူမျိုးတွေကိုကာကွယ်ဖို့လုပ်ခဲ့တဲ့သူတို့ ၂ ဦးကို ကျေးဇူးမတင်ဘဲ၊ အမိန့်ချိုးဖောက်သူအဖြစ်သတ်မှတ်ခဲ့တာက ဘာကြောင့်များလဲ?

စစ်ရေးမှတ်တမ်းကိုချိုးဖောက်ခြင်းလို့ပြောတော့သာလွယ်ပေမဲ့၊ သူတို့တွေသာ အထူးစစ်ဆင်ရေးကိုမလုပ်ခဲ့ရင် အခြားသောဂျပန်လူမျိုးတွေဘယ်လိုဖြစ်သွားကြမလဲ?
အတူတူသာသေဆုံးချင်တဲ့ဇနီးဖြစ်သူကတော့ ဘယ်လိုဖြစ်သွားမလဲ?

ဘယ်ကိုပဲဆက်လျှောက်ပါစေ ဝမ်းနည်းစရာကောင်းတဲ့လမ်းကလွဲပြီးရွေးချယ်စရာမရှိတာကိုစဥ◌်းစားကြည့်ရင် ရင်နာရပါတယ်။
ဒီလိုအဖြစ်ဆိုးမျိုး၊ ဂျပန်မှာပဲမဟုတ် ကမ္ဘာရဲ့နေရာတိုင်းမှာ နောက်ထပ်မဖြစ်ပေါ်စေချင်တော့ပါဘူး။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: