အိမ်ထောင်ပြုခြင်းနှင့် Family name။ ဂျပန်နိုင်ငံ၏ မပြောင်းလဲသော အိမ်ထောင်ပြုခြင်းစနစ်

ဂျပန်နိုင်ငံရဲ့ အိမ်ထောင်ရေးစနစ်မှာ နိုင်ငံခြားသားတွေ တော်တော်နဲ့နားမလည်နိုင်တဲ့အရာတစ်ခုကတော့ Family Name အကြောင်းဖြစ်ပါတယ်။
ဒါကို မကြိုက်လို့ အိမ်ထောင်မပြုဘူးဆိုသူများလည်း ဂျပန်နိုင်ငံမှာ ရှိနေပါတယ်။

ဂျပန်နိုင်ငံမှာ အိမ်ထောင်ပြုတဲ့အခါ လင်မယားစုံတွဲဟာ Family Name တူအောင် လုပ်ရပါတယ်။
အိမ်ထဲကိုဝင်ရောက်ခြင်း (မိသားစုဝင်ဖြစ်ခြင်း) ဆိုတဲ့အဓိပ္ပာယ်က ဂျပန်နိုင်ငံမှာ နက်နဲတဲ့အတွက် ဒီလိုFamily Name တူအောင်လုပ်ရတဲ့စနစ်ဖြစ်နေပြီး ဥပဒေအရလည်း သတ်မှတ်ထားပါတယ်။
မိန်းကလေးအများစုက ယောက်ျားဖြစ်သူရဲ့အိမ်ကို လာနေရပေမယ့် အမျိုးသမီးရဲ့အိမ်မှာ မျိုးရိုးဆက်ခံမယ့်သူမရှိတဲ့အခါမျိုးတွေမှာဆိုရင်တော့ အမျိုးသားဖြစ်သူက အမျိုးသမီးရဲ့ မျိုးရိုးကို ယူရတာမျိုးလည်းရှိပါတယ်။”

ဂျပန်နိုင်ငံမှာ Full Name နဲ့ ကံကြမ္မာကြည့်ခြင်းဆိုတာမျိုးရှိပြီး နာမည်နဲ့ လူတစ်ယောက်ရဲ့ အကျင့်စရိုက်နဲ့ အနာဂတ်ကို ပြောနိုင်တယ်လို့ဆိုပါတယ်။ ဒီလိုဆို အိမ်ထောင်ပြုလိုက်တဲ့အခါ အမျိုးသမီးအများစုရဲ့ ကံကြမ္မာရော အကျင့်စရိုက်ရော ပြောင်းလဲသွားမှာလား?

ဒါပေမယ့် Family name ပြောင်းသွားတာကြောင့် နာမည်လဲပြောင်းသွားတာမို့ နည်းနည်းရီစရာနာမည်အဖြစ် ပြောင်းသွားတဲ့သူတွေလည်းရှိပါတယ်။
ဂျပန်နိုင်ငံမှာ ယိုရှိနို(吉野) ဆိုတဲ့ Family name ရှိသူတွေ အများကြီးရှိပါတယ်။
ခိမုရ ယိုရှိနို(木村佳乃) လို့ခေါ်တဲ့ တစ်ယောက်သာ ယိုရှိနို(吉野) ဆိုသူနဲ့ အိမ်ထောင်ပြုခဲ့ရင် ယိုရှိနို ယိုရှိနို (吉野佳乃) ဆိုပြီး ဖြစ်သွားပါမယ်။

မရိခို (麻理子) က အိုဒ (小田) နဲ့ လက်ထပ်လိုက်ရင် အိုဒမရိခို (အဓိပ္ပာယ် – ပါးစပ်ပိတ်ထား) ဆိုပြီး ဖြစ်သွားပါမယ်။

မရိအ (真莉愛) က အဘေး (阿部) နဲ့ လက်ထပ်လိုက်ရင်
အဘဲ မရိအ (阿部真莉愛) လို့ ဖြစ်သွားပြီး Ave Maria ဆိုတဲ့ နာမည်ကြီးသီချင်းအမည်ဖြစ်သွားပါမယ်။

ဒါအတွက်ကြောင့်နဲ့ ကိုယ်ကြိုက်တဲ့သူနဲ့ လက်မထပ်တော့ဘူးလားလို့ မေးရင် “အင်း လက်မထပ်ချင်ဘူး” လို့ သေချာပေါက် တွေးမှာဖြစ်ပါတယ်။

အမျိုးမျိုးသောအကြောင်းအရင်းတွေကြောင့် အမည်မတူချင်တဲ့အိမ်ထောင်သည်စုံတွဲတွေဟာ တရားရင်ဆိုင်ကြပြီး တရားဥပဒေအရ အဆုံးအဖြတ်ပေးဖို့ ယှဥ်ပြိုင်ကြပေမယ့် ဥပဒေတင်းကြပ်ပြီး ခွင့်ပြုချက်မရခဲ့ပါဘူး။

ဘာလို့ ဂျပန်နိုင်ငံဟာ ဒီလိုမျိုး မျိုးရိုးနဲ့ပတ်သက်ပြီး အထိခိုက်မခံကြတာလဲဆိုရင် ဂျပန်နိုင်ငံမှာ မိသားစုဆိုတဲ့တွေးခေါ်နည်းက ခိုင်ခိုင်မာမာ အမြစ်တွယ်နေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
အုတ်ဂူကိုလည်း တစ်ဦးတည်းအနေနဲ့မဟုတ်ဘဲ မိသားစုအလိုက် ထားရှိရတာဖြစ်ပါတယ်။
အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းအများစုမှာ အလုပ်ကြိုးစားတဲ့အလုပ်ဝန်ထမ်းတွေရှိပေမယ့် ဥက္ကဌရဲ့မျိုးဆက်ကပဲ ဥက္ကဌဖြစ်လာနိုင်တာလိုမျိုးပေါ့။

လက်ရှိမှာတော့ Nuclear Family က ပိုတိုးလာပြီး မိသားစုဆိုတဲ့ခံစားချက်က သိပ်မလေးနက်ကြတော့ပေမယ့် ဥပဒေအရ တော်တော်နဲ့ အသိမပြုနိုင်ပါဘူး။
အစဥ်အလာကို ထိန်းသိမ်းတာကလည်း အရေးကြီးပြီး မိသားစုဆိုတဲ့တွေးခေါ်နည်းကလည်း မဆိုးပေမယ့် အချိန်တွေပြောင်းလဲလာတာနဲ့အမျှ လူသားတွေရဲ့ အာရုံခံစားချက်တွေကလည်း ပြောင်းလဲလာပါတယ်။
ဒါကြောင့် ဒါတွေအပေါ် သင့်လျော်စွာ တုံ့ပြန်လုပ်ဆောင်နိုင်တဲ့စိတ်သဘောထားရှိဖို့လည်း လိုအပ်မယ်လို့ထင်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: