Single Mother ကို Brainwash လုပ်ပြီး ၃ နှစ်အတွင်းမှာ ယန်း သန်း ၁၀၀ အမြတ်ထုတ်ခဲ့တဲ့ ဗေဒင်ဆရာ။

ဗေဒင်ကို ယုံကြည်တဲ့အတွက် လိုတာထက်ပိုပြီးတော့လုပ်ဆောင်မိတဲ့သူတွေရှိပါတယ်။
အမျိုးသားတွေထက် အမျိုးသမီးတွေက ဗေဒင်ကို ပိုယုံလေ့ရှိကြပေမယ့် ဒီတစ်ခေါက်အဖြစ်ကတော့ ထင်ထားတာထက်ကို ပိုဆိုးနေခဲ့ပါတယ်။

၁၉၈၂ ခုနှစ်မှာ ဂွန်းမခရိုင်ကနေ မွေးဖွားခဲ့တဲ့ A စံဟာ အခုတစ်ခေါက်ဖြစ်စဥ်ရဲ့ သားကောင်ဖြစ်ပါတယ်။
ငယ်စဥ်ကတည်းက မိဘတွေဆီကနေ ချစ်ခြင်းမရရှိဘူးလို့ ခံစားရပြီး အခြားသူတွေနဲ့ မိမိကိုယ်ကို မယုံကြည်မှု၊ အထီးကျန်မှုတွေနဲ့အတူ ကြီးပြင်းလာသူတစ်ယောက်ဖြစ်ပါတယ်။

ဒီလိုနဲ့ အသက် ၂၁ နှစ်မှာ မေတ္တာမျှခဲ့တဲ့ချစ်သူနဲ့ ကလေးရခဲ့တာကြောင့် လက်ထပ်ဖြစ်ခဲ့ပါတယ်။
နောက်ပိုင်းမှာ ကလေးတစ်ယောက်ထပ်ရခဲ့ပေမယ့် နှစ်အတန်ကြာပြီးနောက်မှာ ကွာရှင်းခဲ့ပြီး Single mother အနေနဲ့ ကလေးတွေကို ပျိုးထောင်လာခဲ့ပါတယ်။

ကွာရှင်းပြီး သိပ်မကြာခင်မှာပဲ ဘဝကြီးဟာ အဓိပ္ပာယ်မရှိတော့သလိုခံစားလာရတဲ့ A စံဟာ နာမည်ကြီးအမျိုးသမီးမဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ကြော်ငြာကိုတွေ့ပြီး ဗေဒင်ဆရာဆီကို ဖုန်းနဲ့ဆက်သွယ်ကာ တိုင်ပင်ဆွေးနွေးခဲ့ပါတယ်။
တစ်မိနစ်ကို တိုင်ပင်ကြေး ယန်း ၂၁၀ ပေးရပေမယ့် ကိုယ်ပြောတဲ့စကားတွေကို နားထောင်ပေးတဲ့ဗေဒင်ဆရာ X ကို စတင်ယုံကြည်လာပြီး ကိစ္စအရာမှန်သမျှကို ဗေဒင်ဆရာနဲ့ တိုင်ပင်နေပါတော့တယ်။

https://president.jp/articles/-/48593

တစ်နှစ်အကြာမှာတော့ A စံဟာ နေ့တိုင်းလိုလို တိုင်ပင်ဆွေးနွေးတဲ့အီးမေးလ်ကို ပေးပို့ပြီး ဖုန်းနဲ့တိုင်ပင်ဆွေးနွေးတာကိုလည်း တစ်ပတ် ၂ နှစ်ကြိမ်လောက်လုပ်ကာ ဗေဒင်ဆရာ Xအပေါ် လုံးဝယုံကြည်လာပါတော့တယ်။
ဗေဒင်ဆရာ X ညွှန်ကြားချက်အတိုင်း A စံဟာ လမ်းခွဲထားတဲ့ယောကျ်ားဆီကို ကလေးနှစ်ယောက်လုံး ပို့ထားပြီး တိုကျိုမြို့ထဲမှာ တစ်ဦးတည်းနေထိုင်ခဲ့ပါတယ်။

အလုပ်ကိုလည်း ဗေဒင်ဆရာ X ညွှန်ပေးတဲ့ စားသောက်ဆိုင်မှာ အလုပ်လုပ်ပြီး ဒါ့အပြင် ဗေဒင်ဆရာ X ရဲ့ ညွှန်ကြားချက်နဲ့ ကလေး အုပ်ထိန်းခွင့်ကိုပါ စွန့်လွှတ်လိုက်ပါတယ်။
X က A စံကို

မင်းလူငယ်ဘဝတုန်းက ဆေးခြောက် တစ်ခေါက်ရှူဖူးလို့
 ဦးနှောက်ဆဲလ်တွေ ပျက်စီးနေတယ်
 အလုပ်ကလူတွေကလည်း မင်းကို မုန်းနေပေမယ့် အဲ့ဒါကို သိတာ ငါတစ်ယောက်တည်း။
 ငါ့ကိုပဲအားကိုးပါ။
 ငါ့ကို ဆန့်ကျင်ရင် ဘာဖြစ်မလဲဆိုတာ အာမမခံနိုင်ဘူးနော်။

ဆိုပြီး ခြိမ်းခြောက်ထားပါတယ်။

နောက်ပိုင်းမှာ A စံဟာ စိတ်ဝေဒနာအသေးစား ခံစားလာရပြီး မိဘနေအိမ်ကို ပြန်လာကာ ဗေဒင်ဆရာ X နဲ့ နှစ်ဝက်ခန့် အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။
ဒါပေမယ့် X ကတော့ A ဆီ ဒီလိုဆက်သွယ်လာခဲ့ပါတယ်။

“ မင်းကို နေခိုင်းမယ့်တိုက်ခန်းကို အသစ်ပြန်ပြင်တဲ့အခါ ကုန်ကျထားတဲ့ ယန်း ၅ သိန်းကို ပေးစေချင်တယ်။”

X ကို အလွန်ယုံကြည်နေတဲ့ A စံဟာ အဲ့ဒီကုန်ကျငွေအတွက် လစဥ် ယန်း သောင်းချီပေးပြီး ပေးချေခဲ့ပါတယ်။
ပြီးတော့ X ဟာ A စံကို ဒီလို လမ်းညွှန်ခဲ့ပါတယ်။

“ မင်းငါ့ကို ကူညီရင် ငါဘက်ကနေ မင်းကို တစ်ခုခုတန်ကြေးပေးမှာမို့လို့ တိုကျိုကို ပြန်လာပါ။”

X ကို ကူညီရင်းနဲ့ တိုကျိုမှာ နေနေခဲ့ပေမယ့် X ဟာ A စံ လုပ်သမျှ အလုပ်အားလုံးမှာ မကျေနပ်ချက်တွေပြောပြီး ငွေကြေးလည်း မပေးခဲ့ပါဘူး။
ဒီလိုနဲ့ ကြေးအခက်အခဲဖြစ်လာတဲ့ A စံကို X စံက လိင်အလုပ်သမားဖြစ် လုပ်ကိုင်စေခဲ့ပါတယ်။

ပြီးတော့ အဲ့ကနေရတဲ့ ငွေတွေအားလုံးနီးနီးကိုယူပြီး A စံကတော့ တစ်နေ့ကို ယန်း ၁၀၀ ကနေ ၂၀၀ လောက်ပဲ သုံးရတဲ့အထိကို ဖြစ်သွားခဲ့ပါတယ်။

ဒီလောက်ပိုက်ဆံနဲ့ နေထိုင်ဖို့မဖြစ်နိုင်တဲ့အတွက်ကြောင့် A စံက အလစ်သုတ်တာတို့၊ သူငယ်ချင်းနဲ့ ဧည့်သည်တွေဆီကနေ စားသောက်စရာကို ခွဲဝေယူတာတို့လုပ်ပြီး နေထိုင်စားသောက်နေရပေမယ့် X အပေါ် ယုံကြည်ကိုးစားတဲ့စိတ်ကတော့ မပျောက်သွားပါဘူး။

၃ နှစ်ကြာ ဒီလိုနေထိုင်လာတဲ့အတွင်း X ကို ပေးခဲ့တဲ့ပိုက်ဆံစုစုပေါင်းဟာ ယန်း ၁၀၉,၀၉၀,၀၀၀ ဖြစ်ပါတယ်။
ကိုယ်ရှာထားတဲ့ငွေရဲ့ ၉၈% ကို ပေးခဲ့တဲ့သဘောဖြစ်နေပါတယ်။

သူမရဲ့ ဒီလိုအဖြစ်ကနေ ကယ်တင်ပေးခဲ့တဲ့သူက ရဲလည်းမဟုတ်၊ မိသားစုလည်းမဟုတ်၊ သူငယ်ချင်းလည်း မဟုတ်ပါဘူး။
အခွန်စစ်ဆေးခြင်းကနေ ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။
Sex shop ရဲ့ ဝန်ထမ်းတွေဟာ တစ်ဦးချင်းလုပ်ငန်းရှင်အနေနဲ့ အခွန်တင်ပြရပါတယ်။
ဒါကိုမလုပ်ထားတဲ့အတွက်ကြောင့် အခွန်စစ်ဆေးဖို့ဖြစ်လာပြီး အဖြစ်မှန်ပေါ်ပေါက်လာခဲ့ပါတယ်။

ဒီလိုဖြစ်စဥ်က လက်တွေ့မှာ ဖြစ်ရောဖြစ်နိုင်ပါမလားလို့ တွေးကောင်းတွေးနိုင်ပေမယ့် ဗေဒင်ဆရာတွေကို ယုံကြည်ကိုးစားလွန်းသူတွေမှာ ဖြစ်လေ့ရှိတဲ့အကြောင်းတွေပါ။
ဗေဒင်ဆရာတွေအားလုံးက ဒီလိုမျိုး မကောင်းတာတွေလုပ်တာတော့ မဟုတ်ပါဘူး။

ဗေဒင်ရဲ့အခြေခံသဘောတရားဟာ မှန်ကန်တယ်လို့ တွေးထင်စေတဲ့ စိတ်ပိုင်းဆိုင်ရာနည်းစနစ်တစ်ခုဖြစ်တယ်လို့ ဆိုကြပါတယ်။
နည်းနည်းလောက် စူးစမ်းလိုစိတ်နဲ့ ဗေဒင်မေးရင်တော့ ပြဿနာမဟုတ်ပေမယ့် လေးနက်တဲ့ဇာတ်ကြောင်းတွေအထိစူးစမ်းရင်တော့ ဒီလိုမျိုး လိမ်စဥ်တွေနဲ့ တွေ့နိုင်ပါတယ်။

အားလုံးလည်း ဂရုစိုက်ပါနော်!

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: