ခေါင်းကိုတူဖြင့် အချက် ၄၀ ထုရိုက်ခဲ့တဲ့လူသတ်မှု။ (ဖြစ်ရပ်မှန်) သေဆုံးသူဟာနောက်ဆုံးအထိကာကွယ်ခဲ့တဲ့အရာက ဘာများလဲ?

၂၀၀၇ ခုနှစ်။
ဝမ်းနည်းစရာကောင်းတဲ့ဖြစ်ရပ်တစ်ခု ဖြစ်သွားခဲ့ပါတယ်။
အဲ့ဒီအချိန်၊ မိုဘိုင်းဖုန်းနဲ့အသုံးပြုလို့ရတဲ့ဝဘ်ဆိုက်အဖြစ်ပေါ်လာခဲ့တဲ့ တွေ့ဆုံရာနေရာ၊ “Dark Employment Security Office” ဆိုတဲ့ဝဘ်ဆိုက်ဟာ
ရာဇဝတ်မှုအတွက် လမ်းစတစ်ခုဖြစ်လာခဲ့ပါတယ်။

Employment Security Office ဆိုတာကတော့ အလုပ်အကိုင်ဆုံးရှုံးသွားရတဲ့လူတွေကို အလုပ်အကိုင်အသစ်နဲ့မိတ်ဆက်ပေးခြင်း၊
အလုပ်ရရှိဖို့အတွက် သက်ဆိုင်ရာပညာရပ်များအားသင်ကြားပေးခြင်း စတာတွေကိုလုပ်ဆောင်တဲ့ အစိုးရအေဂျင့်စီဖြစ်ပါတယ်။
ဒီလိုမျိုးအလုပ်ရှာနိုင်တဲ့နေရာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဝဘ်ဆိုက်မှာတော့ “ Dark” ဆိုတဲ့စကားလုံးတွဲပါနေတယ်။
ထိုစကားလုံးအတိုင်းပဲ၊ ရာဇဝတ်မှုများနဲ့ပြည့်လျှံနေတဲ့ ပြဿနာဆိုက်တစ်ခုမျှသာဖြစ်ပါတယ်။

ထောင်ကနေထွက်ပြီးခါစ၊ ယာယီဝန်ထမ်းအဖြစ်အလုပ်လုပ်နေတယ်။
အရူးလုပ်လွန်းလို့ မလုပ်နိုင်တော့ဘူး။
ဒါဖြင့်တစ်ခုခု စပြီးမလုပ်ကြည့်ချင်ကြဘူးလား?

အဲ့ဒီလိုသဘောတူညီခဲ့တဲ့ လူ ၃ ဦးဟာ ရာဇဝတ်မှုကို လက်တွေ့အစီအစဉ်ချပါတော့တယ်။
အခင်းဖြစ်ခဲ့တဲ့ည၊ သားကောင်းကိုရှာဖွေနေတဲ့ရာဇဝတ်သားတွေဟာ၊ တကယ်ကိုတည်ငြိမ်ရင့်ကျက်ပုံရတဲ့ Rieဆိုတဲ့မိန်းကလေး (အသက် ၃၁ နှစ်) ကိုရှာတွေ့သွားခဲ့တယ်။
လမ်းကိုမေးမြန်းဟန်ဆောင်ပြီး အရပ် ၁၅၅ စင်တီမီတာရှိတဲ့ Rie ကိုပွေ့ချီကာ ကားပေါ်တင်ပြီးအဲ့ဒီနေရာကနေထွက်ပြေးသွားကြပါတယ်။
အချိန်မှာ ၁ မိနစ် ၂ မိနစ်အတွင်းလေးပဲကြာသွားခဲ့ပါတယ်။
ထိုဖြစ်စဉ်ရဲ့ ၂ နာရီကြာ‌ပြီးတဲ့နောက်မှာတော့ Rie ဟာအသတ်ခံလိုက်ရပါတော့တယ်။
ပိုက်ဆံအိတ်ကိုလုပြီး၊ ဘဏ်ကဒ် PIN ကိုတောင်းတယ်။

ဓါးနဲ့ထောက်ထားပြီး၊ မုဒိန်းကျင့်မယ်လို့ခြိမ်းခြောက်တယ်။
ဒါပေမဲ့ နောက်ဆုံးအထိသူမဟာ ပင်နံပါတ်အမှန်ကိုမပြောခဲ့ပါဘူး။
အဲ့ဒီကဒ်ထဲမှာတော့ ငွေသားယန်းသောင်း ၈၀၀ တောင်ရှိနေကြောင်း နောက်ပိုင်းသိခဲ့ရပါတယ်။
မိန်းကလေးတန်မဲ့ အသက်ပေးရလောက်တဲ့အထိ ဘာကြောင့်ဒီငွေကိုစောင့်ရှောက်ခဲ့ရတာလဲ?

အဲ့ဒါကတော့
“ အမေ့အတွက် အိမ်ဝယ်ပြီးလက်ဆောင်ပေးချင်တယ်” ဆိုပြီးကြိုးစားစုဆောင်းခဲ့တဲ့ပိုက်ဆံဖြစ်နေလို့ပါပဲ….

အသတ်ခံရပုံမှာ တရားခံတွေဟာ Rie ကိုလက်ထိပ်ခပ်ပြီး၊ ခေါင်းကိုစူပါကနေဝယ်လာတဲ့ ဗီနိုင်းအိတ်နဲ့စွတ်ကာ မျက်နှာတစ်ခုလုံးကိုတိတ်နဲ့ပတ်ရစ်ထားပါတယ်။
လည်ပင်းကိုညစ်ပြီး၊ သံတူဖြင့်အကြိမ်ပေါင်းများသူမရဲ့ခေါင်းကိုထုရိုက်ထားပါတယ်။
အချက်ပေါင်း ၄၀ ကျော်တဲ့ …

သေဆုံးပုံစစ်ဆေးကြည့်တဲ့အခါ လည်ပင်းညစ်ခံရခြင်းကြောင့်လေပြွန်ပိတ်ဆို့ပြီးသေဆုံးသွားခဲ့ခြင်းဖြစ်ပါတယ်။
ဒါဖြင့် အချက်ပေါင်း ၄၀ တောင်တူနဲ့အရိုက်ခံရတဲ့နာကျင်မှုကို အတော်လေးသည်းခံခဲ့တာများလား?

ဖမ်းမိခဲ့တဲ့ရာဇဝတ်သားများ
Rie ရဲ့မိခင်ဟာ တရားခံ ၃ ယောက်ကိုသေဒဏ်ချမှတ်ပေးဖို့ Nagoya ရဲ့လမ်းပေါ်ရှိပြည်သူများထံ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
ရလဒ်ကတော့ ကျူးလွန်သူထဲက ၂ ယောက်သေဒဏ်ကျသွားပြီး၊ ပတ်သက်ဆက်နွယ်သူ ၁ ယောက်ကတော့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျသွားပါတယ်။

ဒီမှုခင်းကို ရုပ်ရှင်ပြန်ရိုက်ထားပါတယ်။

ကမ္ဘာတစ်ဝှမ်းလုံးမှာ သေဒဏ်ပေးတဲ့စနစ်ကိုဖျက်သိမ်းပစ်တဲ့နိုင်ငံတွေများစွာရှိတဲ့အထဲက၊ ဂျပန်မှာတော့ ၈၀ ရာခိုင်နှုန်းနှင့်အထက်ပြည်သူလူထုဟာ
သေဒဏ်စနစ်ကိုထောက်ခံအားပေးလျှက်ရှိပါတယ်။
သေဒဏ်နဲ့ တစ်ဦးကတစ်ဦးကိုသတ်ဖို့ခွင့်ပြုထားတာလား? ဆိုတဲ့ထင်မြင်ချက်တွေလည်းရှိပေမဲ့၊ အသတ်ခံလိုက်ရသူနဲ့ကျန်ရစ်သူမိသားစုရဲ့ခံစားချက်ကိုပြောရရင်
သေဒဏ်ပေးစေချင်တာကို ကောင်းကောင်းနားလည်နိုင်မယ်လို့ထင်ပါတယ်.

ဒါပေမဲ့ သေဒဏ်ချမှတ်ခံရသူ ၂ ဦးထဲက ၁ ဦးဟာ တစ်သက်တစ်ကျွန်းအဖြစ်လက်ရှိထောင်ထဲမှာရှိနေပါတယ်။
အဲ့ဒီအတွက်ကုန်ကျစရိတ်က အခွန်ကနေစီးဆင်းတယ်။
သေးငယ်တဲ့အစိတ်အပိုင်းတစ်ခုလို့သာဆိုပေမယ့်၊ သေဆုံးသူမိသားစုရဲ့အခွန်ငွေလည်း အဲ့ဒီထဲကိုရောက်မှာပါ..

ဒါကိုစဉ်းစားကြည့်ရင် သေဒဏ်ပေးခြင်းဟာရှိတာလား၊ မရှိတာလား..
သင်တို့ရောဘယ်လိုထင်ပါသလဲ?

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: