Death Note အတိုင်းပဲလား? ဂျပန်မှာတကယ်ရှိခဲ့တဲ့ ကျိန်စာတိုက်သတ်ခြင်း

ကိုယ်မုန်းတဲ့သူနာမည်ကိုရေးလိုက်ရုံနဲ့ သတ်လို့ရတဲ့ Death Note
ဂျပန်နာမည်ကြီး Anime ဖြစ်ပြီး “အဲ့ကောင်နမာည် ရေးပြီးသတ်ပစ်ချင်တယ်” လို့တွေးပြီး ကြည့်ခဲ့တဲ့သူတွေလည်း ရှိမှာပဲမဟုတ်လား?

https://jump-netabare.love/

ဒါနဲ့ Death Note ကတကယ်ရှိပြီး၊ သင်ကအဲ့ဒါကို ရလိုက်တယ်ဆိုပါစို့။ စာအုပ်နဲ့ လူကိုသတ်လိုက်မယ်ဆိုရင်၊ ဂျပန်နိုင်ငံရဲ့ ဥပဒေမှာ လူသတ်မှုမမြောက်ပါဘူး။
ကျိန်စာတွေဘာတွေက သိပ္ပံနည်းလမ်းနဲ့ သက်သေပြမရလို့ လူသတ်မှုနဲ့ အကြောင်းအရင်းဆက်နွယ်မှုရှိတယ်လို့ မမြင်ရလို့ပါပဲ။

ဂျပန်မှာ ရှေးခေတ်ကတည်းက ကောက်ရိုးရုပ် (ဝရ နင်းဂယိုး) ကျိန်စာဆိုတာရှိပါတယ်။
ကောက်ရိုးနဲ့လုပ်ထားတဲ့အရုပ်ကို ညဘက်မှာ အပ်နဲ့စိုက်သွင်းလိုက်ရင်၊ တစ်ဖက်လူကိုကျိန်စာတိုက်လို့ရပြီး၊ ဂျပန်လူမျိုးတိုင်းသိကြတဲ့ ကျိန်စာတိုက်နည်းပါ။
ပြီးတော့ Amazon မှာလည်း ကောက်ရိုးရုပ်ကို ရောင်းနေပါတယ်။
စချင်နောက်ချင်လို့ ဝယ်ကြတာအပြင်တော့ မရှိလောက်ပါဘူး။

အခုခေတ်မှာ လူတိုင်းသိနေပြီး မယုံကြည်ကြတဲ့ ကျိန်စာတိုက်ခြင်းဟာ၊ လွန်ခဲ့တဲ့ နှစ်၅၀၀တုန်းကတော့ ကြောက်စရာကောင်းလောက်အောင် ထိရောက်ခဲ့တယ်လို့ ပြောကြပါတယ်။
ကျိန်စာဆိုတာ တကယ်ရှိခဲ့ပုံပါပဲ။

ရဟန်းများ၏ အစုလိုက်အပြုံလိုက်လူသတ်မှု
၁၄၆၉ခုနှစ် အောက်တိုဘာလ၊ ကျိုတိုမြို့ တောင်ဘက်မှာရှိတဲ့ ဒိုင်းဂို့ဘုန်းကြီးကျောင်းမှာ အခင်းဖြစ်ခဲ့တယ်။
ဒီကျောင်းက အဲဒီအချိန်မှာကို လွန်ခဲ့တဲ့နှစ်ပေါင်းရာကျော်ကတည်းက ဆောက်ခဲ့တဲ့ သမိုင်းဝင်မြင့်မြတ်တဲ့ ကျောင်းဖြစ်ပြီး၊ ပတ်ပတ်လည်မှာ လယ်ကွင်းတွေဝန်းရံနေကာ တိတ်ဆိတ်အေးချမ်းတဲ့ နေရာမှာရှိနေခဲ့ပါတယ်။

ရွာသူရွာသားတွေက ဒီကျောင်းနားက လယ်ကွင်းတွေမှာ လယ်ထွန်ကြပြီး၊ ရိတ်သိမ်းထားတဲ့ တစ်စိတ်တစ်ပိုင်းကို နှစ်စဉ်လက်ဆောင် (နန်းဂု) အဖြစ်၊ အခုခေတ်စကားနဲ့ဆိုရင် အခွန်အနေနဲ့ ဘုန်းကြီးကျောင်းကို ပေးခဲ့ရပါတယ်။
အတူတကွ ပေါင်းဖွဲ့နေထိုင်ပြီး ဆက်ဆံရေးကောင်းခဲ့ပေမယ့်၊ အဲ့ဒီအချိန်မှာ ပြည်တွင်းစစ် (အိုးနင်းနို့ရန်း) အကြီးအကျယ် ဖြစ်နေခဲ့ပါတယ်။

https://president.jp/articles/-/48312?page=2

လယ်သမားတွေလည်း စစ်တိုက်ဖို့ချောဆွဲခံရတာကြောင့် အလုပ်လုပ်နိုင်တဲ့ ယောက်ျားသားတွေနည်းပြီး၊ လယ်လုပ်ငန်းလည်း ထင်သလောက်မဖွံ့ဖြိုးခဲ့ပါဘူး။
အဲ့ဒီအထဲမှာ နှစ်စဉ်လက်ဆောင် (နန်းဂု) ကိုလျှော့ပေး!ဆိုတဲ့အသံတွေ ထွက်လာပါတော့တယ်။
ဒါပေမယ့် ဆွေးနွေးရတာ ခက်ခဲလာပြီး၊ နောက်ဆုံးမှာတော့ ဘုန်းကြီးကျောင်းနဲ့ ဘုန်းပြီးကျောင်းနဲ့ပက်သက်သူတွေကြားမှာ ကြမ်းတမ်းခက်ထန်တဲ့ အပြုအမူကို လုပ်ဆောင်တဲ့ လူတွေထွက်ပေါ်လာပါတော့တယ်။

ဒီလိုဆက်ဖြစ်နေရင် ဘုန်းကြီးကျောင်းဆက်ရပ်တည်ဖို့ အန္တရာယ်ရှိလာမှာဖြစ်လို့ ဘုန်းကြီးတွေဟာ အကြံထုတ်ကြပါတော့တယ်။
ချပ်ဝပ်တန်ဆာတွေဝတ်ပြီး လေးမြားတွေကိုင်ကာ စစ်တိုက်မယ်ဆိုတဲ့ အစွန်းရောက်တဲ့ အကြံဖြစ်ပြီး၊ တော်တော်လေးကို ရဟန်းမဆန်တဲ့ နည်းလမ်းကိုရွေးချယ်လိုက်တာပါပဲ။
ဆိုပေမယ့်လည်း တိုက်ခိုက်မှုတွေက ပိုမိုကြီးမားလာခဲ့ပါတယ်။

အဲဒီမှာနောက်ဆုံးလက်နက်ကို ထုတ်သုံးပါတော့တယ်။
ဟုတ်ပါတယ်၊ ကျိန်စာပါပဲ။

ဘုန်းကြီးကျောင်းခန်းမထဲမှာ တိုက်ခိုက်မှုနတ်ဘုရားရုပ်ကိုထားပြီး၊ ဘုန်းကြီးအပါး ၂၀ က ကျိန်စာတွေကို နေ့စဥ်ရွတ်ဖတ်နေကြပါတော့တယ်။ နောက်ဆုံးမှာတော့ ကျိန်စာထိပါတော့တယ်။
တော်တော်နဲ့ ဘယ်သူတွေမှန်းမသိခဲ့ရတဲ့ တိုက်ခိုက်မှုလုပ်ဆောင်နေခဲ့တဲ့ ခေါင်းဆောင်တွေကို ရှာတွေ့သွားပြီး၊ ဖမ်းနိုင်ခဲ့လို့ပါပဲ။
အဲ့ဒီလူတွေကို ဘုန်းကြီးတွေက အပြစ်ပေးစီရင်ခဲ့ကြပါတယ်။

ပြီးတော့ ဒီတိုက်ခိုက်မှုမှာပါခဲ့တဲ့ ပြည်သူတွေဟာလည်း ဖျားနာ၊ အစာရေစာငတ်ပြတ်စတဲ့ အကြောင်းအရင်းရှာမရတဲ့ အရာတွေဖြစ်ပြီး ရုတ်တရက် အစုလိုက်အပြုံလိုက် သေကုန်ကြပါတယ်။ ရောဂါပြင်းပြင်းထန်ထန်ဖြစ်ပြီး သေခဲ့ရတဲ့သူတွေ တော်တော်များခဲ့ပုံပါပဲ။
ကျိန်စာက လူတွေတင်မကဘဲ သူတို့မွေးထားတဲ့ နွား၊ မြင်းတွေကိုပါထိပြီး ပုန်ကန်တိုက်ခိုက်နေတာတွေ လျော့ကျသွားပါတော့တယ်။

အမှန်တကယ်ပဲ သံသယဖြစ်ဖွယ်သေဆုံးမှု များစွာဖြစ်ခဲ့ပြီး၊ ဘုန်းကြီးကျောင်းဘက်က မှတ်တမ်းနဲ့ အပြင်ကမှတ်တမ်းက တစ်ထပ်တည်းကျနေပါတယ်။
ထုံးစံအတိုင်းပုန်ကန်မှုတွေ ထပ်မဖြစ်လာတော့ပါဘူး။

Death Note အစစ်
နရ စီရင်စုမှာရှိတဲ့ ကြီးမားတဲ့ဘုန်းကြီးကျောင်းဖြစ်တဲ့ ခိုးဟုခုဂျိ ဘုန်းကြီးကျောင်းမှာ၊ Death Note ရှိခဲ့ပုံပါပဲ။
၁၄၈၆ခုနှစ်မှာ ဒီဘုန်းကြီးကျောင်းကို ရောက်လာရမယ့် နှစ်စဉ်လက်ဆောင် (နန်းဂု) တွေကို အဲ့ဒီဒေသက ဆာမူရိုင်းဖြစ်တဲ့ တမဲ့ခုနိ ဟရှိအို ကခိုးယူခဲ့ပါတယ်။

အဲ့ဒါကြောင့် ဘုန်းကြီးကျောင်းက အဲ့ဒီဆာမူရိုင်းရဲ့ နာမည်ကို စာရွက်ပေါ်ရေးပြီး ကျန်စာကိုထည့်လိုက်ကြပါတယ်။
သူ့ကို ဘုန်းကြီးတွေက ရောဂါခံစားပြီး သေရအောင် ဆက်တိုက်ဆုတောင်းနေကြပါတယ်။

အစကတော့ အရူးတွေဆိုပြီးလှောင်ပြောင်နေတဲ့ ဟရှိအိုဟာ လအနည်းငယ်အကြာမှာ ရလဒ်ကိုတွေ့ရပါတော့တယ်။
ဟရှိအို အုပ်ချုပ်ရတဲ့ရွာမှာ အဖြေရှာမရတဲ့ ရောဂါပျံ့နှံ့လာပြီး၊ လူတော်တော်များများ သေခဲ့ကြရပါတယ်။
ဟရှိအို ရဲ့လက်အောက်ခံ၊ မိန်းမ တို့ကိုလည်း ရောဂါကူးစက်ခဲ့ပါတော့တယ်။
ဟရှိအို ကိုတော့ရောဂါမကူးခဲ့ပေမယ့်၊ သူ့နယ်မြေကတော့ ရှုပ်ထွေးပြီး ပဍိပက္ခတွေဖြစ်နေခဲ့ပါတော့တယ်။
အဲ့ဒါကောင့် Death Note ကျိန်စာမိသွားတယ်လို့ ပြောကြပါတယ်။

အဲ့ဒီခေတ်တုန်းက ဆာမူရိုင်းတွေဟာ အင်အားကြီးထွားလာတာနဲ့အမျှ နာမည်ကိုလိုက်ပြောင်းခဲ့ကြပါတယ်။
၃ကြိမ်၊ ၄ကြိမ်လောက် ပြောင်းရတာက ပုံမှန်ပါပဲ။

ဒီလိုအဖြစ်အပျက်တွေ ဂျပန်မှာ ရှာကြည့်လိုက်ရင် တော်တော်များများ ထွက်လာမှာပါ။
ကျိန်စာစွမ်းအင်ကိုသုံးပြီး တိုက်ခိုက်တာက တကယ်ရှိခဲ့ပုံရပါတယ်။
ဒါပေမယ့်…..ဂျပန်က ဘုန်းကြီးတွေက ကြောက်ဖို့ကောင်းတယ်နော်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: