ပိုမိုအဆင့်မြင့်လာသော Capsule Hotel များ၊ ဒီလိုသာ သက်တောင့်သက်သာရှိမယ်ဆိုရင် သေချာပေါက် တည်းကြည့်ချင်တယ်

စာဖတ်သူများ Capsule Hotel ကို ကြားဖူးကြမယ်ထင်ပါတယ်။
ပုံမှန်ဆို ဟိုတယ်တွေက ဈေးကြီးပါတယ်။ ဒါပေမယ့် ဒီ Capsule Hotel ကတော့ အိပ်ဖို့အတွက်သာလျှင် ဖွင့်ထားတာဖြစ်ပြီး နေရာအနေနဲ့ကလည်း အိပ်ဖို့လုံလောက်ရုံပဲ အခန်းဖွဲ့ထားတာဖြစ်ပါတယ်။

ABOUT 03

ကျွန်တော် ရှိဘုယမှာ အလုပ်လုပ်တုန်းကတော့ Capsule ဟိုတယ်မှာ မကြာမဏ တည်းခိုဖူးပါတယ်။ အလုပ်ပြီးတဲ့အချိန်မှာ ရထားကလည်း မရှိတော့ဘူး။ တက္ကစီနဲ့ပြန်ဖို့ကလည်း ဈေးအရမ်းကြီးတဲ့အတွက် ဒီလိုမျိုး တည်းခိုဖို့ ဖြစ်လာပါတယ်။
စစချင်းတည်းခိုတုန်းက “ လျှို့ဝှက်နေရာ” နဲ့တူလို့ စိတ်လှုပ်ရှားခဲ့ပေမယ့် ၄ ကြိမ်မြောက်တည်းတဲ့အချိန်ကစပြီး သိပ်စိတ်မလှုပ်ရှားတော့ပါဘူး။
ဈေးသက်သာလို့ ကျေးဇူးတင်မိပေမယ့် လူအိပ်ဖို့နေရာထက် ပစ္စည်းထည့်ဖို့နေရာလို့ ခံစားရပြီး နေရတာ သိပ်အဆင်မပြေပါဘူး။
အခုတော့ အဲ့လိုနေရာမျိုးမှာ မတည်းဖြစ်တော့ဘူးလို့တွေးခဲ့ပေမယ့် ရှာဖွေကြည့်တဲ့အခါ အခုတလော Capsule Hotel တွေက အဆင့်မြင့်လာတဲ့ပုံပါပဲ။

ဒီလိုပုံသာဆိုရင်တော့ တက်တက်ကြွကြွနဲ့ကို သွားတည်းဖြစ်မယ်ထင်တယ်
Nine Hours
Nine Hours


https://travel.rakuten.co.jp/mytrip/ranking/capsulehotel-ranking

အိပ်ရာရဲ့ဖွဲ့စည်းပုံက အရင်တုန်းကနဲ့ မကွာခြားပေမယ့် အပြင်အဆင်ကတော့ ရှယ်ပါပဲ။
အာကာသယာဥ်ထဲကို ရောက်နေသလိုမျိုး စိတ်လှုပ်ရှားမိတာကတော့ ကျွန်တော်တစ်ယောက်တည်းလား?

တည်းခိုသူတွေ အတူတူမျှဝေသုံးရတဲ့နေရာတွေကလည်း သန့်ရှင်းပြီး ပြီးပြည့်စုံအောင်လုပ်ပေးထားတာကလည်း ဆွဲဆောင်မှုတစ်ခုပါပဲ။
ရေချိုးခန်းနဲ့ အကာကာပေးထားတဲ့အလုပ်နေရာလည်း ထားရှိပေးတဲ့အတွက် အလုပ်ရှုပ်တဲ့သူတွေအတွက်လည်း အဆင်ပြေစေပါတယ်။

First Cabin


Capsule အမည်နဲ့မလိုက်ဖက်တဲ့ ကျယ်ဝန်းတဲ့အခန်းရှိပြီး သာမန်ဟိုတယ်တွေလောက် မကျယ်တဲ့အတွက် ဈေးကတော့ သက်သာပါတယ်။
ဒါပေမယ့် ဒီလောက်အခန်းအရွယ်အစားကတော့ မကျဉ်းလွန်းမကျယ်လွန်းပါဘူး။
တည်းခိုသူအချင်းချင်း မျှဝေသုံးရတဲ့နေရာကလည်း အတော်လေး မိုက်ပါတယ်။

BAY HOTEL


ကုတင်တစ်ခုပဲပါတဲ့ နေရာကျဥ်းကျဉ်းလေးဖြစ်ပေမယ့် သန့်ရှင်းသပ်ရပ်ပြီး လင်းထင်းတဲ့အခန်းကတော့ စိတ်ကျေနပ်ဖွယ်ရာပါပဲ။
ညနက်လို့ အိမ်မပြန်နိုင်တဲ့အချိန်တွေတင်သာမက နေ့လည်တစ်ရေးအိပ်ဖို့တောင် လာချင်စရာပါပဲ။

GLANSIT AKIHABARA

အခိဟဘရမှာ ကာတွန်းပစ္စည်းတွေကို ကြည့်ရင်း ညနက်သွားလို့ အိပ်ပြန်ရခက်တာမျိုးတော့ မရှိဘူးထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဆိုင်ပိတ်ချိန် သတ်မှတ်ထားလို့ပါ။
ဒါပေမယ့် သင်က အခိဟဘရကို နှစ်သက်တဲ့သူဆိုရင် အခိဟဘရမှာ ညကို ကုန်ဆုံးပြီး ဒီလိုဟိုတယ်မှာအိပ်ရမယ်ဆိုရင် အတော်လေးစိတ်ကျေနပ်ဖွယ်ကောင်းတဲ့ ခရီးလေးတစ်ခု ဖြစ်သွားနိုင်ပါတယ်။

ဂျပန်မှာနေထိုင်သူတွေဟာ ဂျပန်နိုင်ငံရဲ့ဟိုတယ်တွေက ဈေးကြီးလွန်းလို့ ခရီးမသွားနိုင်တာမျိုးရှိကြမယ်လို့ထင်ပါတယ်။ ဒါပေမယ့် ဒီလို Capsule ဟိုတယ်ကို ရှာဖွေပြီး တည်းခိုမယ်ဆိုရင်တော့ အကုန်အကျနည်းနည်းနဲ့ ခရီးသွားနိုင်မယ်လို့ထင်ပါတယ်။
ဘိုကင်စောစောတင်ရင် လျှော့ဈေးများများပေးတဲ့ နေရာတွေလည်း အများကြီးရှိတဲ့အတွက် ရှာဖွေကြည့်ကြည့်ပါနော်။

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: