သဘာဝတရားကြီးကို ခံစားနိုင်မယ့် ကမ္ဘာ့အကြီးဆုံး အများသုံးအိမ်သာ

အများနဲ့မတူ ထူးခြားတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့ဂျပန်နိုင်ငံ။
အနီမေးရှင်း၊ Adult video၊ နည်းပညာစွမ်းရည်စသဖြင့် နယ်ပယ်အမျိုးမျိုးမှာ ဂျပန်နိုင်ငံရဲ့ အများနဲ့မတူ တမူထူးခြားတဲ့စွမ်းရည်တွေကို တွေ့မြင်နိုင်ပါတယ်။
အဲ့ဒီထဲကမှ တစ်ခုကတော့ အိမ်သာလို့ထင်ပါတယ်။
ဂျပန်နိုင်ငံအကြောင်း စိတ်ဝင်စားတဲ့သူတွေကတော့ ဂျပန်နိုင်ငံရဲ့ အိမ်သာတွေက ထူးခြားတယ်ဆိုတာ သိပြီးသားဖြစ်မယ်လို့ထင်ပါတယ်။
ဒါဆို ဂျပန်နိုင်ငံက ဘာလို့ ဒီလောက်ထိ အိမ်သာကို နှစ်သက်ကြတာလဲ?
အဖြေကို ဂျပန်လူမျိုးတွေကိုယ်တိုင်တောင် မသိကြဘူးလို့ဆိုပါတယ်။

ကမ္ဘာပတ်ဝန်းကျင်က အမေ့ဗိုက်ထဲမှာ ရှိတဲ့အချိန်ကို အမှတ်ရမိစေတယ်တို့၊
ဂျပန်နိုင်ငံရဲ့ အိမ်ကျဉ်းကျဉ်းလေးထဲမှာ သီးသန့်နေရာအဖြစ် အသုံးပြုနိုင်တဲ့နေရာတစ်ခုတည်းက အိမ်သာဖြစ်လို့စသဖြင့် အမျိုးမျိုးပြောကြပေမယ့် အိမ်သာအပေါ်ခံယူနည်းက အနည်းငယ် ထူးဆန်းပါတယ်။

ဒီလို အိမ်သာကို သန့်သန့်ရှင်းရှင်းထားကြတဲ့ ဂျပန်နိုင်ငံမှာ ကမ္ဘာ့အကြီးဆုံး အများသုံးအိမ်သာရှိပါတယ်။
ချိဘခရိုင်၊ အိချိဟရမြို့မှာရှိတဲ့ ဒီထူးခြားတဲ့အိမ်သာကို ကြည့်ကြည့်ရအောင်။

အိမ်သာက ဒီလို ရှုခင်းအထဲမှာ ရှိပါတယ်။

တောင်ပေါ်မှာ ဒီတိုင်းအိမ်သာတက်ရမှာတော့မဟုတ်ပါဘူး။
အများသုံးအိမ်သာအနေနဲ့ သေချာလေး ဆောက်လုပ်ပေးထားတဲ့အတွက် စိတ်အေးအေးနဲ့ သွားလို့ရပါတယ်။

အိမ်သာလေးက ဒီလိုပါ။

အများသုံးအိမ်သာလို့ မထင်ရပေမယ့် တံခါးကို ဖွင့်ကြည့်တဲ့အခါ။

မြက်ခင်းထဲမှာ အိမ်သာရှိနေပါတယ်။
ကျောက်ခဲလမ်းလေးကနေ လျှောက်သွားကြည့်တဲ့အခါ မှန်နဲ့ကာထားတဲ့အိမ်သာအသွင်အပြင်ကို တွေ့မြင်ရပါတယ်။

ဒီလို မြေနေရာအကျယ်ကြီးက အိမ်သာလေးတစ်ခုအတွက် ကာရံပေးတာဖြစ်ပါတယ်။
ဒီလိုရှုခင်းလေးကို ငေးပြီး

အပေါ်ကို မော့ကြည့်လိုက်ရင် ကောင်းကင်ပြာပြာလေးကိုလည်း ခံစားနိုင်ပါတယ်။

အပြင်ကနေ မြင်ရလွယ်တော့ ရှက်တယ်လို့တွေးရင် မှန်ခန်းအတွင်းမှာရှိတဲ့ လိုက်ကာချလိုက်ရင် ရပါတယ်။
ရာသီအလိုက် မတူညီတဲ့ မြက်ပန်းလေးကို ကြည့်ရတာလည်း ကောင်းမွန်တဲ့အချက်တစ်ခုပါ။
ဂျပန်နိုင်ငံရဲ့ ရာသီဥတုလေးခုကို ကြည့်ရှုခံစားရင်း အိမ်သာတက်ကြည့်နိုင်တဲ့အပြင် ဒီလိုကျယ်လွင့်လွတ်လပ်တဲ့ခံစားမှုကြောင့် ဒီလိုအိမ်သာမျိုးကို စွဲလမ်းကောင်းစွဲလမ်းသွားနိုင်ပါတယ်။

ကမ္ဘာ့အကောင်းဆုံးအိမ်သာလို့ တရားဝင်သတ်မှတ်ထားတာမဟုတ်ပေမယ့် ၂၀၀ ㎡ အကျယ်ရှိတဲ့ အများသုံးအိမ်သာကတော့ ဒီတစ်နေရာမှာပဲရှိတဲ့အတွက် ကမ္ဘာ့အကောင်းဆုံးအိမ်သာလို့ ပြောလို့ရနိုင်ပါတယ်။ တကယ်ကိုပဲ ဂျပန်နိုင်ငံရဲ့ အိမ်သာတွေက ထူးခြားလှပါတယ်။

ဒီအိမ်သာက ချိဘခရိုင် ခိုမိနတိုတဲ့ဆုရထားလိုင်းရဲ့ အိတဘုဘူတာမှာ ရှိပါတယ်။ သေချာပေါက် နွေရာသီမှာ ပူပြီး ဆောင်းရာသီမှာ အေးနေမှာဖြစ်လို့ လာရောက်ချင်တဲ့သူတွေအနေနဲ့ နွေဦးနဲ့ ဆောင်းဦးမှာ သွားသင့်တယ်လို့ထင်ပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: