လေလည်ခြင်းကြောင့် လေလည်သူရော လေလည်ခံရသူပါ အသတ်ခံရခြင်း

ဆာမူရိုင်းခေတ်မှာ ရိုင်းပျတဲ့အပြုအမူလေးလုပ်ရုံနဲ့ အသတ်ခံရလေ့ရှိတယ်ဆိုပေမယ့် လေလည်တာကြောင့် အသတ်ခံရတာကတော့ အတော်လေးရှားပါတယ်။
ဒီတစ်ခေါက်တော့ ဒီလိုထူးဆန်းတဲ့ကိစ္စလေးအကြောင်းကို ပြောပြသွားပါမယ်။

အသတ်ခံရလောက်တဲ့အထိ လေလည်တာဆိုတော့ ဘယ်လောင်တောင် အနံ့ပြင်းလို့ပါလိမ့်လို့ တွေးနေကြမယ်ထင်ပါတယ်။ ဒါပေမယ့် တကယ့် အဖြစ်အပျက်က ဒီလိုပါ။

အဖြစ်အပျက်ဖြစ်ပွားတာကတော့ ၁၅၈၅ ခုနှစ် ချိဘရဲ့ ဆခုရရဲတိုက်မှာဖြစ်ပါတယ်။
ဒီရဲတိုက်ရဲ့ အဓိကပုဂ္ဂိုလ်ဖြစ်တဲ့ ချိဘ နိတနဲဟာ အခမ်းအနားတစ်ခုကို ကျင်းပနေခဲ့ပါတယ်။
အဲ့ဒီမှာ ကူညီလုပ်ကိုင်ပေးနေတဲ့ ခုဝတ မဂို့ဂို့ရိုးဟာ အခမ်းအနားမှာ ကူညီလုပ်ဆောင်ပေးစဥ်အတွင်း ၂ ခါလောက် လေလည်လိုက်တဲ့ပုံပါပဲ။

ဒီလိုကြီးမြတ်တဲ့ပွဲတော်ထိုင်ခုံမှာ လေလည်ခံလိုက်ရတဲ့ ခိုတနဲက အလွန်ဒေါသထွက်သွားပါတယ်။
ဒါပေမယ့် မဂို့ဂို့ရိုးကတော့

တမင်လုပ်တာမဟုတ်တဲ့အတွက် မထိန်းနိုင်ခဲ့ပါဘူး

လို့ ပြောလိုက်တော့ ခိုတနဲက ပိုပြီး ဒေါသပုန်ထွက်သွားပါတယ်။
အိမ်တော်ထိန်းတွေကလည်း အသည်းအသန် ဖြန်ဖြေပေးကြရပါတယ်။

ဒါပေမယ့်လည်း ဒေါသမလျှော့နိုင်တဲ့ ခိုတနဲက မဂို့ဂို့ရိုးကို အိမ်တော်ထိန်းရဲ့ အိမ်ဆီကို ပြန်စေလွှတ်လိုက်ပြီး မျက်စိရှေ့ကနေ ထွက်သွားခိုင်းလိုက်ပါတယ်။
ဒီလိုနဲ့ အချိန်အတန်ကြာပြီးနောက် မဂို့ဂို့ရိုးဟာ ခိုတနဲရှေ့မှာ အလုပ်ပြန်လုပ်ဖို့ ခွင့်ပြုချက်ရရှိသွားခဲ့ပါတယ်။ ဒီလောက်ဆိုရင်တော့ လေလည်တဲ့ကိစ္စကို ဖြေရှင်းပြီးလောက်ပြီလို့ ထင်ရပေမယ့်…

မဂို့ဂို့ရိုးဟာ မိမိလေလည်တဲ့အဖြစ်ကြောင့် စိတ်မကျေမချမ်းအရှက်တကွဲဖြစ်ခဲ့ရမှုကို လုံးဝမမေ့ဘဲ စိတ်ထဲတေးမှတ်ထားကာ နိတနဲအိပ်ခန်းထဲကို ခိုးဝင်ပြီး အိပ်နေတဲ့နိတနဲကို ဓားမြောင်နဲ့ ထိုးသတ်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။

ထွက်ပြေးသွားတဲ့ မဂို့ဂို့ရိုးဟာ နောက်ကလိုက်လာတဲ့လူတွေကြောင့် မလွတ်မြောက်နိုင်ကြောင်း သိတဲ့အခါ ကိုယ့်ကိုကိုယ်သတ်သေသွားခဲ့ပါတယ်။ လေလည်ခြင်းကြောင့် ၃ နှစ်တာ မကျေမချမ်းဖြစ်နေခဲ့တဲ့ မဂို့ဂို့ရိုးရဲ့ လက်စားချေလိုစိတ်ကတော့ ကြောက်မက်ဖွယ်ရာပါပဲ။

ပြန်စဥ်းစားကြည့်မယ်ဆိုရင် လေလည်လိုက်တာကြောင့် ဒီလိုမျိုး ဖြစ်ရတာမဟုတ်ဘူးလားနော်။
လေလည်လိုက်တဲ့အခါ အများသူငှာဆီက စိတ်တိုခံရတာကို မကြိုက်ဘူးဆိုပေမယ့် ဒါလေးနဲ့ လူသတ်ပြီး ကိုယ့်ကိုကိုယ်အထိပါ သတ်သေတာကတော့ နည်းနည်း တစ်ဖက်စွန်းရောက်သွားပြီလို့ထင်ပါတယ်။

စာဖတ်သူများလည်း လေလည်တာတို့၊ လေလည်တဲ့သူတို့ကို သတိထားပါနော်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: