ဂျပန်နိုင်ငံမှာ ထီကံစမ်းပြီး ယန်း ၁ ဘီလီယံ ရယူကြရအောင်!
ကိုရိုနာပြီးသွားရင် ဒီကြားထဲ မသွားဘဲ အောင့်အီးသည်းခံထားခဲ့တဲ့ခရီးတွေကို သွားချင်တယ်ဆိုတဲ့သူတွေလည်း အများကြီးရှိမယ်လို့ထင်ပါတယ်။
ဂျပန်နိုင်ငံကိုလာပြီး ဈေးဝယ်ထွက်တာတွေလည်း အများကြီး လုပ်ချင်ပေမယ့် အဲ့လောက်ထိဝယ်ခြမ်းနိုင်ဖို့က ပိုက်ဆံကလည်း မရှိဘူးဆိုသူတွေအတွက် ဒီနေ့မှာ ဂျပန်နိုင်ငံရဲ့ ပိုက်ဆံပွားနည်းအခွင့်အရေးကို ပြောပြချင်ပါတယ်။
ဂျပန်နိုင်ငံမှာ တကယ်တော့ လောင်းကစားတွေ အများကြီးရှိပါတယ်။
ကာစီနိုတော့ မရှိပေမယ့် စက်ဘီးပြိုင်ပွဲ၊ မြင်းပြိုင်ပွဲ၊ လှေပြိုင်ပွဲ၊ Auto Race တွေနဲ့ အစိုးရကစီမံပေးတဲ့လောင်းကစားဝိုင်းများစွာ ရှိပါတယ်။ ဒါပေမယ့် အဲ့ဒီပွဲတွေရဲ့ သတင်းအချက်အလက်တွေကို အချိန်ကြာကြာ ဆက်တိုက်မသိရှိထားရင် နိုင်ဖို့ခက်ခဲပါတယ်။
နိုင်ငံခြားသားတွေကို အကြံပေးလိုတာကတော့ ထီဖြစ်ပါတယ်။
ကံစမ်းတဲ့ပွဲဖြစ်တာကြောင့် လူတိုင်းမှာ တန်းတူညီမျှတဲ့အခွင့်အရေးရှိတယ်။
ထီထဲမှာကိုမှ အမျိုးအစားများစွာရှိတဲ့အတွက် အဲ့ဒါတွေကို မိတ်ဆက်ပေးပါရစေ။
အတိတ်ပေးတဲ့အိပ်မက်တွေမှာ ဂဏန်းတွေဘာတွေ ရခဲ့ရင် ပေါက်နိုင်ခြေပိုမြင့်နိုင်တယ်မဟုတ်လားနော်!?
ထီ
https://www.takarakuji-official.jp/kuji/jumbo/
အထိုးအများဆုံးက ဒီလိုထီလက်မှတ်ပါ။
ဂျပန်နိုင်ငံတစ်ဝှမ်းလုံးမှာ ဝယ်ယူနိုင်ပြီး နေ့တိုင်းမရောင်းချပါဘူး။
ဆုကြေးအကြီးဆုံးထီလက်မှတ်ကတော့ နှစ်ကုန် Jumbo ထီဖြစ်ပြီး တစ်စောင်ကို ယန်း ၃၀၀ နဲ့ ကံစမ်းနိုင်ကာ ပထမဆု နောက်ဆုံးအလုံးရဲ့ တစ်ခုတိုးတစ်ခုလျော့ဆုပါ ပေါက်ရင် ယန်း ၁ ဘီလီယံထိ ရရှိမှာဖြစ်ပါတယ်။
တစ်ခုတိုးတစ်ခုလျော့ဆုဆိုတာက ပထမဆုနောက်ဆုံးအလုံးက ၁၅၅၉ ဆိုရင် ၁၅၅၈ နဲ့ ၁၅၆၀ လက်မှတ်မှာပါ ဆုကြေးပေါက်နိုင်ပြီး ထီကို အတွဲလိုက်ဝယ်ထိုးရင် ပေါက်ကြေးပိုရနိုင်ပါတယ်။
ဒါသာပေါက်ရင်တော့ လိုချင်တာတွေ အကုန်လုံးနီးပါး ဝယ်နိုင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် ထီထိုးနိုင်တဲ့ကာလမှာ မထိုးလိုက်ရတာတို့၊ ထီပေါက်မဲနံပါတ်ကြော်ငြာတဲ့အချိန်အထိ ဂျပန်မှာမရှိလို့ ဘယ်လိုလုပ်ရမလဲဆိုတာတွေက နိုင်ငံခြားသားခရီးသွားတွေအတွက် အလုပ်ရှုပ်စေမှာပါ။
ဒါကြောင့် နိုင်ငံခြားသားခရီးသွားတွေ စမ်းကြည့်သင့်တဲ့ကံစမ်းလက်မှတ်ကို ပြောပြသွားပါမယ်။
ခဲခြစ်လက်မှတ်
တစ်စောင်ကို ၂၀၀ ယန်းဖြစ်ပြီး ပထမဆုက ယန်း ၁ မီလီယံဖြစ်ပါတယ်။
ယန်း ၁ ဘီလီယံနဲ့ယှဥ်ရင်တော့ ပမာဏနည်းသလိုထင်ရပေမယ့် ခဲခြစ်လိုက်တာနဲ့ ဆုကြေးပေါက်လား မပေါက်လား သိနိုင်တဲ့အတွက် ခရီးသွားဧည့်သည်တွေအတွက် သင့်တော်ပါတယ်။
ဆုကြေးကလည်း ယန်း ၁ မီလီယံဆိုတော့ နည်းနည်းနောနောတော့မဟုတ်ဘူးပေါ့နော်။
ဒီထက်ပိုပြီး ကံစမ်းချင်ရင်တော့ Triple Match ဆိုတဲ့ လက်မှတ်ရှိပါတယ်။
ဒါကတော့ ယန်း ၃ မီလီယံ ပေါက်နိုင်ပါတယ်။
ပေါက်ရင်တော့ နောက်နေ့ကစပြီး နေ့တိုင်းဆူရှီစားပြီး အပြန်လေယာဥ်ကိုလည်း အထက်တန်းကနေစီးပြီး ပြန်နိုင်မှာပေါ့နော်။
ဒါတွေထက် ပေါက်နိုင်ခြေ ပိုမြင့်ချင်ရင်တော့ ဒီ Matching card နဲ့ ကံစမ်းကြည့်ပါ။
ပထမဆုက ယန်း ၈ သောင်းဖြစ်ပေမယ့် အနိုင်ရနိုင်ခြေကတော့ ချက်ချင်းမြင့်တက်လာနိုင်ပါတယ်။
နောက်တစ်ခုကတော့ LOTO ပါ။
အကြိုက်ဆုံးနံပါတ်နဲ့ အတိတ်ပေးအိပ်မက်တွေကနေ ပေါက်ဂဏန်း သိနိုင်သူတွေအတွက်ကတော့ ဒီ LOTO နဲ့ အကိုက်ညီဆုံးဖြစ်မယ်လို့ထင်ပါတယ်။
LOTO မှာ အမျိုးအစား ၂ မျိုးရှိပါတယ်။
LOTO7 က နံပါတ် ၁ ကနေ ၃၇ အထိ ဂဏန်းထဲက ဂဏန်း ၇ လုံးကို ရွေးရတဲ့အမျိုးအစားဖြစ်ပါတယ်။
LOTO6 ကတော့ နံပါတ် ၁ ကနေ ၄၅ အထိထဲက ဂဏန်း ၆ လုံးကို ရွေးချယ်ရပါတယ်။
ဆုကြေးက LOTO7မှာ ၁၇ ဆိုရင် အများဆုံး ယန်း ၁ ဘီလီယံ၊ ၁၆ ဆိုရင် အများဆုံးသန်း ၆၀၀ ဖြစ်ပါတယ်။
နံပါတ် ၁ ကနေ ၃၁ အတွင်း ၅ ခုကို ရွေးရတဲ့ Mini LOTO ဆိုတာလည်း ရှိပေမယ့် ဆုကြေးအမြင့်ဆုံးကတော့ ယန်း ၁၀ မီလီယံဖြစ်ပါတယ်။
အပတ်တိုင်း အနိုင်ရတဲ့နံပါတ်ကို ကြေညာပေးတဲ့အတွက် တစ်ပတ်ထက်ပိုကြာကြာနေတဲ့ ခရီးသွားဧည့်သည်တွေအတွက် သင့်တော်ပါတယ်။
ဆုတွေကို LOTO7 ကို သောကြာနေ့၊ LOTO6 ကို တနင်္လာနေ့၊ Mini ကိုတော့ အင်္ဂါနေ့မှာ ကြေညာပေးပါတယ်။
နံပါတ်ကို အမှတ်အသားနဲ့ မှတ်ပြီး ကံစမ်းချင်တယ်ဆိုရင်တော့
Numbers ဆိုတာမျိုး ရှိပါတယ်။
ဂဏန်း ၄ လုံးနဲ့ ပေါက်နိုင်တဲ့ Numbers4 ပေါက်မဲက ယန်း ၁ မီလီယံခန့်၊ ဂဏန်း ၃ လုံးနဲ့ ပေါက်နိုင်တဲ့ Numbers3 ပေါက်မဲက ယန်း ၁ သိန်းဖြစ်ပါတယ်။
ဒါက တနင်္လာကနေ သောကြာအထိ နေ့တိုင်းကံစမ်းနိုင်ပါတယ်။
ဘယ်ထီအမျိုးအစားကိုမဆို တိုက်ရိုက်ထုတ်လွှင့်ပေးပါတယ်။
https://www.takarakuji-dream.jp/takarakuji/
ခရီးသွားဧည့်သည်တွေဟာ မိမိရဲ့ ဂျပန်နိုင်ငံတွင်း နေထိုင်ခွင့်ကာလနဲ့ ကိုက်ညီတဲ့ ထီကိုထိုးကြည့်ပြီး သူဌေးအဖြစ်နဲ့ အိမ်ပြန်နိုင်ပါပြီ။
ဒါပေမယ့် မပေါက်ခဲ့ရင်တော့ JAPO ကို အပြစ်မတင်နဲ့နော်။
လောင်းကစားဖြစ်တဲ့အတွက်ကြောင့် အတော်အသင့်လောက်ပဲ ကံစမ်းစေချင်ပါတယ်။
Kengo Abe