ဗုဒ္ဓရုပ်ပွားတော်ဟာ တန်ဖိုးထားခံရခြင်းမှ၊ စိတ်အနှောက်အယှက်ဖြစ်စရာအခြေအနေသို့

ကမ္ဘာလှည့်ခရီးသွားတွေကိုဆွဲ‌ဆောင်နိုင်တဲ့အရာဖြစ်သော မြတ်ဗုဒ္ဓရဲ့ ရုပ်ပွားတော်ကြီး။
ရှေးပဝေသဏီကတည်းကတည်ရှိခဲ့တဲ့ Nara ရှိဗုဒ္ဓရုပ်ပွားတော်ဟာ ဂျပန်မှာအကြီးဆုံးဖြစ်ပြီး၊ မတ်တပ်ရပ်ပုံစံဖြင့်ဥာဏ်‌တော်အမြင့်ဆုံးရုပ်ပွားတော်ကတော့ Ibaraki စီရင်စုမှာရှိတဲ့ 牛久大仏 Ushiku Buddha ဖြစ်ပါတယ်။
အခြားသောရုပ်ပွားတော်တွေလည်းအများကြီးရှိပေမဲ့၊ မိမိနေထိုင်ရာအနီးပတ်ဝန်းကျင်မှာ ဒီလိုဗုဒ္ဓရုပ်ပွားတော်ကြီးများသာရှိမယ်ဆိုရင်၊ ဘယ်လောက်တောင်စိတ်ချမ်းမြေ့စရာကောင်းနေပါလိမ့်မလဲ ?

廃墟化が進む「迷惑大仏」の末路。全国に点在、まるで時限爆弾

ဒါကတော့ Shizuoka စီရင်စု Ito မြို့မှာတည်ရှိတဲ့၊ Usami Dai-Kannon ရုပ်ပွားတော်ဖြစ်ပါတယ်။
၁၉၈၂ ခုနှစ်မှာတည်ထားခဲ့ပေမဲ့၊ ဒေသခံများမှမကြိုက်မနှစ်သက်ကြတဲ့ရုပ်ပွားတော်တစ်ခုလည်းဖြစ်ပါတယ်။

ကြော်ငြာစာတန်းမှာတော့ ဥာဏ်တော် ၅၀ မီတာလို့ရေးထားပေမဲ့၊ တကယ်က ၁၅ မီတာလောက်ပဲရှိပြီး ထင်ထားတာထက်တောင်ပိုပြီး သေးငယ်ပါတယ်။
ထိုနေရာမှာရုပ်တုပေါင်း ၃ သောင်းခန့်ရှိတယ်လို့ပြောကြတဲ့ Mizuko kuyo (မမွေးဖွားမီသေဆုံးသွားတဲ့ကလေးများရဲ့ အထိမ်းအမှတ်ကျောက်ရုပ်)အတွက် သင်္ချိုင်းပေါင်းများစွာရှိပြီး၊ လာရောက်လည်ပတ်သူတွေကြောင့် အတော်လေးဝင်ငွေရရှိခဲ့ပေမဲ့၊ ယခုအချိန်မှာတော့လာရောက်လည်ပတ်မည့်သူတောင်မရှိဘဲ၊ ပျက်စီးလုနီးပါးဖြစ်နေပါတယ်။

ထိုနေရာမှာဒေသခံတွေကိုတောင်အသိမပေးဘဲ ဗုဒ္ဓရုပ်ပွားတော်ကိုတည်ခဲ့တာဖြစ်ပြီး၊ ကြည်ညိုဆည်းကပ်မှုကတော့ သုညဖြစ်ပါတယ်။
ဒီလိုအခြေအနေဖြစ်တာတောင် ဒီအတိုင်းသာဆိုရင်ပျက်စီးယိုယွင်းပြီး ရုပ်ပွားတော်ဟာပြိုကျလာမယ့်အန္တရာယ်ရှိပါတယ်။
နောက်ဆုံးမှာတော့ ‌ဒေသခံအစိုးရကပဲဖြိုဖျက်ရေးလုပ်ငန်းစဥ်ကိုလုပ်ရုံကလွဲပြီးမရှိတော့ပေမဲ့၊ အဲ့ဒီကုန်ကျစရိတ်ဟာ ဒေသခံတွေဆီကနေပဲအခွန်ကောက်ယူမှာဖြစ်လို့၊ လူတိုင်းဒေါသထွက်ကြမှာမဆန်းပါဘူး။

ဒီအတိုင်းသာပစ်ထားလိုက်မယ်ဆိုရင် ဒီလိုအန္တရာယ်လည်းရှိပါတယ်။

ဒါကတော့ မုန်တိုင်းကြောင့်၊ လဲကျသွားတဲ့အိုကီနာဝါရှိ Kannon ဘုရားလောင်းရုပ်ထုဖြစ်ပါတယ်။
၂၅ မီတာအမြင့်ရှိတဲ့ရုပ်တုကြီးပြိုလဲကျသွားခဲ့ရင် ဒီလိုအန္တရာယ်ရှိပါတယ်။
မျက်နှာက လှေကားထစ်တွေပေါ် ရိုက်မိတဲ့မြင်ကွင်းဟာ အရမ်းနာကျင်ရပါတယ်။

Hyogo စီရင်စု၊ Awaji ကျွန်းမှာတော့ ၈၀ မီတာရှိတဲ့ Kannon ရုပ်တုကြီးရှိပါတယ်။
သို့သော် ဒီဟာကလည်း စိတ်ရှုပ်စရာရုပ်တုကြီးအဖြစ် ဒေသခံတွေဟာမုန်းတီးကြပါတယ်။
အိမ်ခြံမြေလုပ်ငန်းနဲ့ကြီးပွားနေတဲ့အမျိုးသားတစ်ဦးက Awaji ကျွန်းမှာ ခရီးသွားတွေရဲ့လည်ပတ်စရာနေရာကိုဆောက်လုပ်မယ်ဆိုပြီး ၈၀ မီတာအမြင့်ရှိတဲ့ ရုပ်ပွားတော်ကြီးကိုတည်ဆောက်ခဲ့ပါတယ်။
အစပိုင်းမှာတော့ မြင်ရခဲတဲ့ရုပ်ပွားတော်ကြီးဖြစ်တာကြောင့် ခရီးသွားတွေအများကြီးရောက်လာကြပေမဲ့၊ ချက်ချင်းအဲ့ဒီနာမည်ကြီးမှုလည်းပျောက်ကွယ်သွားပြီး အထီးကျန်တဲ့အခြေအနေဖြစ်သွားပါတယ်။

၁၉၈၈ ခုနှစ်မှာ ပိုင်ရှင်အမျိုးသားသေဆုံးသွားပြီး၊ နောက်ပိုင်းဆက်ခံတဲ့အမျိုးသမီးဟာလည်း အဲ့ဒီနောက်သေဆုံးသွားပါတယ်။
ကျန်ရစ်သူမိသားစုက အမွေကိုစွန့်လွတ်ခဲ့တာကြောင့် အဲ့ဒီအတိုင်းပစ်ထားလိုက်ကြပြီး၊ ယခုအချိန်မှာတော့ အနီးအနားမှာအကျိုးအပဲ့အပိုင်းအဆများပြုတ်ကျလာကာ ပြိုကျနိုင်တဲ့အန္တရာယ်လည်း နီးလာပြီဖြစ်ပါတယ်။
ဒါ့အပြင် အကြာသေးမီကပဲ၊ ယန်းသန်း ၈၈၀ အခွန်ငွေဖြင့်အကုန်အကျခံပြီး ဖြိုဖျက်ရေးလုပ်ငန်းကိုစတင်ခဲ့ပါတယ်။

ဂျပန်စီးပွားရေးဟာ အလွန်ကောင်းမွန်ခဲ့တဲ့အချိန်ကာလ၊ တစ်နည်းအားဖြင့် bubble economy အချိန်က ဂျပန်တစ်ဝှမ်းမှာဆောက်လုပ်ထားခဲ့တဲ့ ဒီလိုရုပ်ပွားတော်တွေရဲ့ တာရှည်ခံနိုင်တဲ့သက်တမ်းဟာ တစ်ဖြည်းဖြည်းကုန်ဆုံးလာပါတယ်။
အဲ့ဒီလိုသာဆို ဖြိုချရေးလုပ်ငန်းစဥ်ကိုမဖြစ်မနေလုပ်ဖို့လိုအပ်ပေမဲ့၊ နာမည်သိပ်မကြီးတဲ့နေရာမှာ ခရီးသွားတွေမရှိလို့ပိုက်ဆံလည်းမရသော်လည်း ဖြိုချဖို့ကုန်ကျစရိတ်အတွက် ယန်းသန်းချီပေးဖို့တောင်မတတ်နိုင်ပါဘူး။

နောက်ဆုံးမှာတော့ အနီးအနားရှိဒေသခံတွေရဲ့ လုံခြုံရေးအတွက် အုပ်ချုပ်ရေးအဖွဲ့ က ဖြိုချရေးလုပ်ငန်းကိုမဖြစ်မနေလုပ်ရမှာဖြစ်ပေမဲ့၊ ဒေသခံတွေအတွက်ကတော့ ဒေါသထွက်စရာကိစ္စတစ်ခုသာဖြစ်လာခဲ့ပါတယ်.

ယခင်ကမြတ်နိုးတန်ဖိုးထားခံရတဲ့ ဗုဒ္ဓရုပ်ပွားတော်ဟာ၊ အမုန်းပွားစရာအရာဝတ္ထုတစ်ခုလိုဖြစ်သွားတာကြောင့်၊ တိုင်းပြည်ရော၊ လူတွေရဲ့နှလုံးသားကပါ စိတ်ရိုင်းတွေဝင်ကုန်ပြီလားလို့ထင်မိပါတယ်။….

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: