အိမ်သာကိုစစ်ဆေးဖို့လိုတဲ့ ဆာမူရိုင်းများ! သေဘေးလား အညစ်အကြေးစွန့်ဖို့လား ဘယ်ဟာကိုရွေးချယ်ကြမလဲ?

ခြေလျင်သွားလာမှုတွေ ခေတ်စားတာကတော့ ဆာမူရိုင်းခေတ်ဖြစ်ပါတယ်။
အဲ့ဒီခေတ်မှာ လူတွေဟာ တစ်နေကုန် အများကြီးလမ်းလျှောက်ပြီး ခြေထောက်တွေညောင်းလာရင် တည်းခိုဖို့ နေရာတစ်ခုရှာပြီး ပင်ပန်းနွမ်းနယ်မှုကို ဖြည်းဖြည်းချင်း ဖြေဖျောက်လေ့ရှိကြပါတယ်။
ဆာမူရိုင်းတွေဟာလည်း ဒီအတိုင်းပဲ ခြေလျင်လှုပ်ရှားသွားလာကြပါတယ်။

ဒါပေမယ့် ပထမဆုံးတည်းမယ့်တည်းခိုဆောင်ရဲ့ ထွက်ပြေးလို့ရတဲ့လမ်းကြောင်းကို မသိတဲ့အတွက် မီးတွေဘာတွေ လောင်တဲ့အခါ ထွက်မပြေးနိုင်တာမျိုး ရှိတတ်ပါတယ်။
အဲ့ဒါကြောင့် လူသားတွေဟာ ယနေ့ထက်တိုင် အရေးပေါ်အချိန်အတွက် ထွက်ပြေးလို့ရတဲ့လမ်းကြောင်းကို ရှာဖွေလေ့ရှိကြပါတယ်။
ဆာမူရိုင်းတွေလည်း ထိုနည်းတူစွာပါပဲ ဒီလို စစ်ဆေးမှုတွေပြုလုပ်ကြပေမယ့် စစ်ဆေးရမယ့် နေရာတွေက အလွန်များပြားပါတယ်။


ဆာမူရိုင်းများ လုပ်ဆောင်သင့်တဲ့အချက်များဆိုတဲ့ ဖတ်စာအုပ်သဘောမျိုးနဲ့ ထုတ်ထားတဲ့ ဟဂခုရဲ လို့ခေါ်တဲ့ စာအုပ်ထဲမှာ ဒီလိုရေးသားထားပါတယ်။

တည်းခိုဆောင်ရောက်ရင် အရင်ဆုံး လမ်းကြားရှိ၊ မရှိနဲ့ အဲ့ဒီလမ်းကြားက လမ်းပိတ်ဖြစ်နေ၊ မနေ စစ်ဆေးရမယ်။
ပြီးတော့ နံရံ၊ မျက်နှာကျက်၊ ကြမ်းပြင်၊ တံခါး၊ စက္ကူတံခါးတွေမှာ အန္တရာယ်ရှိတဲ့အရာတွေ မရှိကြောင်း စစ်ဆေးရမယ်။
ချိတ်ထားတဲ့ပန်းချီကားနောက်နဲ့ ဖျာအောက်မှာ အပေါက်တွေ ရှိရင် သူခိုးဓားမြတွေ ခိုးဝင်လိမ့်မယ်။

ဒီနေ့ခေတ်မှာတော့ ဒီလိုစိတ်ပူစရာတွ မရှိတော့ပေမယ့် အဲ့ဒီခေတ်မှာတော့ စစ်ဆေးဖို့ လိုအပ်ပါတယ်။
ပြီးတော့ ကိုယ်ကအသေးစိတ် စစ်ဆေးနေတာကို ပတ်ဝန်းကျင်ကမသိဖို့လည်းလိုပါတယ်။

အဲ့လို စစ်ဆေးစရာတွေထဲကမှ အရေးအကြီးဆုံးကတော့ အိမ်သာဖြစ်ပါတယ်။
အိမ်သာသွားရင် ဘယ်သူမှ ဓားယူသွားလေ့မရှိတဲ့အတွက် ဓားနဲ့အတန်အလှမ်းဝေးတဲ့နေရာဖြစ်နေပါတယ်။
ပြီးတော့ အိမ်သာတက်နေတဲ့အတောအတွင်းမှာ တစ်ခြားလှုပ်ရှားမှုတွေ မပြုလုပ်နိုင်တဲ့အတွက် တိုက်ခိုက်ခံရမယ်ဆိုရင် အန္တရာယ်ရှိပါတယ်။
ဒါကြောင့် အိမ်သာထဲကို အပြင်လူ ဝင်လို့ရတဲ့လမ်းကြောင်းရှိမရှိ စစ်ဆေးဖို့ အရမ်းအရေးကြီးပါတယ်။

ဒါတင်မကသေးပါဘူး။
ရန်သူတွေ ဝိုင်းနေရင် အိမ်သာထဲ ဝင်ပြေးသင့်တယ်ဆိုပြီး ဟဂခုရဲဖတ်စာအုပ်ထဲမှာ ရေးသားထားပါတယ်။
ဘာလို့လဲဆိုတော့ ထွက်ပြေးလွတ်မြောက်နိုင်လို့ပါ။

အရင်တုန်းက အိမ်သာတွေက ဒီနေ့ခေတ်လို ရေဆွဲချတဲ့ခေတ်မဟုတ်ပါဘူ။ တွင်းထဲမှာ စုနေတဲ့အမျိုးအစားဖြစ်ပါတယ်။

https://mag.japaaan.com/

အဲ့ဒါကြောင့် အိမ်သာထဲကနေ ထွက်ပြေးလွတ်မြောက်နိုင်ပါတယ်။
လက်တွေ့မှာ ယမနခ ရှိခနို့ဆုခဲ ဆိုတဲ့ ဆာမူရိုင်းက ဒီလိုနည်းကို အသုံးပြုပြီး ချုပ်နှောင်ထားတဲ့နေရာကနေ လွတ်မြောက်ခဲ့ဖူးပါတယ်၊
ခန္ဓာကိုယ်နဲ့ အဝတ်အစားတွေ ညစ်ပေတာထက် မသေဖို့က အရေးကြီးပါတယ်။

ဒီလိုဆိုပေမယ့် မစင်တွေထဲကို ခုန်ချဖို့သတ္တိ ရှိ၊ မရှိဆိုတာကလည်း စိတ်ပူရပြန်ပါတယ်။
အသတ်ခံရနိုင်တယ်ဆိုတာကို တွေးမိရင်တော့ မဆိုင်းမတွ ခုန်ချသင့်တယ် မဟုတ်လားနော်?

လမ်းအကြာကြီးလျှောက်ပြီး ပင်ပန်းနေပေမယ့် တည်းခိုဆောင်မှာလည်း ဒါတွေအထိ သတိထားနေရတာကတော့ ဆာမူရိုင်းတွေရဲ့ ခရီးစဥ်ပါ။
ဒါပေမယ့်လည်း ဒီလို ခရီးသွားနေတာကို ဆာမူရိုင်းတွေ ပျော်နေမလားနော်?

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: