Nara ရှိဘုရားကျောင်းမှာ သမီးလေးကြီးပြင်းလာပုံကိုကြည့်ပြီး ပီတိဖြစ်နေသောဖေဖေ….

Nara လို့ပြောလိုက်ရင် ဘေးမဲ့လွတ်ထားပေးတဲ့သမင်တွေရှိရာ Nara ပန်းခြံအပြင်၊ ဘေးနားမှာ သမိုင်းဝင်အဆောက်အဦးတွေရှိနေတယ်ဆိုတာ အားလုံးသိထားပြီးသားဖြစ်ပါတယ်။ ထို့အပြင်လည်ပတ်စရာ အထင်ကရနေရာထဲမှာ မေ့ထားလို့မရတဲ့နေရာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ Sakurai မြို့မှာရှိတဲ့ Hasedera Temple ပဲဖြစ်ပါတယ်။

 

https://soranews24.com/2021/01/19/

 

Hasedera Temple ကို တောင်တက်လှေကားလေးနဲ့တက်သွားရမှာဖြစ်ပြီး၊ အပေါ်ရောက်တဲ့အခါမှာတော့ လှပတဲ့ရှုမျှော်ခင်းဟာစောင့်လို့ကြိုနေပါတယ်။ စိတ်ငြိမ်ပြီးအေးချမ်းမှုက ခရီးသွားများကိုဆွဲဆောင်နိုင်တဲ့အချက်တစ်ချက်လည်း ဖြစ်ပါတယ်။

ဒီလိုလာရောက်လည်ပတ်သူတွေထဲမှာ ဓါတ်ပုံပညာကိုသဘောကျသူ @shingo_camera ဆိုတဲ့ တွင်တာအကောင့်နဲ့ အမျိုးသားတစ်ဦးရှိပါတယ်။
ဒီအမျိုးသားဟာ Hasedera Temple ကိုသမီးလေးနဲ့အတူလာရောက်လည်ပတ်ချိန်တိုင်းမှာ သမီးလေးရဲ့ အရွယ်ရောက် ကြီးထွားလာမှုကို မှတ်တမ်းတင်ထားလေ့ရှိခဲ့ပါတယ်။

 

https://soranews24.com/2021/01/19/

 

ရာသီအလိုက်ပြောင်းလဲသွားတဲ့ သစ်ပင်ရဲ့ရှုမျှော်ခင်းကိုနောက်ခံထားကာ သမီးလေးဝတ်ပြုနေတဲ့ပုံကို ငယ်ရွယ်စဥ်မှစပြီး ဓါတ်ပုံမှတ်တမ်းတင်ခဲ့ပါတယ်။
ရာသီတစ်ခုကိုကူးပြောင်းတဲ့အချိန်တိုင်း ရိုက်ကူးမိခဲ့တဲ့ @shingo_camera ရဲ့ဓါတ်ပုံတွေထဲမှာ သင်ဟာ ထိုအမျိုးသားရဲ့သမီးက ဘုရားရိပ်တရားရိပ်မှာကြီးပြင်းလာကြောင်းကို ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။

 

https://soranews24.com/2021/01/19/

 

ပထမဆုံးရိုက်ကူးခဲ့သောဓါတ်ပုံမှာ သူမဟာအသက် ၆ နှစ်သာရှိခဲ့ပြီး၊ အချိန်ကာလအားဖြင့် ဖြတ်သန်းရင်းနဲ့ နောက်ဆုံးဆောင်းရာသီမှာတော့ သူမအသက် ၁၀ နှစ်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။

 

https://soranews24.com/2021/01/19/

 

ဒီဓါတ်ပုံမှတ်တမ်းနဲ့ပတ်သက်ပြီး comment တွေမှာလည်း
“ ကျွန်မမှာ ၂ အရွယ်အသားလေးတစ်ယောက်ရှိတယ်။ ဒီပုံတွေကြည့်ပြီး သူနဲ့အတူရှိနေတဲ့အချိန်ကိုတန်ဖိုးထားတတ်လာတယ်။ သူလူကြီးတစ်ယောက်ဖြစ်လာတဲ့အထိ ဘယ်လောက်သူကိုကြည့်ခွင့်ရအုံးမလဲ?”
“ ဒီလိုနေရာမျိုးမှာဓါတ်ပုံရိုက်တာ အတိတ်ကနေပစ္စပ္ပန်၊ ပစ္စပ္ပန်ကနေအနာဂတ်ကို ဘယ်လိုပုံသွင်းပေးတယ်ဆို မင်းကိုတကယ်ခံစားစေတယ်”
ဆိုတဲ့ အမျိုးမျိုးသောထင်မြင်ချက်တွေနဲ့အတူ အချိန်ရဲ့ပြောင်းလဲမှုတွေကို ခံစားမိသူတွေရှိလာပါတယ်။

 

 

 

Hasedera Temple ကိုတော့ လွန်ခဲ့သောနှစ်ပေါင်း 1300 ကျော်၊ AD 686 ခုနှစ်က စတင်ဆောက်လုပ်ခဲ့ပြီး
၊ Sakurai မြို့ရဲ့အရှေ့ဘက်တောင်မှာ တည်ရှိပါတယ်။ Shingon ဗုဒ္ဓဘာသာ Bunzan ကျောင်း၏ကျောင်းဆောင်အဖြစ်ထားရှိထားပါတယ်။
ချိုင့်ဝှမ်းတွင်တည်ရှိသော Hasedera ဘုရားကျောင်းမှာ တောင်စောင်းတစ်လျှောက်တည်ဆောက်ထားတဲ့ အဆောက်အဦးပေါင်း ၃၀ ကျော်ပါရှိပြီး၊ လာရောက်လည်ပတ်သူများမှာ အေးချမ်းခြင်းနဲ့အတူ ဝတ်ပြုနိုင်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။

 

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: