Fukuoka စီရင်စုတွင် ထူးဆန်းစွာဖြင့်ပေါ်လာသော ဧရာမကောက်ရိုးဂေါ်ရီလာ !!!

ဂျပန်ရဲ့အနောက်တောင်ဘက်ရှိမြို့မှာနေထိုင်ကြသူတွေဟာ ကောက်ရိုးဖြင့်ဖန်တီးထားသော ‌ဒေါသမီးထနေတဲ့ ဂေါ်ရီလာကို ပြီးခဲ့သောရက်ပိုင်းကနေစပြီး မြို့ရဲ့ပန်းခြံမှာထောင်ထားခဲ့ကြပါတယ်။
ရည်ရွယ်ချက်ကတော့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကိုတိုက်ထုတ်ဖို့ မြို့နေဒေသခံများအား ခွန်အားတစ်ခုအနေနဲ့သတိရနေဖို့ ဖြစ်တယ်တဲ့…

 

https://english.kyodonews.net/news/2021/01/122a3723a1b0-big-gorilla-scarecrow-appears-in-japan-to-chase-covid-blues-away.html?fbclid=IwAR0kOzpqlyLE7N3Gb3jVdaatn0YMdnDXxb9awbc2fwB3ocb9QHF0pgo-kXY

 

အမြင့် ၇ မီတာမျှရှိတဲ့ ဒီကောက်ရိုးဂေါ်ရီလာကိုတော့ Fukuoka စီရင်စုရှိ Chikuzen မြို့ရဲ့ ပန်းခြံမှာ ပန်းခြံကိုလာလည်ပတ်သူများ ဓါတ်ပုံရိုက်နိုင်ရာနေရာအဖြစ် ပြသထားပါတယ်။

ဒီကောက်ရိုးဂေါ်ရီလာရဲ့ပါးစပ်ကို ဖွင့်ပြီးဟိန်းနေတဲ့ပုံသဏ္ဍာန်ဖန်တီးရခြင်းမှာ “ ကြံ့ခိုင်ခြင်း” အားဖော်ပြခြင်းဖြစ်တယ်လို့ ဒေသခံအဖွဲ့အစည်းရဲ့အကြီးအကဲဖြစ်သူ အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ Tsuyoshi Kaneko ဆိုသူက ရှင်းပြပေးပါတယ်။

Ogori စီရင်ကနေမိသားစုနဲ့အတူလာရောက်လည်ပတ်တဲ့ ၉ နှစ်သားအရွယ်ကောင်လေးကတော့ “ အသေးစိပ်ကျပြီး၊ ပီပြင်တယ်” “ ဒီဂေါ်ရီလာကြီး ရွေ့လျားတော့မယ့်ပုံစံနဲ့တောင်တူတယ်” လို့ စိတ်အားထက်သန်စွာဖြင့် ထင်မြင်ချက်တွေကိုပြောခဲ့ပါတယ်။
ဒီမြို့မှာတော့ နှစ်စဥ်ကောက်သစ်စားပွဲရဲ့ သင်္ကေတတစ်ခုအနေနဲ့ ၂၀၁၅ ခုနှစ်ကနေစပြီး ကြီးမားတဲ့ကောက်ရိုးစာခြောက်ရုပ်တွေကို ဖန်တီးလေ့ရှိပါတယ်။

ကျန်ခဲ့သောနှစ်က ကိုရိုနာကပ်ရောဂါကြောင့် ဒီပွဲကိုစည်ကားစွာမကျင်းပလိုက်ရပါဘူး။ သို့သော် စည်ပင်သာယာအစိုးရအပါအဝင်အဖွဲ့အစည်းများဟာ မြို့ရှိနေထိုင်သူများအတွက် ကိုရိုနာကိုမေ့မထားဘဲ သတိရှိဖို့၊တိုက်ထုတ်ဖို့ရည်ရွယ်ချက်နဲ့ ဒီကောက်ရိုးဂေါ်ရီလာကိုဖန်တီးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒေသခံစေတနာ့ဝန်ထမ်းများလည်းပါတင်ကူညီခဲ့ကြပါတယ်။ ဒီကောက်ရိုးရုပ်တုရဲ့အထဲမှာ သံဖရိန်အသုံးပြုထားပြီး ၂ လကြာမျှဖန်တီးခဲ့ကြပါတယ်။ လက်ရှိဒီဂေါ်ရီလာစာခြောက်ရုပ်ကိုတော့ ယခုလ ဇန်နဝါရီလကုန်အထိ ပြသသွားမှာဖြစ်ပြီး၊ ၎င်းရဲ့နီရဲနေတဲ့မျက်လုံးနဲ့ ခေါင်းမော့ခြင်းစတဲ့ သရုပ်ဖော်မှုကိုတော့ သောကြာနေ့ညနေခင်းနဲ့ ဇန်နဝါရီ ၂၅ ရက်နေ့မှာပြသမယ်လို့ သိရပါတယ်။

 

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: