၁၉ ရက်နေ့နံနက်တွင် နှင်းများကြောင့် Tohoku အမြန်လမ်းမ၌ ယာဉ်ဆင့်တိုက်မှုကြီးဖြစ်သွားခဲ့ !!!

မနေ့က ၁၉ ရက်နေ့နံနက် ၁၁ နာရီ မိနစ် ၅၀ အချိန်၊ Miyagi စီရင်စု Osaki မြို့ရဲ့ Tohoku အမြန်လမ်းမကြီးရဲ့အောက်ဘက်မှာ၊ နှင်းတွေကြောင့် ယာဥ်ဆင့်တိုက်မှုကြီး ဖြစ်သွားပြီး၊ အသက် ၆၀ အရွယ်အမျိုးသားတစ်ဦးသေဆုံးကာ၊ လူ ၁၇ ဦးကိုဆေးရုံပို့လိုက်ရပြီး၊ ထိုအထဲက ၂ ဦးဟာ ဒဏ်ရာအပြင်းအထန်ရမှုကြောင့် ဆေးကုသမှုခံယူနေရပါတယ်။

 

https://www3.nhk.or.jp/news/html/20210119/k10012822221000.html?utm_int=all_side_ranking-access_001

 

ဒီယာဥ်တိုက်မှုမှာ ကားအစီးပေါင်း ၁၄၀ စီးပါဝင်နေခဲ့ပြီး၊ ည ၈ နာရီကျော်လောက်မှာတော့ ကားအားလုံးရဲ့ဖယ်ရှားခြင်းနဲ့ရွေ့ပြောင်းခြင်းဟာ ပြီးသွားခဲ့ပါတယ်။
အဓိကတရားခံမှာ နှင်းတွေကြောင့်လို့ယူဆရပါတယ်။

 

https://www3.nhk.or.jp/news/

 

ယာဥ်တိုက်မှုဖြစ်တဲ့နေရာကတော့ Furukawa interchange နဲ့ Chojahara service ဧရိယာကြားမှာဖြစ်ပြီး၊ ခန့်မှန်းချေ မီတာ ၉၀၀ လောက်တောက်လျှောက်ကားများဟာ မရွေ့လျားနိုင်ခဲ့ပါဘူး။
ထိုအထဲမှာ ကားအစီးပေါင်း ၁၄၀ ကျော်ပါဝင်ခဲ့ပါတယ်။

 

https://www3.nhk.or.jp/news/

 

မိုးလေဝသဌာနရဲ့အဆိုအရ ၁၉ ရက်နေ့ Miyagi စီရင်စုမှာလေတိုက်မှုပြင်းပြီး၊ ထိုအချိန်မှာပဲနှင်းတွေကျခဲ့ပါတယ်။ ထိုယာဥ်တိုက်မှုဖြစ်သွားတဲ့နေရာမှာ မွန်းတည့်အချိန်တွင်း အမြင့်ဆုံးတစ်ချက်လေတိုက်နှုန်းမှာ ၂၇.၈ မီတာရှိခဲ့တယ်လို့ သိရပါတယ်။

 

https://www3.nhk.or.jp/news/

 

ထိုနေရာရဲ့ ပတ်ဝန်းကျင်ဟာ လယ်ကွင်းပြင်ကြီးဖြစ်နေတဲ့အပြင် ထိုလယ်ကွင်းထဲနှင်းများစုပုံနေပြီး၊ ထိုအချိန် လေပါတိုက်ခတ်နေတဲ့အတွက် မြင်ကွင်းတစ်ခုလုံးဟာဖြူဖွေးနေခဲ့ပါတယ်။

 

https://www3.nhk.or.jp/news/

 

၎င်းမတော်တဆမှုအတွင်းပါဝင်ခဲ့တဲ့ ယာဥ်အားလုံးပေါင်း ၁၄၀ ခန့်ရဲ့ရွေ့ပြောင်းခြင်း၊ ဖယ်ရှားခြင်းတို့ဟာ ည ၈ နာရီကျော်မှာ ပြီးစီးသွားခဲ့တယ်လို့ သိရပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: