သင်မတွေ့ဖူးသေးသော ရှေးဂျပန်အမျိုးသမီးတို့ရဲ့ ရယ်စရာဓါတ်ပုံ ၁ ပုံ လူမှုကွန်ယက်တွင်ပျံ့နှံ့လျှက်ရှိ !!!!

လွန်ခဲ့သောနှစ် ၁၀၀ ကျော်မတိုင်ခင်၊ ကီမိုနိုအပြည့်ဝတ်ဆင်ထားကြတဲ့ ရှေးဂျပန်အမျိုးသမီးတို့ရဲ့ ဓါတ်ပုံ ၁ ပုံဟာ လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့လို့နေပါတယ်။
ကင်မရာရှေ့မှာ သူတို့ရဲ့ရယ်စရာကောင်းတဲ့ဟာသပို့စ်တွေက ထိုခေတ်အချိန်အခါလို့တောင်မထင်ရလောက်တဲ့အထိ သူတို့တွေဟာ အနေအထိုင်သိမ်မွေ့လွန်းခဲ့ကြပါတယ်။
သို့သော် ယခုပြန့်နှံ့လာတဲ့ ဓါတ်ပုံတစ်ပုံကြောင့် ထိုမိန်းကလေးတွေလည်း လူသားထဲကလူတွေပါပဲလား…။ အခုခေတ် မိန်းကလေးတွေနဲ့တစ်ပုံစံတည်းပဲ ဆိုတဲ့ ပျော်ရွှင်စရာ comment လေးတွေပါတွေ့ရပါတယ်။

ထိုဓါတ်ပုံကတော့…..

 

http://honyakualfa.blog.fc2.com/blog-entry-803.html

 

အလွန်တည်ငြိမ်ပြီး စည်းစနစ်အတွင်းမှာသိမ်မွေ့လှတဲ့ ဂျပန်ရှေးအမျိုးသမီးတွေဟာ ကင်မရာရှေ့မှာ ဒီလိုရယ်စရာကောင်းတဲ့ပို့စ်တွေ ထုတ်လိမ့်မယ်ဆိုတာ သင်လည်းထင်မိမှာမဟုတ်ဘူးမဟုတ်လား?

ဒီဓါတ်ပုံနဲ့ပတ်သတ်ပြီး အမျိုးမျိုးသော comment တွေမှာလည်း
“ ဒါဆို ဒီပို့စ်တွေကအရင်ကတည်းကရှိခဲ့တာပေါ့နော် ..။”
“ အောက်ဆုံးအတန်းက ၃ ယောက်မြောက်မိန်းကလေး လူဖြူတွေမျက်လုံးလိုလုပ်ပြနေတယ်”
“ ဒါ သက်သက်အနောက်တိုင်းကို ခွဲခြားဆက်ဆံလိုက်တာပဲ”

 

စာဖတ်ပရိသတ်တို့ရေ၊ ဒါတင်မကသေးပါဘူး။ ဒီဓါတ်ပုံကို ၂၀၁၇ ဗားရှင်းနဲ့လုပ်ပေးလိုက်ပြန်ပါတယ်။

http://honyakualfa.blog.fc2.com/blog-entry-803.html

 

“ ရှေးတုန်းကဂျပန်မှာ ဓါတ်ပုံရိုက်တဲ့အခါ အပြုံးကိုအဓိကထားရိုက်ကြပေမဲ့၊
ဂျပန်ယဥ်ကျေးမှုအရကြည့်ရရင် အဲ့ဒီလိုခေတ်မှာ ဒီလိုဓါတ်ပုံရိုက်ခဲ့တယ်ဆိုတာမယုံနိုင်စရာပဲ”
“ လက်ဖြန့်ထားတဲ့တစ်ယောက်ကို ကြောက်တယ်…”

စတဲ့ comment တွေကိုပါတွေ့ရပါတယ်။
ကဲ သင်လည်း ဒီလိုပို့စ်တွေဟာ မျက်မှောက်ခေတ်မိန်းကလေးတွေရဲ့ စတင်ဖန်တီးမှုလို့ထင်ပါသလား?
အခွင့်အခါကြုံခဲ့မယ်ဆို သူငယ်ချင်းတွေနဲ့အုပ်စုလိုက်ကီမိုနိုဝတ်ဆင်ထားကြပြီး ဒီလိုပို့စ်တွေထုတ်ကြည့်လိုက်အုံးနော်…
အက်မင်ကတော့ လက်ဖြန့်ထားတဲ့တစ်ယောက်ရဲ့ ပို့စ်ကို သဘောကျနေပါပြီ…;p

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: