မိုဘိုင်းဖုန်း chargers များကို ဂျပန်ရဲ့အများသုံးတယ်လီဖုန်းရုံများတွင် ထားပေးမည်။

မိုဘိုင်းဖုန်းများ အားသွင်းနိုင်တဲ့ chargers များကို ဂျပန်ရဲ့အနောက်တောင်ဘက်ရှိ အများပြည်သူသုံးတယ်လီဖုန်းရုံများတွင် ထားပေးနေပါပြီ။
ဒါဟာတိုင်းပြည်တွင်းမှာ ပထမဆုံးကြိုးစားအားထုတ်မှုပဲဖြစ်တယ်လို့ ဆက်သွယ်ရေးကုမ္ပဏီကြီးရဲ့ ဒေသဆိုင်ရာအဖွဲ့အစည်းက မကြာသေးမီကပြောလာခဲ့ပါတယ်။

Nippon Telegraph and Telephone West (NTT WEST) နဲ့ကပ်လျက် Inforich Inc.,ရဲ့ မိုဘိုင်းဖုန်းအားသွင်းနိုင်တဲ့ဝန်ဆောင်မှုဖြစ်တဲ့ အခကြေးငွေပေးရသော သယ်ဆောင်ရလွယ်ကူတဲ့ chargers များကို Fukuoka မြို့ရဲ့နေရာ (၈) နေရာမှာ သောကြာနေ့ကနေစပြီး ခန့်မှန်းချေ ၆ လတာကာလမျှ ဝန်ဆောင်မှုပေးမယ်လို့သိရပါတယ်။

 

https://english.kyodonews.net/news/2021/01/

 

တိုကျိုအခြေစိုက် Inforich Inc.,ရဲ့ chargers များကို အများပြည်သူသုံးတယ်လီဖုန်းဆက်နိုင်သောနေရာများအပြင် convenience stores တွေမှာလည်း ထားမယ်လို့သိရပါတယ်။

ဝန်ဆောင်မှုယူမယ့်လူတွေဟာ အားသွင်းချိန် ၁ နာရီအတွက်ကို ၁၆၅ ယန်း ($1.60) ကျသင့်မှာဖြစ်ပြီး၊ နောက်ထပ် ၄၈ နာရီအထိဆိုရင်တော့ ၃၃၀ယန်း အထိကျသင့်မှာပဲဖြစ်ပါတယ်။
တစ်ခုရှိတာကတော့ ဒီဝန်ဆောင်မှုကိုအသုံးမပြုခင်မှာ စမတ်ဖုန်းအတွင်း app တစ်မျိုးကို download လုပ်ထားရမှာပဲဖြစ်ပါတယ်။

ယခုလိုသဘာဝဘေးအန္တရာယ်ကြုံလာတဲ့အချိန်၊ မိုဘိုင်းဖုန်း chargers များဟာတကယ်ကိုလိုအပ်ပါတယ်။ လွန်ခဲ့‌သော ၂၀၁၈ ခုနှစ် ဟော့ကိုင်းဒိုးမှာကြုံခဲ့ရတဲ့ငလျင်ကြောင့်၊ ထိုဒေသရှိပြည်သူတွေနဲ့ ခရီးသွားတွေဟာ Sapporo မြို့တော်ခန်းမမှာစုဝေးနေခဲ့ပြီး၊ ဆက်သွယ်ရေးအတွက် ၎င်းတို့ရဲ့မိုဘိုင်းဖုန်းများအားသွင်းဖို့မေးမြန်းခဲ့ကြပါတယ်။ သို့သော် ထိုအချိန်မှာလျှပ်စစ်မီးများပြတ်တောက်နေခဲ့ပြီး ခေတ္တမျှအခက်ကြုံခဲ့ရပါတယ်။

ဤကဲ့သို့ Sapporo မှာကြုံခဲ့ရတဲ့ပြဿနာအတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့၊ Inforich Inc., ဟာ ယခုလိုသဘာဝဘေးကြုံတွေ့နေရတဲ့အတောအတွင်း Fukuoka မှာ၎င်းရဲ့ဝန်ဆောင်မှုကို အခမဲ့ထားပေးမယ်လို့ မြို့နဲ့သဘောတူညီချက်ရယူခဲ့ပါတယ်။

ယခင်ကဂျပန်တစ်ခွင်မှာ အများပြည်သူသုံးတယ်လီဖုန်းရုံတွေဟာ 66,000 ခန့်မျှရှိခဲ့ပါတယ်။ သို့သော် နောက်ပိုင်းစမတ်ဖုန်းများကိုတွင်ကျယ်စွာအသုံးပြုလာမှုကြောင့် ၎င်းအရေအတွက်ဟာ လျော့ကျသွားပါတယ်။
ယခုအခါမှာတော့ အများသုံးတယ်လီဖုန်းရုံတွေကို ပြန်လည်အသုံးပြုခြင်းအနေနဲ့ NTT West ဟာ တယ်လီဖုန်းရုံရဲ့အပေါ်မှာ radio base stations ကိုတပ်ဆင်ဖို့ မိုဘိုင်းဖုန်းအော်ပရေတာကိုခွင့်ပြုပေးလိုက်တယ်လို့ သိရပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: