ဟော့ကိုင်းဒိုးခရိုင် Kamishihoro မြို့ရှိ ရေကန်တွင် “ Ice bubble” လေးများပေါ်လာခဲ့

ကျန်ခဲ့တဲ့ ၆ ရက်နေ့က၊ ဟော့ကိုင်းဒိုးခရိုင် Kamishihoro မြို့ရှိ Nukabira ရေကန်ရဲ့ ကန်မျက်နှာပြင်မှာ ထူးဆန်းသော Ice bubble လေးများပေါ်လာခဲ့ပါတယ်။

 

https://mainichi.jp/articles/20210111/k00/00m/040/011000c

 

ကန်ရဲ့ကြမ်းပြင်ကနေ တက်လာတဲ့ gas အစရှိတဲ့ပူစီဖောင်းတွေဟာ ကန်မျက်နှာပြင်သို့ရောက်ခါနီးမှာပဲ အေးခဲသွားပြီး၊ အလွှာပေါင်းများစွာဖြင့် လှပစွာနဲ့ပိတ်မိနေခဲ့ပါတယ်။
သဘာဝကဖန်တီးပေးလိုက်တဲ့ ဒီလိုရှားပါးတဲ့မြင်ကွင်းကို အမိအရဖမ်းယူဖို့ရန်အတွက် ဓါတ်ပုံဝါသနာရှင်များလည်းရောက်လာခဲ့ကြပါတယ်။

 

 

မနှစ်ကနဲ့မတူဘဲ ပိုပြီးအေးလှတဲ့ယခုနှစ်မှာတော့ ရေကန်ကြမ်းပြင်ရှိ gas အစရှိတဲ့ပူစီဖောင်းများဟာ ကန်ရဲ့မျက်နှာပြင်ပေါ်တက်လာချိန်မှာ အေးခဲလှတဲ့ဆောင်းလေပြေနဲ့ထိတွေ့ပြီး Ice bubble အသွင်သို့ပြောင်းလဲသွားပါတော့တယ်။
အရင်နှစ်များမှာတော့ ကန်မျက်နှာပြင်ခဲသွားပြီး နှင်းတွေကျလာတာကို အချိန်ခဏမျှသာမြင်လိုက်ရပါတယ်။
ဒီနှစ်ကတော့ အလွန်လှပတဲ့ဆောင်းရာသီရဲ့ဆွဲဆောင်မှုတစ်ခုကို မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရပြီပဲ ဖြစ်ပါတယ်။

 

 

JAPO Mynamar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: