Valentine = chocolate ပေးသောယဥ်ကျေးမှု (သို့မဟုတ်) ကောင်မလေးဟာ ကောင်လေးကိုဖွင့်ပြောသောနေ့ !!!!

၂ လပိုင်း၊ ၁၄ ရက်နေ့ကို တစ်ကမ္ဘာလုံးက Valentine’s day လို့သတ်မှတ်ထားကြပါတယ်။
ဒါဟာ ကမ္ဘာတစ်ဝှမ်းလုံးကသိထားကြတဲ့ နာမည်ကြီးပွဲတစ်ခုဖြစ်ပေမဲ့ ဘာကြောင့် ဂျပန်ကတော့အများနဲ့မတူ၊ ချွန်ထွက်ပြီးထူးဆန်းနေသလဲ?…

“ မိန်းကလေးတစ်ယောက်ဟာ သူမသဘောကျနေတဲ့ကောင်လေးကို chocolate ပို့ပြီး ဖွင့်ပြောသောနေ့” တဲ့….

 

https://gift-manners.shaddy.jp

 

၁၉၃၆ ခုနှစ်မှာ Kobe ရဲ့ chocolate ထုတ်လုပ်တဲ့ကုမ္ပဏီကနေ Valentine’s day သီးသန့်အတွက်သာထုတ်လုပ်သည် ဆိုပြီးအင်္ဂလိပ်သတင်းစာမှာ ကြော်ငြာလိုက်ရာကနေအစပြုလာခဲ့ပါတယ်။

ကျွန်တော် chocolate ကိုကြိုက်ပေမဲ့၊ Valentine’s day နီးလာတဲ့အချိန် ဆိုင်မှာချောကလပ်ဝယ်ဖို့သွားတဲ့အခါ၊ “ ဟာ.. ဒီလူ.. ချောကလပ်လည်းမရပါလား” လို့အထင်ခံရပြီး အရမ်းစိတ်မသက်မသာဖြစ်ရတာကြောင့် အဲ့ဒီလိုအချိန်ရောက်ပြီဆို ကျွန်တော်ချောကလပ်မဝယ်တော့ပါဘူး။ …ဟဟဟ…
မဝယ်ဘူးလို့လုပ်တဲ့အချိန်မှာ ချောကလပ်ကလည်းခေတ်ကာလနဲ့အညီ အရမ်းစားချင်လာတာကြောင့် စိတ်ထဲမှာမတင်မကျကြီးနဲ့ နှစ်တိုင်းကျော်ဖြတ်ရပါတယ်။

ကဲ.. အဲ့ဒီလိုအကြောင်းအရာကတော့ ဘယ်လိုပဲဖြစ်ဖြစ်ကောင်းပေမဲ့၊ နိုင်ငံခြားကနေစတင်ဖန်တီးလိုက်တဲ့ ချောကလပ်နဲ့၊ နိုင်ငံခြားကနေစတင်ထွန်းကားလာတဲ့ Valentine’s day ပွဲရာသီတစ်ခု….
သို့သော် ထိုယဥ်ကျေးမှုက ဂျပန်ကိုရောက်လာတဲ့အခါမှာတော့ အထူးအဆန်းတွေဖြစ်လာပါတော့တယ်။
ဂျပန်ရဲ့ကိုယ်ပိုင်ယဥ်ကျေးမှုအသွင်ကိုပြောင်းလဲလာတဲ့ ထူးဆန်းမှုကို ပျော်ရွှင်ခံစားကြည့်ကြည့်မယ်ဆိုရင်ရော စာဖတ်သူတို့ဘယ်လိုသဘောရပါသလဲ?

ဆိုလိုတာကတော့ ကျိုတိုမှာရှိတဲ့ chocolate ဆိုင်ဟာ လုံးဝဂျပန်စတိုင်အဖြစ်ကိုပြောင်းလဲလိုက်ပြီး၊ ဂျပန်ရဲ့စားသောက်ကုန်ကို အဓိကထားထုတ်လုပ်လိုက်တဲ့ ပုံစံအသစ် chocolate ကို Valentine’s day အတွက်ရည်ရွယ်ပါတယ်လို့ ကြေငြာလိုက်ပါတယ်။

 


https://mag.japaaan.com/archives/137331

 

ဒီလိုလှပတဲ့ chocolate လေးများကို တစ်ခုချင်းစီကြည့်ကြပါစို့…

 

ဘောင်အကွက်လေးတွေထဲမှာ ပြည်တွင်းထွက်ကုန်ကြမ်းကိုအသုံးပြုထားတဲ့ဂျယ်လီကိုပါထည့်ထားတာကြောင့်၊ ဇိမ်ခံအစားအစာတစ်ခုလို့ဆိုနိုင်သလို၊ သစ်သီးအရသာကိုပါတစ်ပါးတည်းစားနိုင်တဲ့ ချောကလပ်တွေပဲဖြစ်ပါတယ်။
ဂျပန်အရက်ထုတ် ဂျယ်လီကိုပါထည့်သွင်းထားတဲ့ chocolate တောင်ရှိပါတယ်။

 

 

လက်ဖဝါးတစ်ချပ်စာဗူးထဲမှာ ဒီဇိုင်းအမျိုးမျိုးနဲ့ချောကလပ်တွေထည့်ထားတာ အရမ်းချစ်စရာကောင်းပါတယ်။
Matcha၊ ရှောက်သီး၊ သကြားညို၊ ဂျင်း၊ Kinako စတဲ့ ဂျပန်ရဲ့ကိုယ်ပိုင်စားသောက်ကုန်တွေကို များစွာအသုံးပြုထားလျှက်ရှိပါတယ်။

 

ဒီဇိုင်းအသစ်နဲ့ Chocolate stick တွေကလည်း ဆွဲမက်စရာကောင်းနေပြန်ပါတယ်။
အားလုံးပေါင်း ဒီဇိုင်း ၁၆ မျိုးရှိပါတယ်။

 

 

အသီးတွေကို ကရုတစိုက်ထည့်ထားတဲ့ ချောကလပ်များလည်းရှိပါတယ်။
စာဖို့အတွက်တောင် နှမြောနေမိမှာအမှန်ပါပဲ။
အာ… ကြည့်ရင်းနဲ့ စားချင်လာပါပြီခင်ဗျာ….

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: