ဂျပန့်အစောဆုံးမှော်ဆရာ !!! လေထဲမှာပျံသန်း၊ မကောင်းဆိုးဝါးကိုပင်တပည့်ဖြစ်စေခဲ့ ?
တီဗွီမှာမကြာခဏထုတ်လွှင့်တဲ့ မျက်လှည့်ပြပွဲ
ကျွန်တော်ကိုယ်တိုင်လည်းအရမ်းကြိုက်ပြီး၊ သက်သက်လှည့်စားမှုတစ်မျိုးပဲဆိုတာ သိနေသော်လည်း ဘယ်လိုတွေလုပ်ဆောင်ထားသလဲဆိုတာနားမလည်ဘဲ၊ အရမ်းကိုမတင်မကျခံစားချက်နဲ့ ယနေ့ချိန်အထိကြည့်ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီပုဂ္ဂိုလ်ကတော့ တော်တော်လေးကွဲပြားပါတယ်။
သူကိုအများက 役小角 အန်းနိုးအိုဇုနု(えんの おづぬ) လို့သိကြပြီး၊ သူဟာဂျပန်ရဲ့ရှေးအကျဆုံး မှော်ဆရာတစ်ယောက်ပဲဖြစ်ပါတယ်။
ဒီဒဏ္ဍာရီက အမှန်တကယ်သာဖြစ်နေမယ်ဆိုရင်၊ လူသားတွေရှိတော့မယ်လို့ မထင်ပါဘူး။
https://mountain-fox.net/
役小角 အန်းနိုးအိုဇုနု အကြောင်းကိုပြောရရင်
役小角 အန်းနိုးအိုဇုနု ဟာ (၇) ရာစုနှစ်လောက်မှာမွေးဖွားလာသူဖြစ်ပြီး၊ ဂျပန်ရဲ့ဗုဒ္ဓဘာသာလောကမှာ ဂိုဏ်းအသစ်တစ်ခုကိုတည်ထောင်လိုက်သူဖြစ်ပါတယ်။
အိန္ဒိယမှာပေါ်ထွန်းပြီး၊ တရုတ်မှတဆင့်ဂျပန်ကိုရောက်လာတဲ့ ဗုဒ္ဓဘာသာဟာ၊ အမျိုးမျိုးသောပြောင်းလဲမှုတွေထပ်မံပေါ်ပေါက်လာပါတယ်။
အထူးသဖြင့် ဗုဒ္ဓဘာသာဟာဂျပန်မှာရှေးကတည်းကရှိနေခဲ့တဲ့ (ရှင်တို) နဲ့ပေါင်းစပ်လိုက်တဲ့အခါ နိုင်ငံအများစုမှာရှိတဲ့ဗုဒ္ဓဘာသာနဲ့ ကွဲပြားမှုတွေကိုဖြစ်သွားစေပါတယ်။
ထိုအရာတစ်ခုမှာ 役小角 အန်းနိုးအိုဇုနု ကအစပြုလိုက်တဲ့ 修験道 Shugendō လို့ခေါ်တဲ့ တောင်ပေါ်မှာဝစီပိတ်တရားကျင့်တဲ့ တောင်ပေါ်ယုံကြည်မှုတစ်မျိုးရှိပါတယ်။
ဒီပုဂ္ဂိုလ်ရဲ့ ရာဇဝင်ကတော့တော်တော်လေး အားကြီးတာတွေချည်းပါပဲ။
၁ ခုချင်းစီကြည့်သွားကြရအောင် …
မမွေးဖွားခင် အိပ်မက်ပေးခြင်း
သူ့ကိုကိုယ်ဝန်ဆောင်တဲ့မိခင်ဟာ ကိုယ်ဝန်ရတဲ့နေ့မှာအိပ်မက်တစ်ခုကို မြင်မက်ခဲ့ပါတယ်။
ကောင်းကင်ကနေ ရွှေရောင်သပိတ် ၁ လုံးကျလာခဲ့ပြီး၊ ထိုသပိတ်ကပါးစပ်ထဲကိုဝင်သွားခဲ့တယ် ဆိုတဲ့အိပ်မက်ဖြစ်ပါတယ်။
ထိုအချိန်ကကိုယ်ဝန်ရှိနေမှန်းမသိခဲ့ဘူးလို့ဆိုပါတယ်။
နောက်ပြီး မွေးဖွားလာခဲ့တဲ့ 役小角 အန်းနိုးအိုဇုနု ဟာ ကလေးပီပီချစ်စရာကောင်းနေရမှာထက် ကြောက်စရာကောင်းနေခဲ့ပါတယ်။ ဒီအတွက်မိခင်ဟာ တောအုပ်ထဲမှာစွန့်ပစ်လိုက်ပါတယ်။
သို့သော် တော်အုပ်ထဲမှာရှိနေတဲ့ တောရိုင်းသတ္တဝါနဲ့ငှက်များဟာ သူ့ကိုစောင့်ရှောက်ပေးပြီး၊ မိုးရေထဲမှာတောင် မစိုစွတ်သွားတဲ့အခြေအနေကိုမြင်လိုက်တဲ့မိခင်ဖြစ်သူဟာ အတွေးကိုပြန်ပြင်လိုက်ကာ၊ အိမ်ကိုပြန်ခေါ်လာခဲ့ပါတယ်။
အဲ့ဒီကနေ သူ့ရဲ့ဘဝဟာအစပြုခဲ့တော့တယ်။
စကားပြောတတ်တဲ့ကလေးဘဝကတည်က 梵字 ကိုရေးခဲ့တယ်။
ကလေးအရွယ်ကတည်းကပြောင်းလဲမှုဖြစ်နေပြီး၊ ဘယ်သူမှမသင်ပေးတဲ့ 梵字Bonji ကိုရေးနေခဲ့ပါတယ်။
梵字 Bonji ဆိုတာကတော့ ဗုဒ္ဓဘာသာစပြီးထွန်းကားရာအရပ်ဖြစ်တဲ့ အိန္ဒိယရဲ့ စကားလုံးတွေပဲဖြစ်ပါတယ်။
ဂျပန်စာကိုထပြီးရေးရင်တောင်မှ တော်တော်လေးအံ့သြသွားရမယ့် ကလေးအရွယ်မှာ 梵字 Bonji လို့စကားလုံးတွေကိုရေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
သူ့ပတ်ဝန်းကျင်မှာ 梵字Bonji ကိုရေးတတ်သူ ၁ ဦး ၁ ယောက်မျှတောင်မရှိခဲ့ပါဘူး။
အသက် ၂၂ နှစ်မှာ ဉာဏ်အလင်းကိုရရှိခဲ့
ဗုဒ္ဓဘာသာရဲ့အစအဦးဖြစ်တဲ့ ဗုဒ္ဓဟာအချိန်ကာလကြာမြင့်ပြီးနောက် သဗ္ဗေညုတဉာဏ်ကိုရရှိခဲ့ပါတယ်။
အရာအားလုံးကိုသိမြင်တဲ့ဉာဏ်လို့အဓိပ္ပါယ်ရပေမဲ့၊ ဒီပုဂ္ဂိုလ်ကတော့ အသက် ၂၂ နှစ်နဲ့ အဲ့ဒီအဆင့်ကိုရောက်ရှိခဲ့ပါတယ်။
ကလေးဘဝမှာ တောင်တွေတစ်တောင်ပြီးတစ်တောင်ကျော်ဖြတ်ရင်း ရေတံခွန်လည်းခံခဲ့ပါတယ်။
ဒါပေမဲ့ ဒါတွေဟာလည်ပတ်ခြင်းမဟုတ်ဘဲ တရားကျင့်ကြံအားထုတ်ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မကောင်းဆိုးဝါးစုံတွဲကို တပည့်ဖြစ်စေခဲ့ခြင်း
https://intojapanwaraku.com/
တောင်ပေါ်မှာ လူသားစားတဲ့မကောင်းဆိုးဝါးစုံတွဲရှိခဲ့ပါတယ်။
အသတ်ခံလိုက်ရသူတွေဟာ လက်ချိုးရေလို့တောင်မရလောက်တဲ့အထိ အများကြီးရှိခဲ့ပါတယ်။
役小角 အန်းနိုးအိုဇုနု ဟာ မှော်ပညာဖြင့် ထိုလင်မယားရဲ့ကလေးကို ဝှက်ထားလိုက်ပါတယ်။
အံ့သြသွားတဲ့ထို ၂ ယောက်လုံးဟာ တောင်တစ်ခွင်လုံးလိုက်ရှာလည်း ဘယ်လိုမှမတွေ့ခဲ့ပါတယ်။
အဲ့ဒီနေရာမှာ 役小角 အန်းနိုးအိုဇုနု ဟာ နောက်ထပ်လူတွေမသတ်တော့ဖို့နဲ့၊ သစ်သီးကိုသာစားဖို့ ဖျောင်းဖျခဲ့ပါတယ်။
သဘောတူညီချက်ရသွားတဲ့အခါ ကလေးကိုလည်းပြန်ပေးပြီး၊ မကောင်းဆိုးဝါးကိုလူသားအဖြစ်ပြန်လည်ပြောင်းလဲကာ သူတို့ကိုတပည့်အဖြစ်ခံယူစေခဲ့ပါတယ်။
လူဟာမကောင်းဆိုးဝါးဖြစ်သွားပြီး အဲ့ဒါရဲ့ဆန့်ကျင်ဘက်လည်း ပြန်ဖြစ်နိုင်တယ်။
ဒါဟာ လက်ရှိနာမည်ကြီးနေတဲ့ Demon Slayer ရုပ်ရှင်ထဲမှာလည်း တွေ့ရပါတယ်။
နတ်ဘုရားနဲ့တိုက်ခိုက်ခြင်း
役小角 အန်းနိုးအိုဇုနု ဟာတောင်ပေါ်မှာနေထိုင်ပေမဲ့၊ တကယ်တော့တောင်တွေမှာ ဂျပန်ရှေးနတ်ဘုရားတွေနေထိုင်ပါတယ်။
အဲ့ဒီလို နတ်ဘုရားတွေနဲ့တိုက်ခိုက်ခဲ့သေးတယ် ဆိုတဲ့မယုံနိုင်စရာအခန်းတွေလည်းရှိပါတယ်။
ဒါကိုစိုးရိမ်ကြောက်ရွံ့သွားတဲ့ Hitokotonushi နတ်ဘုရားဟာ အနီးအနားရှိလူတွေကို သတင်းအမှားတွေဖြန့်ပါတော့တယ်။
“ 役小角 ဟာ ရုံးတော် (အစိုးရ) ကိုပုန်ကန်ဖို့ကြံစည်နေပြီး…” ဆိုပြီး
ဒါနဲ့ရုံးတော်ရဲ့အရာရှိတွေလည်း ဖမ်းဖို့ရောက်လာကြပေမဲ့၊ 役小角 ဟာ လေထဲမှာပျံနိုင်တဲ့အတွက် ဖမ်းလို့မရခဲ့ပါဘူး။
ထိုနေရာမှာ အရာရှိတွေဟာသူ့ရဲ့မိခင်ကိုဓါးစာခံလုပ်ပြီး၊ 役小角 ကိုဖမ်းလိုက်ပါတော့တယ်။
ဂျပန်တစ်ဝှမ်း ပုံမှန်မဟုတ်သောရာသီဥတုကျရောက်ခြင်း
အဖမ်းခံလိုက်တဲ့ 役小角 ဟာ Izu Ōshima ကျွန်းပေါ်မှာ ထောင်နန်းစံသွားပါတယ်။
အဲ့ဒီအချိန်မှာပဲ ပုံမှန်မဟုတ်တဲ့ရာသီဥတုကျရောက်လာပါတော့တယ်။
ဒီအပြင်ထိုအချိန်ရဲ့ဧကရာဇ်ဟာ အိပ်မက်ထဲမှာဒီလိုသတင်းစကားကို ရရှိလိုက်ပါတယ်။
“ သဗ္ဗေညုတဉာဏ်အလင်းရရှိသူကို အပြစ်သားလို့သတ်မှတ်တဲ့အတွက် ဒီလိုဒုက္ခတွေကျရောက်ခြင်းဖြစ်တယ်”
役小角 ကိုပြန်လွှတ်ပေးခဲ့ပြီး၊ သူ့ရဲ့မွေးရပ်ဇာတိကိုပြန်ပို့ပေးခဲ့ပါတယ်။ သို့သော် အချိန်ပြည့်ဖြစ်သွားပြီလို့ပြောစမှတ်ပြုပြီး မိခင်နဲ့အတူကောင်းကင်သို့ ပြန်တက်သွားတယ်လို့ ပြောကြပါတယ်။
ဂျပန်မှာတော့ 天狗 Tengu လို့ခေါ်တဲ့မိမိကိုယ်ကိုကြွားဝါတတ်သော မကောင်းဆိုးဝါးတစ်ကောင်ရှိပါတယ်။
https://www.nwn.jp/
တောင်ပေါ်မှာ ပျံဝဲတတ်ပြီး၊ မှော်ပညာကိုအသုံးပြုတတ်တဲ့ မကောင်းဆိုးဝါးလည်းဖြစ်ပါတယ်။ ဒါရဲ့မူလက 役小角 ပဲလို့ပြောကြပါတယ်။
သူအစပြုခဲ့တဲ့ 修験道 Shugendō လို့ခေါ်တဲ့ ရှင်တို့နဲ့ဗုဒ္ဓဘာသာ (၂) မျိုးပေါင်း တောင်ပေါ်ယုံကြည်ကိုးကွယ်မှုဟာ ဂျပန်နိုင်ငံအသီးသီးရဲ့တောတောင်ပေါ်ပျံ့နှံ့သွားပြီး၊ ထိုအရာက ကွန်ယက်သဘောမျိုးဖြစ်ကာ၊ ဂျပန်ပြည်တွင်းမှာ နောက်ထပ် နိုင်ငံတော်သီချင်း ၁ ပုဒ်ကဲ့သို့၊ ဂျပန်သမိုင်းထဲကို မထင်မရှားဝင်ရောက်လာတယ်လို့ ပြောကြပါတယ်။
မျက်မှောက်ခေတ်တိုင် ဂျပန်မှာ 修験道 Shugendō ယုံကြည်မှုဟာ ကျန်နေပါသေးတယ်။
သို့သော်၎င်းရဲ့စွမ်းအားကဆုံးရှုံးသွားပြီလို့ပြောကြပါတယ်။
အကယ်၍ ထိုယုံကြည်မှုအတိုင်းကျင့်ကြံအားထုတ်မယ်ဆိုရင်တောင် ထိုစွမ်းအားကိုမရနိုင်တော့ဘူးလား? လို့စဥ်းစားမိပါတယ်…..
Kengo Abe