သင်မသိသေးတဲ့ ဂျပန်လက်ဖက်ရည်များအကြောင်း တစ်စေ့တစ်စောင်း

ဂျပန်ရိုးရာလက်ဖက်ရည်ကို ကျန်းမာရေးအတွက်သော်လည်းကောင်း၊ အရသာရှိတဲ့ဖျော်ရည်တစ်ခုအဖြစ်သော်လည်းကောင်း တစ်ကမ္ဘာလုံးက သိထားကြပါတယ်။ လက်ဖက်ရည်သောက်ခြင်းဟာ တရုတ်နိုင်ငံမှဂျပန်နိုင်ငံသို့ ဗုဒ္ဓဘုန်းတော်ကြီးတွေရဲ့မိတ်ဆက်ပေးခြင်းဖြင့်ရောက်ရှိလာခဲ့ပြီး၊ သက်တမ်းအားဖြင့်တော့ နှစ် ၁၀၀၀ ထက်မနည်းရှိနေပြီးဖြစ်ပါတယ်။

 

https://aminoapps.com/c/japan/

 

၎င်းရဲ့ထူးခြားတဲ့အရသာနဲ့ ကျန်းမာရေးအတွက်အကျိုးပေးပုံတို့ကြောင့်၊ မကြာခင်မှာပဲ လက်ဖက်ရည်ဟာ အာဏာရှင်တွေနဲ့ ဆာမူရိုင်းအတန်းအစားများအပါအဝင်၊ ရိုးရာ tea ceremony အဖြစ် နာမည်ကြီးလာခဲ့ပါတယ်။

 

https://aminoapps.com/c/japan/

လက်ဖက်ရည်ကို အမျိုးအစားများစွာခွဲခြားနိုင်ပြီး၊ ပြင်ဆင်ရပုံမှာလည်း ပုံစံအမျိုးမျိုးဖြင့်ကွဲထွက်လာပါတယ်။
၎င်းတို့မှာတော့ –

 

၁။ Matcha

https://aminoapps.com/c/japan/

 

Matcha လို့ပြောရင်အားလုံးကကြားဖူးကြမှာပါ။ Matcha ကတော့တိကျရဲ့အစိမ်းနုရောင်နဲ့အမှုန့်ဖြစ်ပြီး၊ လက်ဖက်ရဲ့အရွက်ကနေထုတ်လုပ်ပါတယ်။ သို့သော် ထိုလက်ဖက်ပင်မှာ အရိပ်အောက်မှာကြီးလာတဲ့အပင် ဖြစ်ရပါမယ်။ အရိပ်အောက်မှာကြီးလာတဲ့ အရွက်ဟာ chlorophyll များများထုတ်လုပ်ရင်း တောက်ပတဲ့အစိမ်းရောင်ကိုရရှိလာသလို၊ အရွက်ပိုပြီးကြီးလာပါတယ်။ အရွက်ကိုအမှုန့်အဖြစ်ပြောင်းကာ ရေနွေးဖြင့်မွှေပြီသောက်ကြပါတယ်။
Tea ceremony အတွက်အသုံးပြုတဲ့ အဆင့်မြင့် Matcha နဲ့အတူ၊ အခြားသော အမျိုးအစားမတူတဲ့ matcha tea များလည်းရှိပါတယ်။

 

၂။ Sencha

https://aminoapps.com/c/japan/

 

Sencha သို့မဟုတ် လက်ဖက်စိမ်းရွက် tea !!
ဒါကတော့ ဂျပန်မှာရေပန်းအစားဆုံး tea ဖြစ်ပါတယ်။ Sencha ကတော့ Matcha လိုမဟုတ်ဘဲ လက်ဖက်ပင်ကိုနေရောင်ရရှိတဲ့နေရာမှာစိုက်ရပါတယ်။ နေရောင်အားဖြင့်အရောင်ပိုရင့်လာသလို၊ အရသာလည်း ပိုပြီးပြင်းလာပါတယ်။
ပြင်ဆင်ပုံကလည်း Matcha နဲ့ကွဲပြန်တယ်။
သန့်စင်တဲ့ tea ကိုရရှိဖို့၊ အရွက်ကိုရေနွေးထဲမှာစိမ်လိုက်ပြီး အစိမ်းညိုရောင်ပြောင်းတဲ့အထိထားရပါမယ်။
လူအများစုက လက်ဖက်ရည်ကိုရေနွေးကြမ်းသဖွယ်သောက်နေပေမဲ့၊ ဂျပန်နိုင်ငံမှာတော့ ခါးသက်သက် iced green tea ဟာ သောက်သုံးသူအများဆုံး ဖျော်ရည်တစ်ခုဖြစ်ပါတယ်။

 

၃။ Hojicha

https://aminoapps.com/c/japan/

 

Hojicha ဆိုတာကတော့ ဂျပန်လက်ဖက်ရည်တစ်မျိုးဖြစ်ပါတယ်။ အခြောက်ခံထားတဲ့ လက်ဖက်ရဲ့ရိုးတံနှင့်အရွက်တို့ကိုလှော်ပြီး သောက်သုံးရပါတယ်။

 

၄။ Mugicha

https://aminoapps.com/c/japan/

 

Mugicha ကိုတော့ barley tea လို့လည်းခေါ်ကြပါတယ်။ ပွက်ပွက်ဆူတဲ့ရေနွေးထဲမှာ ဘာလီသီးကိုအရောင်ကျတဲ့အထိထားကာ ဇကာဖြင့်သန့်စင်ယူပြီး သောက်ကြပါတယ်။ ၎င်းကိုတော့ဒီအတိုင်းသောက်နိုင်သလို ဂျပန်ရဲ့နွေရာသီမှာတော့ ရေခဲတုံးများထည့်ကာသောက်သုံးကြတာဟာ ပိုပြီးနာမည်ကြီးပါတယ်။
Mugicha အသင့်သောက်အထုပ်များကို ဂျပန် convenience store တွေမှာလည်းရောင်းချပါတယ်။
Mugicha tea ကတော့ ဂျပန်နွေရာသီနဲ့အလိုက်ဖက်ဆုံး tea တစ်ခုဖြစ်ပါတယ်။

 

၅။ Genmaicha

https://aminoapps.com/c/japan/

 

Genmaicha ကတော့ အနည်းငယ်ထူးဆန်းပါတယ်။ သူမှာ လက်ဖက်ရွက်အပြင်လှော်ထားတဲ့ဆန်ကိုပါ ရော်ထားပါတယ်။ ဆိမ့်ပြီးအရသာအနည်းငယ်ရှိတဲ့ဆန်လှော်ကို ထည့်သွင်းခြင်းဟာ green tea ရဲ့အခါးဓါတ်ကို သက်သာစေပါတယ်။ ၎င်းကိုတော့ hojicha နဲ့ matcha ကဲ့သို့သော အခြား tea တွေနဲ့လည်း ပေါင်းစပ်နိုင်ပါတယ်။

 

၆။ Sobacha

https://aminoapps.com/c/japan/

 

Sobacha ဆိုတာကတော့ နာမည်အတိုင်းပဲ soba noodles ပြုလုပ်တဲ့အခါပါဝင်ပစ္စည်းအနေနဲ့အသုံးပြုတဲ့ buckwheat (သုံးမြှောင့်ပုံစံစေ့) ကနေပြုလုပ်ရခြင်းဖြစ်ပါတယ်။ ၎င်းကိုတော့ အပူနဲ့အအေး ၂ မျိုးလုံးသောက်နိုင်ပြီး၊ ရိုးရှင်းနဲ့ဂျုံအရသာနဲ့အတူ သောက်လိုက်တဲ့အချိန် အဝင်ချောတဲ့ခံစားမှုကိုရရှိစေပါတယ်။
ဒီအပြင် Sobacha ဟာ caffeine-free ဖြစ်ရုံသာမက၊ antioxidants နဲ့ အမျှင်ဓါတ်များစွာလည်းပါဝင်နေပါတယ်။

 

၇။ Gobocha

https://aminoapps.com/c/japan/

 

Gobocha ကိုတော့ burdock(ကပ်စေးနှဲပင်တစ်မျိုး)အပင်ရဲ့အမြစ်ကို သေးသေးလေးတွေအဖြစ်အခြောက်လှန်းကာပြန်လှော်ပြီး tea အဖြစ်သောက်ကြပါတယ်။ burdock အမြစ်က ဂျပန်ဟင်းလျာတွေ
ချက်ပြုတ်ရာမှာလည်း အသုံးပြုပါတယ်။ Gobocha ဟာအိုမင်းရင့်ရော်မှုကိုကာကွယ်တဲ့အတွက် ဂျပန်မှာနာမည်ကြီးတဲ့ tea တစ်ခုလည်းဖြစ်ပါတယ်။

 

၈။ Kombucha

https://aminoapps.com/c/japan/

 

အနောက်တိုင်း kombucha ကတော့ တဆေးနဲ့ဘက်တီးရီးယားတို့ဖြင့်အချဥ်ဖေါက်ပြီးပြုလုပ်ပါတယ်။ သို့သော် ဂျပန်ရဲ့ kombucha tea ကတော့တော်တော်ကိုကွဲပြားပါတယ်။ ပင်လယ်ရေမှော်ပင် (kombu) ကနေထုတ်လုပ်ထားပါတယ်။ kombu ကိုဟင်းချက်တဲ့အခါ dashi soup ရဲ့ပါဝင်ပစ္စည်းအနေနဲ့လည်းအသုံးပြုပါတယ်။
Kombucha tea နဲ့ရောလိုက်တဲ့အခါမှာတော့ အနည်းငယ်ငန်တဲ့ tea တစ်ခုကိုရရှိသွားပါတယ်။
Kombucha ကိုအရသာပိုပြီးလေးသွားစေဖို့ စားငန်သီးနဲ့လည်းတွဲပြီးသောက်ကြပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: