ကယ်လီဖိုးနီးယားမြောက်ဘက်၊ Japanese Cultural and Community Center ရှေ့ရှိ ချယ်ရီပင် ၂ ပင်ဖျက်ဆီးခံရ

ကျန်ခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့၊ အင်္ဂါနေ့နံနက်အစောပိုင်း ကယ်လီဖိုးနီးယားပြည်နယ်ရဲ့မြောက်ဘက်ပိုင်းရှိ Japanese Cultural and Community Center ရှေ့မှာစိုက်ထားတဲ့ ချယ်ရီပင် ၂ ပင်ဖျက်ဆီးခံလိုက်ရပါတယ်။ အကိုင်းတွေအကုန်ခုတ်ပစ်ခြင်းခံလိုက်ရပြီး ပင်စည်သာကျန်ကြွင်းပါတယ်။

 

https://www.facebook.com/LikeJCCCNC/posts/10164602210850072

 

ဖြတ်သွားဖြတ်လာလူတွေက အပျော်သဘောနဲ့အကိုင်းတွေချိုးလိုက်တာမဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အချို့အကိုင်းတွေက ၃ လက်မလုံးပတ်ရှိတဲ့အတွက် လွယ်လွယ်ကူကူမချိုးနိုင်ပါဘူး။ အပင်တွေရဲ့အမြင့်မှာတော့ ၁၂ လက်မကနေ၊ ၁၅ လက်မအထိရှိတယ်လို့ Executive Director ဖြစ်သူ Paul Osaki ဆိုသူကပြောခဲ့ပါတယ်။

 

https://www.facebook.com/LikeJCCCNC/posts/10164602210850072

 

လွန်ခဲ့တဲ့ ၂ နှစ်ကလည်း ဒီလိုချယ်ရီပင်ဖျက်ဆီးခံရတာမျိုး ရှိခဲ့ပါတယ်။
၁၉၆၀ – ၁၉၇၀ ကာလအတွင်း Redevelopment Agency က Japantown မှာရှိတဲ့အပင်မှန်သမျှကိုနုတ်သွားပြီးတဲ့နောက် နှစ် ၅၀ အတွင်းမှာ ဒီချယ်ရီပင်တွေကို San Francisco ရဲ့ Japantown
မှာ ပထမဦးဆုံးစိုက်ပျိုးခဲ့ပါတယ်။
ဒီချယ်ရီပင်တွေကိုတော့ ၁၉၉၄ ခုနှစ်၊ ဂျပန်ဧကရာဇ်နဲ့မိဖုရားတို့ လာလည်တဲ့အချိန်မှာ အထိမ်းအမှတ်အနေနဲ့ Center ကစိုက်ပျိုးခဲ့တာပဲဖြစ်ပါတယ်။

 

https://www.facebook.com/LikeJCCCNC/posts/10164602210850072

 

ဆာကူရာပင်ဆိုတာ ဂျပန်တို့ရဲ့သင်္ကေတဖြစ်သလို၊ အမြတ်တနိုးထားတဲ့အပင်လည်းဖြစ်ပါတယ်။ အထိမ်းအမှတ်အနေနဲ့စိုက်ပျိုးထားတဲ့အပင်ဖြစ်တာကြောင့် ဒီလိုဖျက်ဆီးခံလိုက်ရတာဟာ ပိုပြီးစိတ်မကောင်းဖြစ်ရပါတယ်။ ရည်ရွယ်ချက်ရှိရှိလုပ်တာများလားလို့တောင် ထင်ရပါတယ်။

 

https://www.facebook.com/LikeJCCCNC/posts/10164602210850072

 

တကယ်တော့ လူသားတွေဟာအပင်တွေနဲ့မထိုက်တန်ပါဘူး။ ကမ္ဘာတစ်ဝှမ်းမှာလည်း သစ်ပင်တွေဟာလူသားတွေရဲ့ ခုတ်ပစ်ရှင်းလင်းခြင်းခံရလျှက်ရှိပါတယ်။

 

https://charity.gofundme.com/o/en/campaign/replace-cherry-blossom-treet

 

ဒီချယ်ရီပင်တွေကိုပြန်အစားထိုးဖို့ဆိုရင် မြို့ဘက်ကပေးလာမယ့်ထောက်ပံ့မှုတွေအပြင် မသိနိုင်တဲ့အချက်များစွာရှိတာကြောင့် ကုန်ကျမှုကိုအတိအကျခန့်မှန်းလို့မရနိုင်ပါဘူး။ ခန့်မှန်းရမယ်ဆိုရင် ဒေါ်လာ ၅ ထောင်မှ၊ ၁ သောင်းရှိမယ်လို့သိရပါတယ်။
အစားထိုးဖြစ်၊ မဖြစ်တော့ပြောထားခြင်းမရှိသေးပေမယ့်၊ အစားထိုးဖြစ်လို့ ပုဂ္ဂိကသဘောတူစာချုပ်လိုအပ်ခဲ့ရင် San Francisco မြို့အဖွဲ့အစည်းနဲ့ ပူးပေါင်းသွားမယ်လို့ပြောထားပါတယ်။
အခုချိန်မှာ Center ဟာ ထောက်ခံပံ့ပိုးသူတိုင်းကို ကျေးဇူးတင်ကြောင်း Japanese Cultural and Community Center ရဲ့တရားဝင်စာမျက်မှာ ရေးထားလျှက်ရှိပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: