အခြားစီရင်စုသားတွေလိုက်မမီနိုင်တဲ့၊ Nagano စီရင်စုသားတွေရဲ့ ကျွမ်းကျင်တဲ့ ၂ ချက် !!!

ဂျပန်ရဲ့အလယ်ဗဟိုမှာတည်ရှိတဲ့တောင်တန်းဒေသကတော့ Nagano စီရင်စုပဲဖြစ်ပါတယ်။
လှပတဲ့တောင်ပြာတန်းတွေနဲ့ဝန်းရံထားပြီး နွေရာသီမှာဆိုအရမ်းသက်သောင့်သက်သာရှိတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ဆောင်းရာသီမှာတော့အပူချိန်နိမ့်သွားပြီးအအေးဝင်လာတာကြောင့် အရမ်းအေးသလို၊နှင်းတွေလည်းကျတဲ့ ဒေသဖြစ်ပါတယ်။
စကိတ်စီးလို့ရနိုင်တာကြောင့် ကျေးဇူးတင်ရသလို၊ တစ်ဖက်မှာလည်းဒေသခံလူတွေအတွက်တော့ အတော်ကိုနေထိုင်မှုဘဝအတွက်ခက်ခဲသွားပြန်တယ်လို့ ယူဆရပါတယ်။

 

【マジで?】長野県民は実家の標高を言える!? というわけで実際に長野県民に聞いてみた / さらに驚きの「標高ネタあるある」が続出!!

ဒီလို Nagano စီရင်စုသားတွေကလွဲပြီး၊ အခြားဒေသကလူတွေ လိုက်မလုပ်နိုင်တဲ့ထူးခြားတဲ့ကျွမ်းကျင်မှု ၂ ခု ရှိပါတယ်။

 

၁။ အိမ်အမြင့်ကိုပြောနိုင်ခြင်း။
မကြာခဏတောင်တွေမှာ အမြင့်ဘယ်လောက်မီတာရှိပြီး ဆိုပြီးကြားရပေမဲ့၊ ဒီအမြင့်တွေကိုမှတ်မိနေသူတွေ ဘယ်လောက်ရှိမယ်လို့ထင်ပါသလဲ?
ဒါမှမဟုတ် အိမ်ရဲ့အမြင့်ကတော့ ဘယ်လောက်ဆိုပြီး၊ ပြောနိုင်ပါသလား?
ကျွန်တော်မွေးဖွားကြီးပြင်းလာခဲ့တဲ့ တိုကျိုရဲ့အနိမ့်ပိုင်းမှာရှိတဲ့မြို့တွေက (0 မီတာ)အောက်၊ တစ်နည်းအားဖြင့် ပင်လယ်ရေမျက်နှာပြင်ထက်နိမ့်ကျနေတဲ့အတွက်၊ ဒီနေရာတွေဟာအန္တရာယ်ရှိတဲ့နေရာတွေပဲလို့ အတွေးတစ်ခုဝင်ခဲ့ပါတယ်
သို့သော် အတိအကျတော့မသိပါဘူး။

Nagano စီရင်စုသားတွေအများစုကတော့ နေအိမ်အမြင့်ကို ပြောနိုင်ပါတယ်။
ပြည့်စုံလုနီးပါး ၁ မီတာအထိဖြေနိုင်ကြပါတယ်။

လျှို့ဝှက်ချက်ကတော့ စာသင်ကျောင်းတွေမှာ ပထဝီဝင်ဘာသာရပ်ကိုသင်ကြားတဲ့အခါ ဒီလို 3D မြေပုံကိုအသုံးပြုကြပါတယ်။

https://www.mapshop.co.jp/products/detail.php?product_id=41284

ထို့အပြင် တစ်မြို့လုံးမှာ ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေကိုဖော်ပြတဲ့ ဆိုင်ဘုတ်တွေရှိတာကြောင့် မှတ်မိသွားကြပါတယ်။

 

၂။ သစ်ကြားသီးကိုလက်ဗလာဖြင့်ခွဲနိုင်ခြင်း။

https://blog.goo.ne.jp/tk10zo/e/4fb4ea484da1f13614b16d7e5ce7f1d0

 

လူတိုင်းကိုတော့မဆိုလိုပေမဲ့၊ ၃၀ ရာခိုင်နှုန်းလောက်ဟာ အမှန်တကယ် လက်ဗလာဖြင့်သစ်ကြားသီးကိုခွဲနိုင်ကြပါတယ်။
အက်ရှင်မင်းသား ဂျက်ကီချန်းဟာ ရုပ်ရှင်ထဲမှာလက်ဗလာနဲ့သစ်ကြားသီးကိုခွဲလိုက်တာကိုကြည့်ပြီး အံ့သြသွားရတဲ့ကျွန်တော်အနေနဲ့ကြည့်ရရင်၊ Nagano စီရင်စုသား = ဂျက်ကီချန်းလို့တောင်မှ တင်စားလိုက်ချင်ပါတယ်။

သစ်ကြားသစ် ၂ လုံးကိုပေါင်းပြီးချေပစ်လိုက်ဖို့လွယ်ကူတယ်လို့ထင်ရပေမဲ့၊ စာဖတ်သူတို့ဆိုရင်ရော လုပ်နိုင်မယ်လို့ ထင်ပါသလား?

ကြောက်စရာကောင်းတဲ့ Nagano စီရင်စုသားများ
ဒီနေရာမှာတော့ သူတို့ကိုယှဥ်လို့မရနိုင်ဘူးထင်ပါရဲ့…..

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: