အအေးလှိုင်းနှင့်ကိုရိုနာကိုပါ နှုတ်ပိတ်သွားစေခဲ့တဲ့ Kitakyushu မြို့ရဲ့ “ 成人式” ပွဲတက်လာသူများ

“ 成人式” Seijin-shiki ဆိုတာကတော့ ဂျပန်မှာအသက် ၂၀ ပြည့်ပြီးသူတိုင်းကို လူကြီးတစ်ယောက်ဖြစ်ပြီဆိုပြီး အခမ်းအနားနဲ့တကွ အသိအမှတ်ပြုပေးတဲ့ ပွဲတစ်ခုဖြစ်ပါတယ်။
အသက် ၂၀ ပြည့်ပြီးဆိုရင်တော့ အိမ်ထောင်ပြုခွင့်၊ ဆေးလိပ်သောက်ခွင့်၊ အရက်သောက်ခွင့် ရရှိသွားပါတယ်။
https://rocketnews24.com/2021/01/10/

တစ်ကမ္ဘာလုံးကစိတ်ဝင်စားကြတဲ့ Fukuoka စီရင်စု၊ Kitakyushu မြို့ရဲ့ “ 成人式” လို့ပြောလိုက်ရင်၊ ပြောင်ပြောင်လဲ့လဲ့ဝတ်စုံကြီးတွေကို အပြည့်အစုံဝတ်စားထားကြတဲ့ Super Regent တပ်ဖွဲ့ကြီးဟာ၊ ၁ နှစ်မှာ ၁ ကြိမ်သာဆုံတွေ့ရတဲ့ “ Tanabata” ကဲ့သို့ပင် ကြီးမားတဲ့တွေ့ဆုံပွဲတစ်ခုလိုဖြစ်ပါတယ်။
ဆုံတွေ့ကြတဲ့နေရာကတော့ “ Tanabata” လို ဝေဟင်ယံပေါ်က တံတားမှာမဟုတ်ဘဲ၊ Kitakyushu Media Dome မှာဖြစ်ပါတယ်။
နှစ်တိုင်းဒီလိုအချိန်ကိုရောက်လာပြီဆို “ 成人式” မှာပါဝင်ရတော့မယ့်လူငယ်တွေဟာ သာမှန်မဟုတ်တဲ့ရင်ခုန်စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နေပါတော့တယ်။

 

https://rocketnews24.com/2021/01/10/

 

ဒါပေမဲ့ ဒီနှစ်ကတော့ လူထူထပ်မှုကိုရှောင်ရှားဖို့အတွက်ဆိုပြီး ပွဲကိုချုံ့လိုက်ပါတယ်။ နေထိုင်တဲ့နေရာကိုလိုက်ပြီး ၂ ဖွဲ့ခွဲလိုက်ပါတယ်။ ဒီအပြင်တက်ရောက်ဖို့အခက်အခဲရှိသူတွေအတွက်တော့ online ကနေတက်ရောက်နိုင်မယ့်ပုံစံမျိုးလည်း စီစဥ်ထားပါတယ်။
တကယ်တော့ ဒီရက်မတိုင်ခင်ကတည်းက နှစ်အနည်းငယ်ကြာမှဖြစ်တတ်တဲ့ ပြင်းထန်အအေးလိုင်းဖြတ်မှုကလည်းရောက်လာပြီး၊ နှင်းတွေထူထပ်နေခဲ့ပါတယ်။
ပွဲကျင်းပရာမနက်ကတည်းက ခိုက်ခိုက်တုန်အောင်အေးလွန်းပေမဲ့.. သူတို့ကတော့ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ရောက်လာခဲ့ပါတယ်။

 

https://rocketnews24.com/2021/01/10/

 

* ကိုရိုနာရော၊ အအေးလှိုင်းကိုပါ နှုတ်ပိတ်သွားစေခဲ့တဲ့သူတို့တွေ..
ဘယ်လိုအတားအဆီးဖြစ်ဖြစ်အရှုံးမပေးဘူးဆိုတဲ့စိတ်နဲ့အတူ ကိုရိုနာအတွက် ကာကွယ်မှုတွေပါလုပ်လာခဲ့ပါတယ်။ အရင်ဆုံးသွားရတာကတော့ ဝတ်စုံငှားရမ်းတဲ့ဆိုင်ကိုပဲဖြစ်ပါတယ်။ မိုးမလင်မီကပင် အပြီးအစီးဝတ်ဆင်ထားရတဲ့သူတို့ရဲ့ပုံစံဟာ၊ အခြားသောစီရင်စုကနေရောက်လာတဲ့ နတ်သားနတ်သမီးတွေလိုပါပဲ..
ပွဲပျက်လို့ အခမ်းအနားနေရာကနေ ဓါတ်ပုံသာရိုက်ရင်းကျေနပ်သူများလည်း အများကြီးရှိတယ်လို့ သိရပါတယ်။

 

https://rocketnews24.com/2021/01/10/

 

ကံမကောင်းစွာပဲ ဒီနှစ်ကတော့နှင်းတွေကြောင့် လမ်းမှာကြန့်ကြာသွားရပြီး ၁၀ နာရီကျော်မှရောက်လာခဲ့ပါတယ်။
online ကနေပွဲတက်လိုက်ရသူ အများအပြားရှိမယ်လို့ထင်ခဲ့ပေမဲ့ နှင်းကိုအဖက်တောင်လုပ်မနေတဲ့ အနာဂတ်ရဲ့လူငယ်တွေကတော့ ပွဲမတက်လိုက်ရသော်လည်း Kitakyushu Media Dome သို့ ဝင်လာမစဲတသဲသဲဖြင့် ဓါတ်ပုံလာရိုက်ရင်း သူတို့ရဲ့ အမှတ်တရကိုဖန်တီးခဲ့ကြပါတယ်။

 

https://rocketnews24.com/2021/01/10/

 

သူတို့ကိုကြည့်လိုက်ပါ။ သင်ဟာ လန်းဆန်းတဲ့သူတို့ရဲ့မျက်နှာကိုမြင်ရမှာဖြစ်ပါတယ်။

https://rocketnews24.com/2021/01/10/

 

ဒီအပြင်ကိုရိုနာကာကွယ်တားဆီးမှုအနေနဲ့ အဝင်ပေါက်မှာ mask တပ်ခြင်း၊ လက်သန့်ဆေးရည်အသုံးပြုခြင်း စသည်တို့ကိုကြေငြာပေးရာ သူတို့တွေလိုက်နာကြတာကိုလည်းတွေ့ရပါတယ်။

 

https://rocketnews24.com/2021/01/10/

 

၂၀၂၁ စတိုင်နဲ့ “ 成人式” ပွဲတက်လာတဲ့လူငယ်တွေဟာ၊ အပြင်ပိုင်းမြင်ရတဲ့သူတို့ရဲ့ ခမ်းနားတဲ့အပြင်အဆင်နဲ့အတူ ကြံ့ခိုင်တဲ့စိတ်၊ အရှုံးမပေးတဲ့ဇွဲလုံ့လဟာ အနာဂတ်ကိုပါဦးဆောင်သွားမယ်လို့ ယုံကြည်မိပါတယ်.

 

https://rocketnews24.com/2021/01/10/

 

နောက်ဆုံးပုံကအသက်

https://rocketnews24.com/2021/01/10/

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: