ရထားလမ်းကူးရင်း နှင်းထဲမှာကျွံသွားပြီး ရထားနဲ့တိုက်မိခဲ့တဲ့အဖြစ်..

ယနေ့ ၈ ရက်နေ့ နံနက် ၇ နာရီ ၁၀ မိနစ်၊ Tottori စီရင်စု Yurinhama မြို့ရဲ့ လမ်းဆုံမှာ၊ Yoneko မြို့ကိုဦးတည်နေတဲ့ JR အမြန်ရထားနဲ့၊ လမ်းဖြတ်ကူးနေစဥ်အတွင်း ရထားလမ်းပေါ်မှာပဲရပ်သွားတဲ့ကားတို့ တိုက်မိသွားခဲ့ပါတယ်။
ယာဥ်မောင်းသူဖြစ်တဲ့ အသက် ၂၀ ကျော်အမျိုးသားဟာ မတော်တဆမှုမဖြစ်ခင် ကြိုတင်ရှောင်တိမ်းလိုက်နိုင်တဲ့အတွက် ဘေးကင်သွားသလို၊ ရထားမှာပါလာတဲ့ခရီးသည်နဲ့ ရထားဝန်ထမ်းပေါင်း ၂၆ ဦးတို့လည်း ဒဏ်ရာမရရှိခဲ့ကြောင်းသိရပါတယ်။

 

https://www3.nhk.or.jp/news/html/20210108/k10012803431000.html?utm_int=news-social_contents_list-items_038

 

ဒီမတော်တဆမှုမတိုင်ခင်မှာ ရထားနဲ့ကားလမ်းတို့ဖြတ်တဲ့လမ်းဆုံမှာ နှင်းတွေစုပုံနေပြီး၊ ကားဟာလမ်းဖြတ်ကူးမယ်လုပ်တဲ့အချိန် တာယာဟာနှင်းနဲ့လုံးထွေးသွားပြီးရှေ့ဆက်တိုးမရဖြစ်သွားပါတယ်။
ယာဥ်မောင်းသူအားမေးကြည့်တဲ့အခါမှာတော့ “ လမ်းကူးနေတုန်းမှာပဲ နှင်းထဲမှာကျွံဝင်သွားပြီးရှေ့ဆက်တိုးမရခဲ့ဘူး။ ထွက်ပြေးမယ်လို့ကားထဲကဆင်းလိုက်တဲ့အချိန်မှာပဲ ရထားဟာအနီးကိုရောက်လာပြီး ကားကိုတိုက်သွားပါတယ်” လို့သိရပါတယ်။

 

ကိုရိုနာအပြင်လက်ရှိဂျပန်မှာနှင်းတွေအရမ်းကျနေတာကြောင့်လည်း သတိထားရမယ့်အန္တရာယ်တစ်ခုအဖြစ် နှိုးဆော်လိုက်ပါတယ်။

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: