ယောက်ျားလေးများတောင် ထိုင်ငိုသွားရမယ့် six-pack နှင့်ဝက်ဝံလေးများ

ဂျပန်မုန့်ဖုတ်ပညာရှင်တစ်ဦးဟာ ချစ်စရာအလွန်ကောင်းပြီး ယောက်ျားလေးတိုင်းအားကျသွားစေမယ့် ကာယဗလမောင်ဝက်ဝံလေးတွေကို ဖန်တီးလိုက်ပါတယ်။

 

https://grapee.jp/en/

 

လှပတဲ့အရာတစ်ခုခုကိုစားရတော့မယ့်ဆို အားလုံးဟာခေတ္တတွေဝေသွားတတ်ကြပါတယ်။
ထိုအတိုင်းပဲ ဒီပေါင်မုန့်ကို စားပစ်လိုက်ဖို့ကလည်းနှမြော၊ သိမ်းထားဖို့ကလည်းအခက်နဲ့ စာဖတ်သူတို့လည်း ဒီပေါင်မုန့်ကိုရရှိခဲ့မယ်ဆို ခဏလောက်ဇဝေဇဝါဖြစ်နေမှာပါ။

 

 

ကာယဗလမောင်ဆိုတဲ့အတိုင်းပဲ ရင်ဘက်ပေါ်ကကြွက်သားနဲ့ ပြောင်ပြောင်လုံးလုံး six-pack များဟာလည်း ချစ်စရာလည်းကောင်းသလို၊ မိန်းကလေးများရဲ့အာရုံကိုဖန်းစားနိုင်တယ်ဆိုတာ အသေအချာပါပဲ။
ဒီဖန်တီးမှုမှာတော့ ပေါင်မုန့်အပြင်တွဲစားလို့ရမယ့် sausages ကိုပါ အားကိုးချင်စရာလက်မောင်း ၂ ခုဖြင့်ညှပ်ထားတာကိုတွေ့ရပါတယ်။

 

အလွန်တရာဖန်တီးမှုအားကောင်းလှသော ဒီပေါင်မုန့်ရဲ့မူပိုင်ရှင်ကတော့ @konel_bread ဆိုတဲ့ Twitter အကောင့်ပိုင်ရှင်ပဲဖြစ်ပါတယ်။

သူ့ရဲ့အခြားသောဖန်တီးမှုတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

 

 

 

 

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: