(၆) ရက်နေ့မွန်းလွှဲ ၂ နာရီခွဲခန့်၊ ကျိုတိုရှိ Kamogawa မြစ်ထဲတွင် အနီရောင်အရည်များစီးဝင်လာခဲ့

ကျန်ခဲ့တဲ့ (၆) ရက်နေ့မွန်းလွှဲ ၂ နာရီခွဲလောက်မှာ၊ ကျိုတိုမြို့ရဲ့တောင်ပိုင်း,Kamitoba Kanjinbashi မြို့ရဲ့ Kamogawa မြစ်ထဲမှာ အနီရောင်အရည်တွေစီးထွက်လာခဲ့ပါတယ်။

 

https://www.kyoto-np.co.jp/articles/-/462206

 

မြို့ပြောချက်အရ ထူးဆန်းတဲ့အရည်တွေစီးထွက်လာတာဟာ မိုးရာသီမှာ Kamogawa မြစ်ထဲ မိုးရေလွှတ်ပေးတဲ့ပိုက်ကနေ စီးထွက်လာခြင်းဖြစ်ပါတယ်။ သို့သော် ထိုအချိန်မိုးရွာခြင်းမရှိခဲ့ပေမဲ့ ရေဆိုးပိုက်မှာသစ်တုံးအပိုင်းအစတွေနဲ့ပိတ်ဆို့နေတဲ့အတွက်၊ မိုးရေလွှတ်ပေးတဲ့ပိုက်ကနေတစ်ဆင့် Kamogawa မြစ်ထဲစီးထွက်လာရခြင်းပဲ လို့ဆိုထားပါတယ်။

https://www.kyoto-np.co.jp/articles/-/462206

 

စီးထွက်လာချိန်တွေ့ရှိခဲ့တာကတော့ (၆) ရက်နေ့မွန်းလွှဲ ၂ နာရီမိနစ် ၃၀ ဝန်းကျင်ဖြစ်ပါတယ်။
Kanjinbashi မြို့ရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ မိုးရေလွှတ်ပေးတဲ့နေရာကနေ Kamogawa မြစ်ထဲသို့ အနီရောင်အရည်တွေဟာ ပမာဏများစွာစီးဝင်လာပြီး၊ ညာဘက်အခြမ်းတောက်လျှောက်မှာရှိနေခဲ့ပါတယ်။
ရေကိုစစ်ဆေးတဲ့ရလဒ်ကတော့ အန္တရာယ်ရှိတဲ့အရာဝတ္ထုဟာရေဆိုးစံနှုန်းအောက်ဖြစ်ပြီး ငါးတွေအပေါ်သက်ရောက်မှု ရှိမရှိကိုတော့အတည်မပြုရသေးဘူးလို့ဆိုပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: