အန္တရာယ် ! Tsurara = ငှက်ချေး ??….

ဂျပန်မှာအေးချမ်းတဲ့ဆောင်းရာသီဟာ တစ်ကြော့ပြန်‌ရောက်လာခဲ့ပါပြီ။
အေးလာတဲ့အခါ ဒီလိုအရာလေးတွေကအိမ်ရဲ့ တစက်မိတ်မှာပေါ်လာတတ်ပါတယ်။

 

https://gigazine.net/news/20210104-eating-icicle-licking-bird-poop/

 

Tsurara လို့ခေါ်ပါတယ်။ kanji နဲ့ရေးမယ်ဆိုရင်တော့ “ 氷柱” လေးပါ။
ထိုအတိုင်း ရေခဲအချောင်းတွေဖြစ်ပါတယ်။

ပူတဲ့ဒေသတွေမှာတော့ Tsurara ကိုတွေ့ရခဲပါတယ်။
ဒီလိုမြင်ရခဲတဲ့ Tsurara တွေကိုချိုးပြီး ရေခဲမချောင်းလို့လျက်စားနေသူတွေအနည်းငယ်ရှိလာပါတဘ်။
အဲ့ဒီလိုစားရတာ ဘယ်လောက်တောင်ပျော်ဖို့ကောင်းလဲဆိုတာ နားလည်ပါတယ်။ Instagram မှာတင်လိုက်ရင် လူအများကလည်း သဘောကျကြပြီး အားကျကြမယ်ပေါ့…

ဒါပေမဲ့ မစားပါနဲ့၊ ရပ်လိုက်ပါ….
ဒါဟာ ငှက်ချေးကိုစားမိတာနဲ့အတူတူပဲဖြစ်လို့ ဖြစ်ပါတယ်။

ဘာကြောင့် ရေခဲဆွဲကိုငှက်ချေးလို့ပြောရသလဲ?

လို့တွေးမိမယ်နော်…
ဒါဆို Tsurara လေးတွေဖြစ်လာမယ့် အဆင့်ဆင့်ကိုကြည့်ကြရအောင်…
အိမ်ခေါင်မိုးပေါ်ကျလာတဲ့မိုးနဲ့ ပျော်သွားတဲ့နှင်းတွေဟာစီးဆင်းလာပြီး၊ ဒါတွေဟာအောက်ကိုကျလာရင်းနဲ့ လမ်းတစ်ဝက်မှာရေခဲသွားတယ်။
ဒီလို အိမ်ခေါင်မိုးပေါ်ကိုစီးဆင်းလာတဲ့ရေတွေဟာ အဓိကပစ္စည်းပါပဲ.

ဒါဖြင့်အိမ်ခေါင်မိုးပေါ် နှင်းမရှိခင်က ဘာရှိနေမလဲ?
ဖုန်တွေတက်နေမယ်မဟုတ်လား။ ပိုပြီးသေသေချာချာစဥ်းစားကြည့်မယ်ဆိုရင်..
တကယ်တော့ အိမ်ခေါင်မိုးပေါ်မှာ ငှက်တွေဟာမကြာခဏလာတတ်ကြပါတယ်။
ဆိုလိုတာကတော့ အဲ့ဒီနေရာမှာသူတို့တွေရဲ့ ချေးတွေရှိနေမှာအသေအချာပါပဲ။
ချေးအပေါ်ကျလာတဲ့ ရေတွေက ချေးကိုပျော်ဝင်စေရင်းနဲ့ တစ်ဖြည်းဖြည်းအောက်ကိုကျလာရင်း ရေခဲဖြစ်သွားတယ်။

ဟုတ်ပါတယ်။ ဒါဟာ Tsurara တို့ရဲ့ပုံစံအမှန်ပဲဖြစ်ပါတယ်။

အိမ်တိုင်းရဲ့ခေါင်မိုးပေါ်မှာ ငှက်ချေးရှိနေတယ်လို့မဆိုလိုပေမဲ့၊ အိမ်အများစုရဲ့ခေါင်မိုးပေါ်မှာတော့ ပြောသွားတဲ့အတိုင်း ချေးရှိပါတယ်။
ငှက်ချေးပေါ်ဝင်နေတဲ့ ရေခဲဆွဲတွေကို ပြုံးပြုံးလေးတွေနဲ့လျက်ပြီးရိုက်ထားတဲ့ပုံတွေကလည်း…
ပြောရမှာလည်း အခက်သား….။
တွေးကြည့်ရင် ရယ်စရာကောင်းပေမဲ့၊ တကယ်က ရယ်ရုံနဲ့မပြီးပါပြီ။

ငှက်ချေးထဲမှာ အစာအဆိပ်သင့်စေတဲ့ Salmonella ဘက်တီးရီးယားတစ်မျိုးပါဝင်ပြီး၊ ငှက်တုပ်ကွေးဖြစ်စေမယ့်ဗိုင်းရပ်စ်တွေလည်း ရှိနေပါတယ်။

ငှက်ချေးကိုမစားကြပါနဲ့နော်….
အဲ့..မှားလို့..
Tsurara လေးတွေကိုမစားကြပါနဲ့နော်….

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: