အမျိုးသားရေးပြိုင်ပွဲ Hakone Ekiden တွင်တက်ကြွစွာပါဝင်နေသော နိုင်ငံခြားသားများ !!!

Ekiden ဆိုတဲ့ပြိုင်ပွဲကို စာဖတ်သူတို့သိကြပါသလား?
ဂျပန်ရဲ့ အားကစားတစ်ခုဖြစ်ပြီး၊ လက်ဆင့်ကမ်းပြေးရတဲ့ မာရသွန်ဖြစ်ပါတယ်။
ထိုအထဲမှာလည်း ဒီ Hakone Ekiden ကတော့ ဒီနှစ်ဆို ၉၈ ကြိမ်မြောက်ရှိသွားပါပြီး။
တစ်နည်းအားဖြင့် နှစ်ပေါင်း ၁၀၀ ခန့်အစဥ်အလာမပျက်ကျင်းပလာတယ်လို့ ပြောလို့ရပါတယ်။
တစ်ခုရှိတာကတော့ Kanto ဘက်မှာပဲကျင်းပတဲ့အားကစားဖြစ်ပါတယ်။

တက္ကသိုလ်ကျောင်းသားတွေဟာ ကျောင်းကိုယ်စားပြုပြိုင်ပွဲဝင်ပြီး၊ ၁ လပိုင်း ၂ ရက်နေ့မှာ ခန့်မှန်းချေ ၂၀ ကီလိုမီတာစီကို ၅ ယောက်စီအပိုင်းလိုက် တိုကျိုကနေ Hakone အထိပြေးကြခြင်းဖြစ်ပါတယ်။
နောက်နေ့လည်းအလားတူပဲ ၂၀ ကီလိုမီတာစီ လူ ၅ ယောက် လက်ဆင့်ကမ်းပြေးကြပါတယ်။

 

https://www.hakone-ekiden.jp

 

မိမိကျောင်းရဲ့ စလွယ်ကို နောက်တစ်ဦးဆီ လက်ဆင့်ကမ်းပါတယ်။
ထိုသို့ပြေးနေရင်းနဲ့ အမောဖောက်သွားတာတို့၊ လဲကျပြီးဒဏ်ရာရတာတို့ ရှိတတ်ပါတယ်။
လုပ်ဖော်ကိုင်ဘက်တွေကိုအားနာတဲ့စိတ်နဲ့ ကုန်းရုန်းထပြီးပြေးနေတဲ့ပုံစံကလည်း လေးစားစရာကောင်းပါတယ်။

သို့သော် သတ်မှတ်ချိန်တွင်းအချိန်ကိုက်မရောက်ဘဲ၊ အခြားပြေးသူတစ်ဦးက အရင်ကြိုပြေးသွားတာတွေလည်း ရှိပါတယ်။
မိမိကျောင်းရဲ့ စလွယ်ကိုလက်ဆင့်ကမ်းမယူလိုက်ရတာကတော့ ရင်နာစရာကောင်းပါတယ်…

ဘာပဲဖြစ်ဖြစ် ဂျပန်ဆန်တဲ့အားကစားပါပဲ။
ဂျပန်လူမျိုး အထူးသဖြင့်ဦးလေး၊ အဒေါ်တို့ဟာ နှစ်သစ်မှာဒါကိုကြည့်ပြီး ငိုကြပါတယ်။

အဲ့ဒီလိုစိတ်လှုပ်ရှားအထင်ကြီးစရာ အမျိုးသားရေးပြိုင်ပွဲ Hakone Ekiden မှာ၊ နိုင်ငံခြားသားတွေရဲ့ပါဝင်မှု ပြင်းထန်လာပါတယ်။
ဒီပုဂ္ဂိုလ်…..



https://news.nifty.com/article/sports/athletic/12136-918441/

၂၀၂၀ ခုနှစ်ရဲ့ Hakone မှာ အကြီးအကျယ်ပါဝင်လှုပ်ရှားခဲ့ပြီး၊ ကျောင်းရဲ့အောင်မြင်မှုဟာ ဒုတိယနေရာမှာချိတ်သွားခဲ့တဲ့ 創価大学 Soka University ရဲ့ Kenya လူမျိုးနိုင်ငံခြားကျောင်းသားပဲဖြစ်ပါတယ်။
သူဟာ တတိယမြောက်မှာ စလွယ်ကိုလက်ဆင့်ကမ်းယူသူဖြစ်ပြီး၊ ဒုတိယလူကို လက်လွှဲပြောင်းခဲ့ပါတယ်။

နောက်ထပ်တစ်ယောက်၊ တိုကျိုနိုင်ငံတကာတက္ကသိုလ်ရဲ့ Kenya လူမျိုးအားကစားသမားဟာ ပြိုင်ပွဲဝင် ၁၄ ဦးကိုကျော်သွားတဲ့ အောင်မြင်မှုရာဇဝင်လည်းရှိခဲ့ပါတယ်။
အထူးသဖြင့်အရမ်းမြန်ကြပါတယ်။ ဒါဟာ Kenya လူမျိုးတို့ရဲ့ ပုံရိပ်ပါပဲ။
သူတို့ဟာတကယ်တော့ ကောလိပ်ကင်းထောက်များကKenya(ကင်ညာ) မှာ ရှာဖွေပြီးခေါ်ဆောင်လာသူတွေပဲဖြစ်ပါတယ်။
Kenya(ကင်ညာ)အထိ အရည်အချင်းရှိတဲ့အားကစားသမားတွေကိုရှာဖွေဖို့သွားပြီး၊ ရည်ရွယ်ချက်ကိုပြောပြကာ ဂျပန်တက္ကသိုလ်မှာ ပညာသင်ခွင့်ပေးလိုက်ပါတယ်။
ဒီကင်းထောက်တွေမှာလည်း သေချာပေါက်ကြီးမားတဲ့ကုန်ကျမှုရှိပေမဲ့၊ ကျောင်းသားဟာဂျပန်မှာနေထိုင်ဖို့စာရိတ်အားလုံးကိုလည်း ကော်လိပ်ကတာဝန်ယူပါတယ်။

ပညာသင်စာရိတ်၊ အခန်းခ၊ စားစာရိတ်၊ ဒီအပြင်လတိုင်း သုံးဖို့ငွေယန်းသောင်း အနည်းငယ်အထိပေးပါတယ်။
ကစားသမားတွေနဲ့လိုက်ပြီး အောင်မြင်မှုရရှိခဲ့ရင် bonuses ထပ်ပေးတဲ့ကန်ထရိုက်တွေလည်း ရှိပါတယ်။
ခန့်မှန်းချေလူတစ်ဦးကို ယန်းသောင်း 400〜600 အသုံးစရိတ်ကို တက္ကသိုလ်ဘက်ကနေအကုန်အကျခံတယ်လို့ သိရပါတယ်။
Kenya(ကင်ညာ) လူမျိုးတွေကအရမ်းအပြေးသန်တာကြောင့် ၂၀၀၆ ခုနှစ်ကနေစပြီး ကျောင်းတစ်ကျောင်းမှာ နိုင်ငံခြားသားတစ်ယောက်သာလျှင်ထည့်ဖို့ သတ်မှတ်လိုက်ရပါတယ်။
ဂျပန်လူမျိုးတွေပဲဆို မနိုင်တော့ဘူးလား….

နိုင်ငံခြားသားတွေကိုလျော့ချလိုက်တာဟာ ကစားသမားတွေဘက်မှာသာမဟုတ်ပါဘူး။
ကစားသမားတွေကိုလမ်းပြပေးတဲ့ ရဲဆိုင်ကယ်တွေလည်းပါဝင်ပါတယ်။

 

https://tr.twipple.jp/h/35/47/%23箱根駅伝x電動.html

 

အမြဲတမ်းကစားသမားတွေရှေ့ကပြေးပြီး တောက်လျှောက်တီဗွီမှာတွေ့နေရတဲ့ အရေးကြီးတဲ့အခန်းကဏ္ဍဖြစ်ပါတယ်။
နောက်ပြီး ဂျပန်ဟာ HONDA、YAMAHA、SUZUKI、KAWASAKI စတဲ့, ကမ္ဘာ့နာမည်ကြီး ဆိုင်ကယ်ကုမ္ပဏီတွေစုဝေးနေတဲ့ တိုင်းပြည်ဖြစ်ပြီး ဘာဆိုင်ကယ်အမျိုးအစားလည်းကြည့်လိုက်တဲ့အခါမှာတော့ BMW ဖြစ်နေပါတယ်။

အဲ?
ဘာလို့ဒီနေရာမှာ နိုင်ငံခြားကုမ္ပဏီဖြစ်နေရသလဲ?

တကယ်က ကစားသမားတွေနဲ့အတူပတ်ဝန်းကျင်ကိုထည့်သွင်းစဥ်းစားပြီး Electric bike ကိုအသုံးပြုလိုက်ခြင်းဖြစ်ပါတယ်။
ဂျပန်ရဲ့ bike makers အများစုဟာ electric bikes ကိုအသုံးမပြုကြဘဲ၊ ဒါတွေဟာနိုင်ငံခြားထုတ်ပဲဖြစ်ပါတယ်။

ပြောင်းပြန်အနေနဲ့ ကစားသမားတွေနောက်လိုက်နေတဲ့ကားတွေကြတော့ Toyota ဖြစ်နေပြန်ပါတယ်။
ဒီနေရာမှာတော့ တိတ်တဆိတ်နဲ့ မဖြန့်ချိရသေးတဲ့ကားကိုထည့်သွင်းထားတာကြောင့်လည်း၊ ကားချစ်သူတွေအဖို့ Hakone Ekiden ကိုကြည့်ဖို့ အခွင့်အလမ်းတစ်ခုဖြစ်နေပါတယ်။
စပွန်ဆာပေးတာကတော့ အဓိကအားဖြင့်လျှပ်စစ်ကားဖြစ်တဲ့ hybrid အမျိုးအစား ဟိုက်ဒရိုဂျင်ကားများဖြစ်ပါတယ်။

သို့သော် … ကစားသမားတွေရဲ့နောက်ကနေလိုက်ရတဲ့အတွက် သိပ်ပြီးတော့ မထင်းရှားလှပါဘူး။

ကစားသမားတွေထဲထင်ပေါ်တာကတော့ Kenya(ကင်ညာ) လူမျိုးတွေဖြစ်ပြီး….
ရှေ့ကနေလမ်းပြကာ အမြဲတမ်းတီဗွီဖန်သားပြင်ပေါ်ပါနေတာကတော့ BMW ဆိုင်ကယ်တွေပဲဖြစ်ပါတယ်။

ကံကောင်းပါစေဂျပန်…
ဂျပန်ကုမ္ပဏီများလည်း ကံကောင်းပါစေ…

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: