Akita စီရင်စုရဲ့ ကလေးတွေကို မကောင်းဆိုးဝါးနဲ့ပျိုးထောင်ပေးတဲ့အစဉ်အလာတစ်ခု !!!

စာဖတ်သူတို့ “なまはげ” (Namahage) ကိုသိကြပါသလား?
Akita စီရင်စု Oga မြို့မှာ ကျင်းပတဲ့ရိုးရာအစဥ်အလာပွဲတစ်ခုဖြစ်ပြီး၊ ပုံစံအားဖြင့်တော့ ဒီလိုကြောက်စရာကောင်းတဲ့နတ်ဆိုးပုံစံဖြစ်ပေမဲ့၊ အမှန်မှာတော့ နတ်ဘုရားတွေသာလျှင်ဖြစ်ပါတယ်။

 


https://forbesjapan.com/articles/detail/24195

 

၁၂ လပိုင်း ၃၁ ရက်နေ့ညနေလောက် မြို့မှာပေါ်လာပါတယ်။

“親の言うこど聞がね個はいねがー(မိဘစကားနားမထောင်တဲ့ကလေးမရှိဘူးလား?)”
“泣く子はいねがー(ငိုနေတဲ့ကလေးမရှိဘူးလား?)”

လို့အော်ရင်းမြို့ထဲဝယ်လျှောက်သွားရင်း အိမ်အတွင်းဝင်ကာ ကလေးတွေကိုငိုအောင်ခြောက်ပါတယ်။
ဒီဗီဒီယိုကတော့ နှစ်ကုန်ကျော် ၂ လပိုင်းမှာကျင်းပပေမဲ့ အခြေခံအားဖြင့်ကတော့ အတူတူပဲဖြစ်ပါတယ်။

 

 

မိဘပြောစကားကိုနားမထောင်ဘူးဆိုရင် တောင်ထဲကိုခေါ်သွားလိုက်မယ် ! လို့ကလေးတွေကို ကြောက်စရာကောင်းတဲ့အသံနဲ့ ခြိမ်းခြောက်ပါတယ်။
ပြောတာတွေကတော့ နတ်ဘုရားလိုခံစားရပေမဲ့ ပုံစံနဲ့အသံပါဝါကတော့ မကောင်းဆိုးဝါးအတိုင်းပါပဲ…

“ လိမ်လိမ်မာမာနေပါ့မယ် !”

လို့ကလေးများကအော်ငိုပါတယ်။
လှုံ့ဆော်မှုကတော့ နည်းနည်းပြင်းထန်ပေမဲ့၊ ဒါဟာဒီဒေသရဲ့ ဓလေ့ထုံးတမ်းအစဥ်အလာအရ ကလေးတွေကိုပြုစုပျိုးထောင်တဲ့နည်းလမ်းပဲဖြစ်ပါတယ်။
ဒါဟာအလွန်အစွမ်းထက်ပါတယ်။

သို့ပေမယ့် ဒီနှစ်ကတော့ ကိုရိုနာကြောင့်ဒီလိုဖြစ်ခဲ့ရပါတယ်။

 

 

အိမ်ထဲမဝင်တော့ဘူး..
အခန်းထဲအသံကျယ်ကြီးနဲ့မအော်တော့ဘူး…
မျက်နှာဖုံးအောက်မှာ mask တပ်ထားပါတယ်။

အော်နေတာတွေကတော့ “ ကိုရိုနာ အဝေးကိုပြေး !” ..

ကလေးတွေအတွက်တော့ ထိတ်လန့်စရာနည်းနည်းပေါ့သွားတဲ့ ပျော်စရာကောင်းတဲ့နှစ်ဖြစ်ခဲ့မယ်လို့ထင်ပါတယ်…

အဲ့ဒီလိုကြောက်စရာကောင်းတဲ့ “なまはげ” အစဥ်အလာပွဲတော်ဟာ ပုံမှန်မှာတော့ ဒီလိုပုံစံနဲ့ကျင်းပခြင်းဖြစ်ပါတယ်။

 

 

မကောင်းတာတွေလုပ်ရင် သင့်အိမ်ထဲကိုလည်းမကောင်းဆိုဝါးတွေ ရောက်လာနိုင်မလားမသိဘူးနော်…

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: