အသားကိုစား၊ အရက်သောက်၊ လက်ထပ်ပြီးကလေးမွေးနိုင်တဲ့ ဂျပန်ဘုန်းကြီးများ !!!

ဗုဒ္ဓဘာသာယဥ်ကျေးမှုဟာ အရှေ့တောင်အာရှတစ်ခွင် နိုင်ငံအတော်များများမှာယုံကြည်ကိုးကွယ်ကြပါတယ်။
ဂျပန်ကလည်းရှေးဘိုးဘွားတွေလက်ထပ်ကတည်းက ဗုဒ္ဓဘာသာကိုယုံကြည်တဲ့နိုင်ငံတစ်ခုဖြစ်ပြီး၊ ဘုန်းကြီးကျောင်းတွေကလည်း နိုင်ငံအနှံ့မှာတည်ရှိပါတယ်။

 

 

အိန္ဒိယ၊ တရုတ်ကနေစီးဆင်းလာတဲ့ဒီယဥ်ကျေးမှုဟာ နိုင်ငံအများစုနဲ့တူညီတဲ့အချက်တွေများပေမဲ့၊ ကြီးမားတဲ့ကွဲလွဲမှုရှိနေပါတယ်။
・အရက်သောက်လည်း OK တယ်
・အသားလည်းစားနိုင်တယ်။
・လက်ထပ်ပြီးကလေးလည်းမွေးနိုင်တယ်။

ဂိုဏ်းအားဖြင့်မတူညီချက်တွေရှိလို့ အားလုံးကိုတော့မဆိုလိုပေမဲ့၊ ဗုဒ္ဓဘာသာယဥ်ကျေးမှုထွန်းကားတဲ့နိုင်ငံအများစုကနေကြည့်ရင် အတော်လေးအံ့အားသင့်ရတဲ့အချက်တွေအများကြီးရှိနေမှာဖြစ်ပါတယ်။

ကိလေသာစိတ်အလုံးစုံကိုစွန့်ပစ်ပြီး ရဟန်းဘဝကိုခံယူရမှာဖြစ်ပေမဲ့ ဘာကြောင့်လဲ?
ထိုလျှို့ဝှက်ချက်ကို လေ့လာကြည့်ကြပါစို့…

ဂျပန်ဗုဒ္ဓဘာသာနှင့်အရက်ရဲ့ ပတ်သက်ဆက်နွယ်မှု

ဗုဒ္ဓဘာသာမှမဟုတ် အရက်သေစာကိုတားမြစ်ထားတဲ့ ဘာသာတွေအများကြီးရှိမယ်လို့ထင်ပါတယ်။
ဂျပန်ရဲ့ဗုဒ္ဓဘာသာမှာတော့ 飲酒戒(おんしゅかい)ဆိုတဲ့ပညတ်ချက်ရှိပြီး၊ အရက်သေစာမသောက်ရလေအောင်လုပ်ထားခြင်းဖြစ်ပေမဲ့ စည်းကမ်းလို့အဓိပ္ပါယ်ရတဲ့ “ ဥပဒေ” ကဲ့သို့မဟုတ်တဲ့အတွက်၊ တားမြစ်တယ်ဆိုတဲ့သဘောသို့မသက်ရောက်ပါဘူး။
ဒါနေရာမှာဂျပန်ရဲ့ထူးခြားတဲ့ “ ရှင်တိုဘာသာ” ရဲ့သက်ရောက်မှုက ပိုပြီးလွှမ်းမိုးတယ်လို့ပြောကြပါတယ်။

“ ရှင်တိုဘာသာ” ကိုanimation နဲ့ပြောရရင် Studio Ghibli ရဲ့ Princess Mononoke ရဲ့ ကမ္ဘာကို မှန်းဆကြည့်မယ်ဆိုရင် ပိုပြီးလွယ်ကူမယ်လို့ထင်ပါတယ်။
တောတောင်ထဲမှာ အမျိုးမျိုးသောနတ်ဘုရားတွေတည်ရှိနေတဲ့လောကဖြစ်ပါတယ်။
ထိုလောကမှာ အရက်ကိုသန့်စင်ပေးခြင်းဆိုတဲ့အဓိပ္ပါယ်နဲ့အသုံးပြုခဲ့ကြပါတယ်။

ဒီလို” ရှင်တိုဘာသာ” နဲ့ “ ဗုဒ္ဓဘာသာ” တို့ပေါင်းစပ်ထားခြင်းကဂျပန်ရဲ့အယူအဆဖြစ်တာကြောင့်၊ အရက်=OK လို့ဖြစ်သွားပါတယ်။
ဘုန်းကြီးကျောင်းဝန်းထဲမှာ အရက်ချက်ခဲ့ကြတယ်ဆိုတာမျိုးလည်းကြားဖူးပြီး ဒါဟာလှူဖွယ်ပစ္စည်းသဘောမျိုးအသုံးပြုခဲ့ကြခြင်းဖြစ်ပါတယ်။
သို့သော် မျက်စိရှေ့မှာမြင်တွေ့နေရတော့ သောက်မိကြမှာအမှန်ပဲနော်….
စားသောက်ပွဲကြီးလည်း ကျင်းပကြပါတယ်။
ဒါဟာလည်းကိလေသာပဲဖြစ်လို့ အဆင်ပြေပါ့မလား?

 

အသားကိုစားခြင်း?

ဂျပန်ဘုန်းကြီးကျောင်းမှာလည်း သက်သတ်လွတ်အစာဆိုတာရှိပါတယ်။


https://sousou-shiki.jp/column/other/7859/

 

ဒါဟာ သူတစ်ပါးအသက်သတ်ခြင်းကိုတားမြစ်တဲ့ ဗုဒ္ဓဘာသာရဲ့ပညတ်ချက်နဲ့အညီ အသား၊ငါးနဲ့အတူ ဥအမျိုးမျိုးကိုလည်း တားမြစ်ထားပါတယ်။
ကြက်သွန်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ တရုတ်ကြက်သွန်ဥ ကဲ့သို့သော အနံ့ပြင်းတဲ့အပင်တွေကိုလည်း တားမြစ်ထားပါသေးတယ်။
သို့သော် အထူးအခြေအနေတွေတော့ ရှိပါတယ်။

အဲ့ဒါကိုတော့ အိန္ဒိယဘုန်းကြီးကနေအစပြုလိုက်ပါတယ်။
သံဃာတွေဟာ မြို့မှာလှည့်လည်ဆွမ်းခံပြီး ဆွမ်းစားကြပါတယ်။
အဲ့ဒီအချိန် ဒီဟာမစားရဘူး၊ ဟိုဟာမစားရဘူးလို့မပြောတော့ဘဲ အသားနဲ့ငါးလည်းစားလိုက်ကြပါတယ်။
အဲ့ဒီအထဲကနေ စည်းကမ်း ၃ ခု ပေါက်ဖွားလာပါတယ်။

・သတ်နေတဲ့မြင်ကွင်းကိုမကြည့်ရဘူး။
・ဘုန်းကြီးအတွက် အသတ်ခံရတာမျိုးမဖြစ်ရဘူး။
・အပေါ် ၂ ချက်နဲ့မကင်းလွတ်တဲ့အရာကို ခွင့်မပြုဘူး။

ဒီလိုအခြေအနေမှအပဆိုရင်တော့ စားသော်လည်း OK တယ်လို့သတ်မှတ်လိုက်ပါတယ်။

မူလဗုဒ္ဓဘာသာဟာ အသားစားခြင်းကိုတားဖြစ်ထားတာမဟုတ်ဘဲ၊ အသက်မသတ်ဖို့တားမြစ်ထားခြင်းဖြစ်ပါတယ်။
ဒါဟာတရုတ်နိုင်ငံမှာအသားစားခြင်းကိုတားမြစ်လိုက်ပြီး၊ နိုင်ငံအများစုကလည်းဒီအတွက်နဲ့ အသားစာခြင်းကိုတားမြစ်လိုက်ပါတယ်။
ဂျပန်မှာလည်း တရုတ်ကနေတစ်ဆင့်ဗုဒ္ဓဘာသာရောက်ရှိလာခဲ့ပေမဲ့ ကျွမ်းကျင်စွာနဲ့စည်းမျဥ်းတွေပြောင်းလဲလိုက်ပုံရပါတယ်။

မျက်မှောက်ခေတ်ဂျပန်မှာတော့ ဘုန်းတော်ကြီးတွေကသက်သတ်လွတ်ကိုပိုပြီးစားကြပေမဲ့၊ အချို့စောင့်စည်းကြတဲ့သံဃာတွေမှအပ အားလုံးဟာပုံမှန်အတိုင်းအသားစားကြပါတယ်။

 

ဘာကြောင့်အိမ်ထောင်ပြုပြီး ကလေးမွေးနိုင်ရသလဲ?

ဂျပန်ဗုဒ္ဓဘာသာထဲမှာ 浄土真宗(じょうどしんしゅう)Jodo Shinsou လို့ခေါ်တဲ့ဂိုဏ်းတစ်ခုရှိပါတယ်။
သို့သော်ဒီဂိုဏ်းကိုတည်ထောင်သူဟာ ပေါ်ပေါ်ထင်ထင်လက်ထပ်ပြီး သားသမီး ၇ ဦးကိုမွေးဖွားခဲ့ရာကနေအစပြုခဲ့တယ်လို့ ပြောကြပါတယ်။
သေချာပေါက် လက်ထပ်ရမယ့်မိန်းကလေးကလွဲပြီး အငယ်အနှောင်းဆိုတာမျိုးတွေတော့ ခွင့်မပြုထားပေမဲ့၊ ကမ္ဘာတစ်ဝှမ်းကနေကြည့်ရင်တော့ အထူးအဆန်းကြီးတစ်ခုဖြစ်နေပါတယ်။
သို့သော် ဂျပန်မှာဘုန်းကြီးကျောင်းငယ်လေးတွေလည်းအများကြီးရှိပြီး ဘုန်းကြီးဝတ်သူတွေနည်းတာကြောင့်၊ မိဘရဲ့ဘုန်းကြီးကျောင်းကို သားသမီးကဆက်မခံရင် ပျောက်ကွယ်သွားနိုင်တဲ့ စိုးရိမ်စရာတွေလည်းရှိနေပါတယ်။

ဒါဆို ဂျပန်ရဟန်းတို့ရဲ့နေထိုင်မှုဘဝကို စာဖတ်သူတို့ဘယ်လိုသဘောရပါသလဲ?
တကယ်ကအံ့သြစရာကောင်းလောက်အောင် ကျွန်တော်တို့ပုံမှန်လူတွေရဲ့နေထိုင်မှုဘဝနဲ့အတူတူပဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: