ပုံစံဟောင်းကြောင့် လူငယ်တွေပစ်ထားတဲ့ဂျပန်မုန့်ဟာ ဒီဇိုင်းအသစ်သို့ပြောင်းလဲပြီ !!

စာဖတ်သူတို့အားလုံး ဂျပန်မုန့်ကိုကြိုက်ကြပါသလား?
ဂျပန်လူငယ်တွေကတော့ ဂျပန်မုန့်ကိုသိပ်ပြီးစိတ်မဝင်စားကြပါဘူး။
ထူးခြားတာတွေကလွဲပြီး အပြင်ပိုင်းဆွဲဆောင်မှုမရှိရင် မကောင်းဘူးလို့ထင်တတ်ကြပါတယ်။

ဥပမာ ဂျပန်မုန့်တွေထဲကကိုယ်စားပြုတစ်ခုအနေနဲ့ “ おはぎOhagi”


https://www.kanro.co.jp/sweeten/detail/id=789

 

Mochi ပတ်ပတ်လည်မှာ ပဲနှစ်ကိုကပ်ထားတဲ့အတွက်၊ ချိုလည်းချို၊ လှလည်းလှတဲ့အပြင် အိမ်မှာအလွယ်တကူပြုလုပ်နိုင်တာက သူ့ရဲ့ဆွဲဆောင်မှုပါပဲ။
ဒါပေမဲ့ ပုံသဏ္ဍာန်ကတော့ ရိုးလွန်းပါတယ်..


ဒီလို cake နဲ့ယှဥ်ကြည့်လိုက်မယ်ဆို၊ ဘယ်လိုပဲကြည့်ကြည့် သူ့ရဲ့အဆင်းသဏ္ဍာန်မရှိတဲ့ပုံစံကြောင့် ရွေးချယ်ဖို့ခက်ကြပါတယ်။

“ おはぎOhagi” ကိုခေတ်သစ်ဒီဇိုင်းအဖြစ်ပြောင်းလဲဖို့ ကြိုးစားတဲ့လူတွေရှိလာပါတယ်။
သူတို့တွေထုတ်လုပ်ခဲ့တာကတော့ ဒီမှာပါ။


https://store.shopping.yahoo.co.jp/sekaide-2bannme-ni/

 

အရင်ဆုံး ပုံစံကိုကြည့်လိုက်ရင် cake တွေလိုပဲ လှကြတယ်။
တစ်လုပ်စာအရွယ်အစားကလည်း အတော်ပါပဲ…

ဂျပန်မုန့်တွေထဲမှာ Matcha, သစ်အယ်သီးနဲ့ ရေမှော်တို့ကိုပုံမှန်အသုံးပြုခဲ့ကြပေမဲ့၊ “ おはぎ” မှာတော့ အဲ့ဒါတွေကိုအရင်ကမသုံးခဲ့ဖူးပါဘူး။
ဒီအပြင် ချောကလက်၊ white chocolate, သစ်ကြံပိုးနဲ့ အုန်းသီးတို့ကိုပါ အသုံးပြုလာခဲ့ပါတယ်။

နှစ်သစ်ရောက်လာပြီဖြစ်တဲ့အတွက် ဂျပန်မှာ おせち料理 Osechi-ryōri ကိုစားကြပါတယ်။
အကယ်၍ ခေတ်သစ်နဲ့လိုက်ပြီး ဂျပန်စတိုင်မုန့်နဲ့နှစ်သစ်ကိုကြိုဆိုကြည့်မယ်ဆိုရင်ရော ..?

ဒါကတော့ おはぎOhagi ရောင်းချတဲ့ website ဖြစ်ပါတယ်….!!

https://store.shopping.yahoo.co.jp/sekaide-2bannme-ni/

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: