Nausicaa ဟာ ၂၀၂၀ ခုနှစ်အတွက် ရှေ့ဖြစ်ဟောကိန်းတစ်ခုဖြစ်နေသလား? (တိုက်ဆိုင်လွန်းနေတယ်။)

Ghibli anime ကိုကြိုက်တဲ့သူတွေရှိလား?များစွာသောစိတ်ဝင်စားဖွယ်ရာတွေနဲ့ပြည့်နှက်နေတဲ့ Ghibli ၏လုပ်ငန်းကိုစတင်ခဲ့တဲ့ထဲကတစ်ခုလို့ ပြောလို့ရတဲ့ Nausicaä of the Valley of the Wind ကိုသိကြမယ်ထင်ပါတယ်။

 

 

၎င်းကို ၁၉၈၄ ခုနှစ်မှာဖြန့်ချိခဲ့တဲ့အတွက် အတော်လေးဟောင်းပြီးကြာပြီဖြစ်တဲ့ DVD ဖြစ်ပါတယ်။
ဇာတ်လမ်းပုံပြင်နှင့်ဗွီဒီယိုကလှပလွန်းလို့ ကျွန်တော်တောင် ရှေးခေတ်ကလုပ်ခဲ့တယ်ဆိုတာကိုတောင်မယုံကြည်နိုင်ဖြစ်ရပါတယ်။

 

https://www.cinra.net/column/202012-nausicaa_gtmnmcl

 

ဒီဇာတ်ညွှန်းကိုတွေးကြည့်လိုက်ရင် ရှေ့ဖြစ်ဟောကိန်းလား? ဆိုပြီးတော့တောင် ပြောနေကြပါတယ်။
Nausica နေထိုင်တဲ့ကမ္ဘာဟာပျက်စီးပြီး အခြေအနေဆိုးဝါးနေတဲ့ကာလဖြစ်ပါတယ်။
အတိတ်ကာလရဲ့ “火の七日間” (7 days of fire) လို့ခေါ်သည့်စစ်ပွဲတစ်ခုဖြစ်ပွားခဲ့ပါတယ်။
ရလဒ်အနေဖြင့်ပတ်ဝန်းကျင်ပျက်စီးခဲ့ရတယ်။

နူကလီးယားလက်နက်များပျက်စီးခြင်းကိုသင်မြင်ယောင်ကြည့်နိုင်ပါတယ်။
ထို့နောက် Fukai လို့ခေါ်တဲ့သစ်တောက လူ့ခန္ဓာကိုယ်ကိုပျက်စီးစေသောအဆိပ်များကိုထုတ်လွှတ်ကာ
မျက်နှာဖုံးမပါပဲလမ်းလျှောက်လို့မရတဲ့ကမ္ဘာကြီးတစ်ခုအဖြစ်ကိုရောက်သွားတယ်….။

လူသားတွေသဘာဝတရားအပေါ်အရောင်ဆိုးခဲ့တာတွေက လူသားတွေထံတန်ပြန်တုန့်ပြန်မှုတစ်ခုအဖြစ် ဖျက်ဆီးဖို့ပြန်လာတဲ့အခါ အဓိကဇာတ်ကောင်ဖြစ်တဲ့ Nausicaa ဟာ သဘာဝတရားရဲ့အသံကိုနားထောင်ခြင်းနဲ့ သဟဇာတဖြစ်စေခြင်းတို့ရဲ့ အခန်းကဏ္ဍကနေပါဝင်တာပဲဖြစ်ပါတယ်။

ရုပ်ရှင်ဗားရှင်းမှာတော့ဇာတ်လမ်းကို သိသိသာသာတိုစေတဲ့အတွက် နားလည်ရခက်ပါတယ်။
Mangaမှာတော့ ဇာတ်လမ်းရှည်တစ်ပုဒ်ဖြစ်တဲ့အတွက် ဖတ်လိုက်မယ်ဆို အလွန်ယုံကြည်စိတ်ဝင်စားဖွယ်ကောင်းလောက်အောင် ကောင်းတဲ့ Manga တစ်ခုဖြစ်ပါတယ်။
စာဖတ်သူတို့လည်းစိတ်ဝင်စားမယ်ဆို manga မူကွဲကိုဖတ်ကြည့်နိုင်ပါတယ်။
ဒီဇာတ်လမ်းက ၂၀၂၀ ပြည့်နှစ်မှာ ဒီလောကရဲ့ဖြစ်စဉ်တွေကို အနည်းငယ်ဖော်ပြနေတာလားလို့တောင်ထင်ရစေပါတယ်။

 

https://realsound.jp/movie/2020/12/post-680251.html

 

ယခုလူသားတွေဟာ ထင်တိုင်းကြဲကာ သဘာဝတရားကိုဖျက်ဆီးနေကြပါတယ်။
ဥပမာအားဖြင့်၊ ၂၀၁၁ ဆူနာမီပြီးနောက် Fukushima နျူကလီးယားစွမ်းအင်စက်ရုံမှာဖြစ်ပျက်သွားတဲ့ မတော်တဆမှုတစ်ခု….။
၎င်းသည်လူသားတွေကြောင့်ဖြစ်ရတဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းပဲဖြစ်ပါတယ်။
ဒါတွေသာမက သစ်တောတွေကိုရှင်းလင်းပြီး လေထုနဲ့ပင်လယ်ကိုညစ်ညမ်းစေအောင်ပြုလုပ်ကြတာလည်း လူသားတွေပါပဲ။
အဲဒီနောက်မှာတော့ Corona ဗိုင်းရပ်စ်ကြောင့်မျက်နှာဖုံးမတပ်ရင် အပြင်ထွက်လို့မရတဲ့ကမ္ဘာကြီးအဖြစ်ကို ….ရောက်မှန်းမသိရောက်လာခဲ့ပါတော့တယ်…..။

ဒီဇာတ်လမ်းထဲက အဓိကဇာတ်ကောင် Nausicaa လိုပဲ…
လက်ရှိကျွန်တော်တို့ရဲ့ ကမ္ဘာမြေကြီးကိုလမ်းပြပေးနိုင်မယ့် မိန်းကလေးတစ်ဦးဟာ ဘာအဖြစ်နဲ့ပေါ်ပေါက်လာလိမ့်မလဲ…?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: