သင်နှင်းလျှောစီးခြင်းကိုမကြိုက်တာသေချာပြီလား? နောက်ထပ်ပျော်စရာပုံစံအသစ်လာပြီ။

ဆောင်းရာသီရဲ့အားကစားကိုပြောပါဆိုရင် နှင်းလျှောစီးခြင်းပါပဲ။
ဒီနောက်ပိုင်းနှင်းလျှောစီးခြင်းကိုအရင်ကလောက် စည်စည်ကားကားမတွေ့ရတော့ပေမဲ့၊ ကျွန်တော်ကျောင်းသားအရွယ်တုန်းက နှင်းလျှောစီးခြင်းကအတော်နာမည်ကြီးခဲ့ပြီး၊ ဆောင်းရာသီရောက်လာတဲ့အခါ နှင်းလျှောစီးတဲ့နေရာအထိ ကားနဲ့ရထားနဲ့သွားလေ့ရှိခဲ့ပါတယ်။

 

【2021年版】パウダースノー天国、北海道の人気スキー場6選

 

အလေ့အကျင့်ဖြစ်ပြီးစီးတတ်သွားမယ်ဆိုရင် ဒီလောက်ထိပျော်စရာကောင်းတဲ့အားကစားတခြားမရှိတော့ဘူးဆိုတာ သိသွားမှာပါ။ ဒါပေမဲ့ ဆန့်ကျင်ဘက်အားဖြင့် ကျင့်သားမရခင်အထိတော့ ပင်ပန်းခက်ခဲတာတွေချည်းပါပဲ။
အေးတယ်၊ ကောင်းကောင်းလျှောချလို့မရဘူး၊ နှင်းတွေနဲ့စိုစွတ်တယ်..
ငါဒီလောက်အဝေးကြီးအထိ ဘာလုပ်ဖို့အတွက်လာရတာလဲ? လို့တွေးမိတဲ့အထိ ပင်ပန်းခက်ခဲပါ။

အထူးသဖြင့် နှင်းတွေနဲ့အလေ့အကျင့်မရှိတဲ့နိုင်ငံခြားသားတွေအတွက် ခက်ခဲတာကိုပဲပိုပြီးခံစားမိမယ်မဟုတ်လား? လို့ထင်ပါတယ်။
သို့သော် မျက်နှာပြင်တစ်ခုတည်း၊အရောင်တစ်ခုတည်းရှိတဲ့နှင်းလျှောစီးတဲ့နေရာကို၊ သွားတော့သွားကြည့်ချင်တယ်နော်..

ဒီလိုသွားချင်နေသူတွေအတွက် ပျော်စရာကောင်းတဲ့နောက်ထပ်ပုံစံအသစ်ပေါ်လာပါပြီ။
အဲ့ဒါကတော့ ဒီမှာပါ။

 

chairlift နဲ့အပေါ်ထိတက်သွားပြီး၊ အခုံးပုံသဏ္ဍာန်အခန်းထဲမှာ အေးအေးဆေးဆေးကော်ဖီသောက်ရင်း အံ့သြစရာကောင်းတဲ့ရှုခင်းနဲ့အတူ အခြားသောကစားသမားတွေကိုကြည့်ရှုလေ့လာနိုင်ပါတယ်။

 

 

https://ishiuchi.or.jp/tips/snowterrace/

 

Main building ထဲမှာတော့ heater ဖွင့်ပေးထားပြီး၊ ဒီလိုအံ့သြစရာကောင်းတဲ့အစားအစာတွေကို ပြင်ဆင်ထားပေးပါတယ်။

 

နှင်းလျှောစီးဖို့ယုံကြည်ချက်မရှိဘူးဆိုရင်၊ နှင်းတွေနဲ့ကစားပြီး အရမ်းအေးလာတဲ့အခါ Main building ထဲမှာပြန်ပြီး အနွေးဓါတ်ရယူနိုင်ပါတယ်။

 

ကျွန်တော်လည်းအရင်က ကောင်းကောင်းနှင်းလျှောစီးခဲ့တယ်။ ဒါပေမဲ့ ဒီအားကစားမှာ ခန္ဓာကိုယ်ကြံ့ခိုင်ခြင်းကလည်းစကားပြောတာကြောင့် ဒီလိုအနားယူနိုင်တဲ့ပုံစံကမဆိုးဘူးလို့ထင်ပါတယ်။
အကယ်၍သင်ဟာနှင်းလျှောမစီးတတ်ဘူး ဒါပေမဲ့ နှင်းတွေနဲ့စိတ်ကြိုက်ဆော့ကစားချင်တယ်ဆိုရင်တော့…
ဒီလိုပုံစံနဲ့အပန်းဖြေကြဖို့ အကြံပြုလိုက်ပါတယ်။
နေရာကတော့ Niigata စီရင်စုမှာရှိတဲ့ Snow Garden Ishiuchi Maruyama ပဲဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၆ ရက်နေ့ကဖွင့်လှစ်လိုက်ပြီး..လာမယ့်နှစ် ၃ လပိုင်းလကုန်အထိ ဖွင့်လှစ်ထားမယ်လို့ သိရပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: