Kagoshima စီရင်၊ Otake မီးတောင်ပေါက်ကွဲမှု တနင်္လာနေ့နံနက်တွင်ဖြစ်ပွားခဲ့

ဂျပန်ရဲ့ အနောက်တောင်ဘက်အစွန်းပိုင်းမှာရှိတဲ့ Kagoshima စီရင်စုမှာ ယနေ့တနင်္လာနေ့မနက် မီးတောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မိုးလေဝသအေဂျင်စီဟာ ၂ ကီလိုမီတာအချင်းဝက်အတွင်း ကျောက်တုံးများလွှင့်စင်လာနိုင်တဲ့ အန္တရာယ်ကိုကြိုတင်သတိပေးထားပါတယ်။

 

https://english.kyodonews.net/

 

ယနေ့မနက်ဂျပန်အချိန် ၂ နာရီ ၄၈ မိနစ်ခန့် Kagoshima စီရင်စု Suwanose ကျွန်းပေါ်မှာ Otake မီးတောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။
မိုးလေဝသအေဂျင်စီက မီးတောင်လှုပ်ရှားမှုသတိပေးမှုကို အဆင့် ၃ အဖြစ်သတ်မှတ်ပြီး၊ မီးတောင်အနီးမချဥ်းကပ်ဖို့ နှိုးဆော်ထားပါတယ်။

အေဂျင်စီရဲ့ပြောပြချက်အရ Otake မီးတောင်ကနေ ၁.၃ ကီလိုမီတာ အထိကြီးမားတဲ့ကျောက်တုံးတွေလွှင့်စင်ခဲ့ပြီး၊ မီးခိုးငွေ့တွေဟာ မီးတောင်အထက် မီတာ ၂၀၀ အထိရောက်ရှိခဲ့ပါတယ်။
Suwanose ကျွန်းလို့သိကြတဲ့ မီးတောင်ရှိရာကျွန်းမှာ နေထိုင်သူလူဦးရေအနည်းငယ်ရှိနေပါတယ်။ ဒီကျွန်းကတော့ Kagoshima စီရင်စုရဲ့ အနောက်တောင်ဘက် ၂၃၀ ကီလိုမီတာအကွာမှာရှိပါတယ်.

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: