ဆောင်းရာသီအလှကို ဘာနဲ့မှမလဲနိုင်တဲ့ Gifu စီရင်စုရှိ Shirakawa ရွာကလေး.

Gifu စီရင်စုမှာရှိတဲ့ Shirakawa ရွာကလေးကို တစ်ချို့သိပြီးသူတွေလည်းရှိမယ်လို့ထင်ပါတယ်။
ဒီရွာကလေးဟာ တကယ်တော့သေးသေးလေးပါ။
ဒါပေမဲ့ သူ့ရဲ့ရှေးဆန်တဲ့အိမ်ပုံစံကြောင့်အရမ်းနာမည်ကြီးပြီး ခရီးသွားတွေကိုဆွဲဆောင်နိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။
ဒီအပြင်သူဟာ UNESCO ရဲ့ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရွာအဖြစ် အသိအမှတ်ပြုခြင်းခံထားရတဲ့ တောင်ပေါ်ရွာတစ်ရွာလည်း ဖြစ်ပါတယ်။

 

https://grapee.jp/en/

 

ဒီရွာမှာရှိတဲ့အိမ်တွေရဲ့ ထူးခြားချက်တစ်ခုကိုပြောရရင် အိမ်ခေါင်မိုးပါပဲ။ အိမ်ခေါင်မိုးတွေကိုထူထူလုပ်ထားတာတွေ့ရပါတယ်။
အကြောင်းကတော့ တောင်ပေါ်ရွာဖြစ်တဲ့အလျောက် နှင်းဒဏ်ကိုအံတုနိုင်ဖို့ ဒီလိုကြံ့ကြံ့ခံနိုင်တဲ့အိမ်ခေါင်မိုးတွေ မိုးထားရခြင်းပဲလို့ယူဆရပါတယ်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ရဲ့ စစ်တမ်းကောက်ထားချက်အရ ဒီရွာမှာခန့်မှန်းချေလူဦးရေ ၁၆၃၀ ရှိပြီး၊ အိမ်ခြေ ၅၈၈ အိမ်ရှိတယ်လို့ wikipedia ရဲ့ဖော်ပြချက်အရသိရပါတယ်။

 

https://en.japantravel.com/gifu/summertime-in-shirakawago/14790

ဒီ farmhouses တို့ရဲ့သက်တမ်းကတော့ အများဆုံးမှာသက်တမ်း ၂၅၀ ကျော်ရှိနေပြီဖြစ်ပါတယ်။
၎င်းတို့ရဲ့ကြံ့ကြံ့ခံတဲ့အိမ်ခေါင်မိုးတို့နဲ့ ကြီးမားလေးလံတဲ့နှင်းထုကြီးကြိုအံတုထားပုံဟာ ဂျပန်ရဲ့အထင်ကရဖြစ်ဆုံးဆောင်းရာသီအလှလို့ပဲ ပြောရပါတော့မယ်။

 

photocrd, Hisa @Hisa0808

 

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: