အသက် ၇၀ အရွယ်အမျိုးသမီးပြောပြတဲ့ မျက်နှာပေါ်ကအရေးကြောင်းကာကွယ်နည်း….

အဲ? အသက်ဒီလောက်တောင်ရှိနေပြီ? လို့ထိန့်လန့်အံ့သြသွားလောက်အောင် နုပျိုနေတဲ့အမျိုးသားအမျိုးသမီးတွေရှိကြပါတယ်။
အထူးသဖြင့် အမျိုးသမီးတွေကတော့ လှပမှုကိုထိန်းသိမ်းဖို့အတွက်၊ အသားအရေထိန်းသိမ်းခြင်းတွေ အိုမင်းရင့်ရော်မှုကာကွယ်ခြင်းတွေမှာ ပိုပြီးစိတ်ဝင်စားတတ်ကြပါတယ်။

ဒီအမျိုးသမီးက အသက် ၇၀ တဲ့..

https://www.tv-tokyo.co.jp/plus/entertainment/entry/2020/022931.html

 

သူမရဲ့ကလေးကတောင် အသက် ၄၀ ကျော်နေပါပြီ။ ဒီအပြင်မြေး ၃ ယောက်ရှိတဲ့အဘွားတစ်ယောက်လည်းဖြစ်ပါတယ်။
သူမဟာလက်ရှိအချိန်ထိ မြို့မှာ Nampa လုပ်ခြင်းခံရတယ်တဲ့…
သူမရဲ့ အသက်ကြီးလာမှုကိုဓါတ်ပုံတွေနဲ့ယှဥ်ပြီးကြည့်ရအောင်….

 

၃၂ နှစ်ဝန်းကျင်ကနေ ပြန်ပြီးလှပလာတာလား?
အသက် ၅၅ နှစ်ဓါတ်ပုံမှာ ပုံမှန်လူငယ်တစ်ယောက်လိုပဲနော်..?

သူမဟာ ဂျပန်တီဗွီအစီအစဥ်မှာ မျက်လုံးတစ်ဝိုက်မှာရှိတဲ့အရေးကြောင်းနဲ့ ပါးစပ်နားတစ်ဝိုက်ကအရေးကြောင်းတွေကာကွယ်ဖို့ ဘယ်လိုနှိပ်နယ်ပေးရမလဲဆိုပြီး မိတ်ဆက်ပေးလာပါတယ်။
ဒီအမျိုးသမီးကိုယ်တိုင်ပြောပြပေးတယ်ဆိုတော့ ယုံကြည်နိုင်လောက်မယ်နော်…
ကျွန်တော်တို့လည်း အခုလိုက်လုပ်ကြည့်ရအောင် …

 

 

လက်ညှိုးနဲ့ မျက်ခုံးကိုအပေါ်ဆွဲလိုက်မယ်၊ လက်ခလယ်နဲ့မျက်လုံးကို ပင့်တင်လိုက်မယ်။

 

 

လက်သန်းကြွယ်နဲ့ ပါးစပ်နာတစ်ဝိုက်ရှိအရေးကြောင်းကိုဆွဲတင်လိုက်မယ်။ ဒီလိုပုံစံဖြစ်ပါတယ်။

 

 

( အ..ဖု..ဖု ) ဆိုပြီး ၆ ကြိမ်ပါးစပ်ကနေအသံထွက်ပါ။

အသံထွက်တယ်ဆိုတာ မျက်နှာပေါ်ကကြွက်သားကိုလေ့ကျင့်ပေးဖို့ပဲဖြစ်ပါတယ်။
ဒီလိုလေ့ကျင့်ပေးမယ်ဆို …ပါးစပ်နားကအရေးကြောင်းတွေပျောက်သွားပြီး မျက်နှာတစ်ခုလုံးကိုဖြေလျှော့ပေးသလို၊ မျက်နှာပေါ်ကအရေးကြောင်းတွေကိုလည်းလျှော့သွားစေပါတယ်။

သို့သော် ဒါကို ၁ ကြိမ်ပဲလုပ်ရုံနဲ့သိသိသာသာပြောင်းလဲသွားမှာတော့မဟုတ်ပါဘူး။
နေ့စဥ်လုပ်ပေးပါ။
နောက်ပြီး၊ ငယ်ရွယ်နုပျိုချိန်ကတည်းက အစပြုထားသူတွေဆို ပိုပြီးအကျိုးသက်ရောက်မှုများတာကိုတွေ့ရပါတယ်။
ဒါကြောင့် အသက် ၇၀ ရောက်ချိန်မှာလည်း ငယ်ရွယ်နုပျိုနေဖို့၊ အခုကနေစပြီး လွယ်ကူတဲ့ဒီနည်းလမ်းလေးကို အသုံးချကြရအောင်နော် …

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: