သင်္ချိုင်းများလည်း နောက်ဆုံးပေါ် IT နည်းပညာ ဖြစ်ကုန်ပြီ !!!

ဂျပန်သင်္ချိုင်းတွေကအရမ်းစျေးကြီးပါတယ်။
အထူးသဖြင့်မြို့ပြဧရိယာများမှာသင်္ချိုင်းတည်နေရာကအကန့်အသတ်ရှိနေတာကြောင့် အလွယ်တကူဝယ်နိုင်တဲ့စျေးနှုန်းမဟုတ်ပါဘူး။
သို့ရာတွင်လည်း ဝမ်းနည်းပူဆွေးနေရတဲ့မိသားစုဟာ ဝေးလံသောနေရာမှာရှိတဲ့ သင်္ချိုင်းသို့သွားရန်ကလည်း ခက်ခဲပါတယ်။

အခြေအနေကနေ နောက်တစ်ဆင့်ပေါ်ပေါက်လာတာကတော့ အများပိုင်သင်္ချိုင်းပဲဖြစ်ပါတယ်။
အဆင်ပြေပြီးစျေးပေါတယ်။ ဒါပေမယ့် ဒါဟာသေသေချာချာလုပ်ထားတဲ့သင်္ချိုင်းတော့မဟုတ်ပါဘူး။ ဒါကြောင့်ဘယ်သူမဆို
အထီးကျန်မှုခံစားရပါတယ်။

အကယ်၍ နောက်ဆုံးပေါ်နည်းပညာကိုအသုံးပြုထားတဲ့ ဈေးအလယ်အလတ်လောက်ဆို ဘယ်လိုဖြစ်မလဲ?
နားကြပ်များနှင့်အကျွမ်းတဝင်ရှိသည့် Bluetooth နှင့်သဟဇာတဖြစ်သောသင်္ချိုင်းဆိုတာကတော့ အံ့သြဖွယ်ရာဖြစ်ပါတယ်။

 

 

https://mag.japaaan.com

သာမန်အများပိုင်သင်္ချိုင်းကဲ့သို့ဖြစ်ပေမဲ့ အုတ်ဂူကိုကြည့်လိုက်တဲ့အခါ နာမည်ကိုစနစ်တကျရေးပေးထားပါတယ်။
အများပိုင်သင်္ချိုင်းလိုမျိုးဖြစ်တာတောင် တစ်ယောက်ချင်းစီရဲ့နာမည်ကို စာလုံးကြီးကြီးနဲ့ထွင်းထားတဲ့ သာမန်သင်္ချိုင်းတစ်ခုလိုပဲမြင်ရပါတယ်။

ဒါဟာတကယ်တော့ E-book reader မှာအသုံးပြုတဲ့ Electronic paper မှာနာမည်ကိုဖော်ပြထားခြင်းပဲဖြစ်ပါတယ်။
ဝမ်းနည်းပူဆွေးရတဲ့ကျန်ရစ်သူမိသားစုကို မပြောပလောက်တဲ့စောင့်ရှောက်မှုပေးနိုင်ပါတယ်။

သင်္ချိုင်းဂူအနီးကိုချဉ်းကပ်တဲ့အခါ သင်္ချိုင်းဂူရှိ sensor ကတုံ့ပြန်ပြီး၊ အက္ခရာတွေကိုပြောင်းလဲရေးသားဖော်ပြပေးပါတယ်။
အဲ့ဒီလို လာရောက်လည်ပတ်တဲ့ကျန်ရစ်သူမိသားစုနဲ့ ဆုံတွေ့စေပြီး မျက်နှာပြင် display ကိုအလိုအလျောက်ပြောင်းလဲပေးသွားပါတယ်။
display ကိုလည်းအမျိုးမျိုးရွေးချယ်နိုင်တယ်တဲ့။

 

 

 

 

 

ဒီစာလုံးများနဲ့ဓာတ်ပုံတွေဟာ ဒစ်ဂျစ်တယ်ဒေတာများဖြစ်တဲ့အတွက် ယိုယွင်းပျက်စီးတော့မှာမဟုတ်ပါဘူး။
ထို့အပြင် သင်္ချိုင်းအရွှေ့အပြောင်းလုပ်ဖို့လည်း လွယ်ကူတယ်တဲ့….။
Bluetooth၊ Game controller နှင့် Earphones များသာမကဘဲ သင်္ချိုင်းမှာပါအသုံးပြုလာတယ်ဆိုတော့၊
ပထမဆုံးစဉ်းစားမိသူဟာ ယခင်ကဘယ်လိုအသုံးပြုရမလဲ စိတ်ကူးမိခဲ့မှာမဟုတ်ဘူးနော်…..။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: