ဂျပန်သတင်းတွေဟာ မှန်ကန်ရဲ့လား?

TV ကပြောလို့၊ သတင်းမှာပါလာလို့ ဒါအစစ်အမှန်ပဲ ယုံကြည်နိုင်တယ်ဆိုတာ ယခင်အတိတ်မှာကျန်ခဲ့ကိစ္စလို့တောင် ပြောရမယ်ထင်ပါတယ်။
ဂျပန်ဟာ လွတ်လပ်စွာပြောဆိုခွင့်အတွက် ကတိပေးထားတာကြောင့်၊ မှန်ကန်တဲ့သတင်းတွေသာလွှင့်ရမယ်လို့ မကန့်သတ်တော့ဘူးလာ?

ပိုပြီးယုံကြည်ရတဲ့ TV နောက်ပြီး သတင်းစာ..
ရှေးတုန်းကတော့ ၂ ခုဟာ မီဒီယာကြီး ၂ ခုဖြစ်ခဲ့ပြီး၊ လူတိုင်းရဲ့ယုံကြည်မှုကိုရရှိခဲ့ပါတယ်။

သို့သော် အင်တာနက်အသုံးများလာပြီး ထိုနေရာမှာ သံသယဖြစ်စရာတွေထွက်လာခဲ့ပါတယ်။
ဘယ်လိုရည်ရွယ်ချက်ပဲဖြစ်ဖြစ် သတင်းအတုတွေတော်တော်များများရှိလာတယ်ဆိုတာ သိလာရပါတယ်။

ရည်ရွယ်ချက်ကဘာလဲ?
အားလုံးစဥ်းစားကြည့်ပါ။

Asahi Shimbun သတင်းစာတိုက်ရဲ့ Twitter အကောင့်မှာ ဒီဓါတ်ပုံကိုတင်ထားခဲ့ပါတယ်။
၁၉၄၄ ခုနှစ်၊ အမျိုးသားတိုင်းစစ်မျက်နှာပြင်ပေါ်ထွက်ရပြီး၊ ကျန်ခဲ့တဲ့အမျိုးသမီးတွေနဲ့ကလေးတွေဟာ လက်နက်စက်ရုံမှာအလုပ်လုပ်ဖို့အတွက်သွားနေတဲ့ ဓါတ်ပုံ ၁ ပုံဖြစ်ပါတယ်။

 

 

သို့သော် သေသေချာချာကြည့်လိုက်မယ်ဆို မျက်နှာတူသူတွေအများကြီးရှိနေတယ်။

 

http://blog.livedoor.jp/dqnplus/archives/2005083.html

ဟုတ်ပါတယ်။
Photoshop လိုမျိုးနဲ့ ကော်ပီလုပ်ထားတာပဲနော်…

နောက်တစ်ခုကတော့ NHK သတင်းတစ်ခုကနေ…
ကိုရီးယားရဲ့ စစ်သင်္ဘောနဲ့ ဂျပန်ရဲ့ကာကွယ်ရေးလေယာဥ်တို့က တစ်တန်းတည်းဖြစ်နေတဲ့ပုံရိပ်ပါ။

တစ်ခုခုထူးဆန်းတာတစ်ခုဖြစ်နေတယ်ဆိုတာ စာဖတ်သူတို့သတိထားမိပါသလား?
ဒီပုံလေးမှာ သင်္ဘောရှိနေတဲ့အတွက်ဒါပင်လယ်ပဲပေါ့…
ဒီလိုပင်လယ်ပြင်ပေါ်မှာ လေယာဥ်ဘီးကိုထုတ်ထားတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား?

ဒါကတော့ Fuji TV program မှာတွေ့ခဲ့ရတဲ့ ပုံရိပ်တစ်ခုဖြစ်ပါတယ်။
Harajuku မှာလူတွေနဲ့စည်ကားနေကြောင်း ဘယ်ဘက်ကပုံနဲ့ဖော်ပြလာပါတယ်။ သို့သော် ထိုအချိန်မှာပဲ အခြားသူရိုက်ထားတဲ့ပုံကတော့.. ညာဘက်ကပုံပါ။

 


https://gamers-geo.com/news/7032/

 

Telescope နဲ့ချုံ့ ပြီးလူတွေပြည့်နေတဲ့ပုံစံကိုဖန်တီးထားခြင်းပဲဖြစ်ပါတယ်။
McDonald’s ဆိုင်ရဲ့ အကျယ်အဝန်းအားဖြင့်သိနိုင်ပါတယ်။

အတွေးအမျိုးမျိုးရှိတာကြောင့် ရည်ရွယ်ချက်ဘာလဲဆိုတဲ့အထိတော့မစဥ်းစားတော့ပါဘူး။
ဒါပေမဲ့ ရုပ်ပုံအတုတွေပဲဖြစ်နေကြောင်း ရှင်းရှင်းလင်းလင်းသိရပါတယ်။
ဘာအတွက် ဂျပန်မီဒီယာကမုသာကိုသုံးရသလဲ?
သူတို့တွေဘာကိုရည်ရွယ်ထားသလဲ?

စာဖတ်သူတို့ရော ခန့်မှန်းကြည့်လို့ရပါသလား?

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: