
 

Video မကြည့်ရသေးတဲ့သူတွေအတွက် အောက်ဖော်ပြပါလင့်ထဲမှာ ဝင်ကြည့်နိုင်ပါတယ်။

https://www.youtube.com/watch?v=lzWv1GL38FE&feature=youtu.be

 

Char siu Melonpan (ဝက်သုံးထပ်သားသခွားမွှေးပေါင်မုန့်)

ဂျပန်ဟာသီးခြားရပ်တည်တဲ့နိုင်ငံအဖြစ်နေလာခဲ့ပေမဲ့၊ ၁၈၅၉ ခုနှစ်မှာ Yokohama ကိုဖွင့်ပေးလိုက်တာနဲ့တစ်ချိန်တည်းမှာပဲ နိုင်ငံခြားသားတွေဝင်ရောက်နေထိုင်ပြီး၊ ဒီ Chinatown ဆိုတာကလည်းဖြစ်လာပါတယ်။
ဧရိယာကျဥ်းပေမဲ့၊ စားသောက်ဆိုင်ချည်းပဲ ၅၀၀ ကျော်လောက်ရှိပြီး ဂျပန့်အကြီးဆုံးနိုင်ငံခြားသားမြို့ဖြစ်လာပါတယ်။

နိုင်ငံခြားသားမြို့အဖြစ် ဂျပန်မှာနံပါတ် ၁ ဖြစ်ရုံမက၊ အရှေ့အာရှမှာလည်းအကြီးဆုံးနိုင်ငံခြားသားမြို့ဖြစ်ပြီး၊ နှစ်ပေါင်း ၁၅၀ သမိုင်းရှိတာကလည်း သူရဲ့အကြီးမားဆုံးထူးခြားချက်ပါပဲ။
အနီးအနားမှာပဲ ၂၀၀၄ ခုနှစ်ကဖွင့်လှစ်လိုက်တဲ့ Minato Mirai လိုင်းဘူတာဖြစ်တဲ့ Motomachi-Chūkagai Station ဟာ မြို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပေးပါတယ်။

အခုသွားနေတာကတော့ Saiyuki ဆိုတဲ့ဆိုင်ကိုပါ။

Chinatown ရဲ့ နာမည်ကြီးနေတဲ့ဒေသထွက်ပစ္စည်းအသစ် Char siu Melonpan ကိုသွားစားကြည့်ခဲ့ပါတယ်။

ဒါကတော့ ပြောနေကြတဲ့ Char siu Melonpan ပါ။
၁ ခုကို ယန်း ၂၀၀..

အပြင်ဘက်ကသေးပြီးချိုတဲ့ မာမာကြွပ်ကြွပ်ပေါင်မုန့် …
အထဲမှာ အရသာရှိတဲ့ဝက်သုံးထပ်သားဟင်း.. အငန်×အချို ပေါင်းစပ်မှု

Melonpan လို့ခေါ်ပေမဲ့ Melon(သခွားမွှေး)အရသာမဟုတ်ပါဘူး။
ထူးဆန်းတဲ့နာမည်ပဲနော်..

Yokohama မှာနာမည်အကြီးဆုံး Yamashita ပန်းခြံ..
၁၉၃၀ ခုနှစ်မှာစပြီးဖွင့်ခဲ့ပါတယ်။

Kanto ရဲ့အကြီးဆုံးငလျင်ကြောင့် ပြိုကျသွားတဲ့တိုက်ရဲ့အုတ်ကျိုးတွေကိုမြေမြှုပ်ပြီးပြုလုပ်ထားတဲ့ဒီပန်းခြံက ပထမဆုံးပါပဲ။
အရမ်းကျယ်ပြီး၊ အနောက်ဘက်မှာ မီးပြတိုက်နဲ့သမိုင်းဝင်ဟိုတယ်တွေလည်းရှိကာ၊ Chinatown ကနေလမ်းလျှောက်ရင် ၅ မိနစ်လောက်ပဲသွားရပါတယ်။

အဲ့ဒီမှာ ပြသထားတာကတော့ “ ဟီကာဝါမာရူ” ဆိုတဲ့သင်္ဘော..
ဒါလည်းပန်းခြံနဲ့သက်တမ်းတူပဲ ၁၉၃၀ ခုနှစ်မှာဆောက်ခဲ့တဲ့ရှေးဟောင်းသင်္ဘောဖြစ်ပါတယ်။

တန်ချိန် ၁၂၀၀၀ ရှိတဲ့ကြီးမားမှုနဲ့၊ အချိန်ကြာမြင့်စွာမြောက်ပစိဖိတ်သမုဒ္ဒရာမှာ ကုန်များစွာနဲ့ခရီးသည်တွေကိုတင်ဆောင်ခဲ့ပေမဲ့၊ လက်ရှိမှာတော့ ပြတိုက်အဖြစ်ပြသထားပါတယ်။

 

Kengo Abe

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: