ဖူဂျီတောင်ရဲ့အရိပ် တစ်ခွင်လုံးလွှမ်းမိုးနေတဲ့မြို့ကလေး (အထွတ်အမြတ်ထားရာ Mt. Fuji )

အထွတ်အမြတ်ထားရာ Mt. Fuji

ဖူဂျီတောင်ဟာ ဂျပန်လူမျိုးတို့ရဲ့နှလုံးသားထဲမှာ ထူးခြားပြီးမြတ်နိုးရတဲ့အရပ်ဌာနေတစ်ခုဖြစ်ပါတယ်။
၎င်းဟာ ဂျပန်နိုင်ငံထဲကအမြင့်ဆုံးတောင်ဖြစ်ပြီး မီးတောင်တစ်ခုလည်းဖြစ်ပါတယ်။ အမြင့်ပေ ၁၂၃၈၀ ပေ (၃၇၇၆ မီတာ) မြင့်ပြီး၊ နွေရာသီတိုင်းမှာ တောင်တက်သမား ၄ သိန်းခန့်ကိုဆွဲဆောင်ထားတဲ့ တောင်တစ်ခုဖြစ်ပါတယ်။

 

https://grapee.jp/en/

 

စိတ်ပိုင်းဆိုင်ရာအားဖြင့် ၎င်းဟာ ရှင်တိုဘာသာကိုးကွယ်ယုံကြည်သူတို့ရဲ့အထွတ်အမြတ်ထားရာနေရာတစ်ခုဖြစ်ပါတယ်။
ယဥ်ကျေးမှုပိုင်းဆိုင်ရာအားဖြင့် ဂျပန်ရဲ့အမှတ်အသားတစ်ခုဖြစ်ပြီး၊ ရုပ်ရှင်များ၊ အနုပညာပန်းချီများ၊ အမျိုးမျိုးသောကုန်ပစ္စည်းတွေမှာတွေ့ရပြီး၊ ဂျပန်အကြောင်းဘာမှမသိရင်တောင် ဖူဂျီတောင်ကိုသိမယ်ဆို နေထိုင်နိုင်မယ့်နေရာတစ်ခုဖြစ်ပါတယ်။

 

 

Fuji-san ကိုမျှော်ကြည့်နေတဲ့ Fujiyoshida မြို့..

Yamanashi စီရင်စုမှာရှိတဲ့ Fujiyoshida မြို့လေးဟာ ဖူဂျီတောင်ရဲ့ အရှေ့မြောက်အရပ်တောင်ခြေရင်းမှာတည်ရှိပါတယ်။
ဒီမြို့လေးဟာ လူဦးရေ ၅ သောင်းထက်မပိုတဲ့မြို့လေးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒီအပြင်ဒီမြို့ဟာတိတ်ဆိတ်ပြီး နေလို့ကောင်းတဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်။

 

 

Fuji-Q Highland ဆိုတဲ့ကစားကွင်းကိုလာရောက်လည်ပတ်သူတွေနဲ့၊ အံ့သြဖွယ်လှပတဲ့ရှုခင်းတွေကို လာရောက်ကြည့်သူတို့ကြောင့် တစ်နှစ်ပတ်လုံး ခရီးသွားမပြတ်တဲ့မြို့လေးဖြစ်ပါတယ်။
ဒီမြို့မှာရှိတဲ့ Arakurayama Sengen ဥယျာဥ်ထဲက Chureito ဘုရားကျောင်းဟာ တောင်ကုန်းပေါ်မှာတည်ထားတဲ့ဘုရားကျောင်းလည်းဖြစ်ကာ ဆာကူရာတို့ပွင့်ချိန်မှာ အလှချင်းပြိုင်နေလောက်အောင် ခရီးသွားတွေကိုဆွဲဆောင်ထားတဲ့ဘုရားကျောင်းဖြစ်ပါတယ်။

 

 

ကန့်လန့်ဖြတ်နေတဲ့ဓါတ်ကြိုးများနဲ့လမ်းကို Fujiyoshida ရဲ့မြို့လယ်ခေါင်မှာတွေ့နိုင်ပြီး သင့်ရဲ့မျက်လုံးတစ်စုံကို ဟိုးအမြင့်ပေါ်ဆွဲခေါ်သွားမယ့် ဖူဂျီတောင်ဟာလည်းခန့်ခန့်ကြီး စောင့်ကြိုလို့နေပါတယ်။
ဖူဂျီတောင်ဟာအလွန်ကြီးမားပြီး Fujiyoshida မြို့လေးကို မိဘသဖွယ်အနောက်ကနေမားမားမတ်မတ်ရပ်တည်ပေးနေတယ်လို့ ခံစားရပါတယ်။

Mt. Fuji ရဲ့ဓါတ်ပုံတွေကိုတော့ ယေဘုယျအာဖြင့်အဝေးကနေရိုက်ကူးကြပါတယ်။ လူတွေဟာထိုဓါတ်ပုံတွေကိုကြည့်ပြီး ဖူဂျီတောင်ကိုပုံဖော်ကြပါတယ်။ ဒါပေမဲ့ Fujiyoshida မြို့သူမြို့သားတွေအတွက်ကတော့ Mt. Fuji ဟာ တကယ်ကိုကြီးမားပြီး၊ မြို့အတွက်အထွက်အမြတ်ထားရာနေရာတစ်ခုပဲဖြစ်ပါတယ်။
စာဖတ်သူတို့လည်း Fujiyoshida မြို့လေးကိုရောက်ဖြစ်ခဲ့ရင် Mt. Fuji ကြီးကိုတိုင်တည်ပြီး ချစ်သူလေးနဲ့အတူသစ္စာဆိုခဲ့ကြပါအုံးနော်…

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: