နှစ်သစ်ကူးရုံးပိတ်ရက်အတွင်း သွားလည်ပတ်နိုင်မယ့် ဝါးမီးလုံးလေးတွေနဲ့ Kurokawa Onsen

ဂျပန်နိုင်ငံဟာ ရေပူစမ်းအပန်းဖြေနေရာတွေများစွာရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ သ‌ဘာဝမီးတောင်စိမ့်စမ်းရေမှကျလာတဲ့ ရေပူစမ်းတွေမှာ ကိုယ်ကိုနှစ်မြှုပ်လိုက်တာနဲ့ ခန္ဓာနဲ့စိတ်ကိုပြန်လည်နုပျိုစေနိုင်တဲ့ စွမ်းဆောင်မှုရှိပါတယ်။ ဂျပန်နိုင်ငံရဲ့ ရိုးရာမပျက်အလှဆုံးရေပူစမ်းကိုပြပါဆိုရင်တော့ Kumamoto စီရင်စုမှာရှိတဲ့ Kurokawa Onsen ကို ညွှန်းရပါလိမ့်မယ်။

https://www.timeout.com/tokyo/news/

ထိုနေရာကတော့ ၎င်းရဲ့နှစ်ပတ်လည်ဆောင်းရာသီ Yuakari illumination ကြောင့်ကျော်ကြားပြီး၊ ဒီဝါးမီးလုံးလေးတွေနဲ့အလှဆင်ထားတဲ့ illumination ကို ကျန်ခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ကစတင်ဖွင့်လှစ်လိုက်ပြီ လာမယ့်နှစ် ၂၀၂၁ ခုနှစ် မေလ ၃၀ ရက်နေ့အထိဖွင့်လှစ်ထားမှာပဲဖြစ်ပါတယ်။

ဒေသခံတွေဟာ ဝါးခြင်းလုံးခန့်မှန်းချေ ၅၀၀ ခန့်ပြုလုပ်ထားသော ဝါးမီးလုံးလေးတွေနဲ့ ပွဲအတွက်ပြင်ဆင်ထားခဲ့ကြပါတယ်။
ဒီမှာအသုံးပြုထားတဲ့ဝါးခြင်းလုံးတွေကို ပွဲပြီးတဲ့အခါမီးသွေးနဲ့ဓါတ်မြေသြဇာအဖြစ် ပြန်လုပ်ကြမှာပါ။

 

https://www.timeout.com/tokyo/news/

 

ဒီပွဲကိုသွားမယ်ဆိုရင်တော့ အခမဲ့ပါ။
ဒီအပြင်သင်ဟာ တစ်မြို့လုံးမီးတွေနဲ့အလှဆင်ထားတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။
ဒီရေပူစမ်းကတော့ အချို့သော wallpaper တွေမှာတွေ့ဖူး၊ မြင်ဖူး၊ ရင်နှီးနေသလိုတောင်ရှိပါတယ်။
ဒါပေမဲ့ အခုချိန်မှာတော့ Yuakari illumination ကိုကိုယ်တိုင်ကိုယ်ကျပါဝင်ဆင်နွှဲနိုင်မယ် အချိန်ကောင်းတစ်ခုပဲဖြစ်ပါတယ်။

 

မကြာခင်ပိတ်မယ့်နှစ်သစ်ကူးရုံပိတ်ရက်တွေမှာ ဒီအခွင့်အရေးကိုကောင်းကောင်းအသုံးချပြီး Kurokawa Onsen ကိုသွားကြည့်ဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။

(Kurokawa Onsen နဲ့ပတ်သက်ပြီး ပိုပြီးသိရှိဖို့ official website)
https://www.kurokawaonsen.or.jp/

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: